Saturday, September 4, 2010

မတ်လရဲ့ မနက်ခင်းတစ်ခင်း

   မနေ့ က အိပ်ချင်မူးတူးနဲ့ မနည်းကုန်းရုန်းထပြီး ကျောင်းသွားဖို့ ဓါတ်လှေကားလာတာကို စောင့်ရင်းနဲ့ 

မထင်မှတ်ဘဲ ဓါတ်လှေကားပေါ် လက်သွားတင်လိုက်မိတယ်။ '' Storey 9 '' ဆိုတဲ့ အသံကြားမှ သတိရပြီး

လက်ကို အမြန်ဖယ်လိုက်လို့ သာပေါ့၊ မဟုတ်ရင် ဟိုတစ်ခေါက်ကလို ဖြစ်မှာလို့ တွေးရင်း ဟန်နာ အသက်

၁၄ နှစ်လောက်တုန်းက အဖြစ်တစ်ခုကို သွားသတိရလိုက်တယ်။

    ညတုန်းက တော်တော်နဲ့ အိပ်မပျော်ဘဲ အတွေးနယ်ချဲ့ နေတာနဲ့ မနက်ကျတော့ နှိုးစက်သံ ကြားတာ

တောင် မနိုးဘဲ အမေ လာနှိုးမှ မျက်လုံး နှစ်လုံးပွင့်ပြီး မထချင်ထချင်နဲ့ ထလာတာ။ ရေချိုး၊ မနက်စာ

ကော် ဖီ တစ်ခွက်ကို မနည်းဖျစ်ညှုစ်သောက်ရင်း ဓါတ်လှေကား ရှေ့ ရောက်တော့ ခလုတ်လေးနှိပ်ပြီး

မျက် လုံး နှစ်လုံးကို ပိတ်လိုက်သေးတယ်။ ပိတ်ပြီးပြီးချင်း ကိုယ်ကပါ အရှေ့ ကိုနည်းနည်းကိုင်းသွားပြီး ဓါတ်

လှေကားတံခါးကို လက်ထောက်မိရက်သားဖြစ်သွားတယ်။ ငိုက်နေတုန်း ဓါတ်လှေကား ရောက်လာတာ

သိနေတယ်။ အဲ့ဒါကို လူက ဘယ်လိုဘယ်လိုဖြစ်တယ် မသိ၊ မျက်လုံးမှေးမှေးလေး ဖွင့်ရုံဖွင့်ပြီး လူက တစ်

ဖ၀ါးမှမရွေ့ သေးဘူး။ ငိုက်ကောင်းနေတာ။ တံခါးပွင့်လာပြီး လက်က တံခါးနောက်တစ်ဖြည်းဖြည်း ပါသွား

တာတောင် အသိမ၀င်သေးတာ။ ကိုယ့်လက် တံခါး နောက်ပါရင်း ညပ်သွားပြီး နာသွားမှ ဖျက်ကနဲ မျက်လုံး

နှစ်လုံးအပြူးသား ပွင့်လာပါတော့တယ်။ ဒီလောက်မှ မဖွင့်ရင်တော့လည်းနော်.. :P ။ အဲ့တော့မှ တံခါးကြား

ထဲညပ်နေတဲ့ လက်ကိုမြင်ပြီး ငယ်သံပါအောင် အော်တော့တာပေါ့။ ကံကောင်းတာက ဟန်နာတို့ block က

တစ်ထပ်မှာ မျက်နှာချင်းဆိုင် နှစ်လုံးပဲရှိပြီး ရှေ့ မှာက lift ဆိုတော့ ဟန်နာ့အော်သံကို ဘုရားရှိခိုးနေတဲ့

အမေ ကြားသွားပါတယ်။ တံခါးဖွင့်ပြီး ဟန်နာ့အဖြစ်ကိုတွေ့ တော့ အဖေ့ကိုခေါ်၊ အဖေထွက်လာတော့

မျက်လုံးပြူးမျက်ဆံပြူး နဲ့ တံခါးကြား မှာညပ်နေတဲ့ ဟန်နာ့လက်ကို ဆွဲထုတ်တာ အဖေ ချွေးတောင်

ထွက်ပါတယ်။ ဖခင်မေတ္တာဆိုတာ ဒါပဲနေမှာ။ ဆူညံသံတွေကြောင့် အကိုလည်းထွက်လာပြီး ကူဆွဲပေးပါ

တယ်။ ဟန်နာလည်း ကိုယ့်လက်လေး ပြတ်သွားမှာကြောက်လို့ အသားကုန် အော်ငိုတော့တာပေါ့။ အမေက

ဘုရားစာတွေ ရွတ်နေတယ်။ အကိုက လက်ကို ဇက်ကနဲ ထုတ်လိုက်ဖို့ ပြောတယ်၊ ဟန်နာက လက်ဖျား

တွေ ပြတ်ကျန်ခဲ့မှာစိုးလို့ မလုပ်ရဲဘူး။ အဲ့ဒါနဲ့ ပဲမနက် ၇ နာရီက အရုပ်ဆိုး အကျည်းတန်သွားတာပေါ့။

ခဏနေတော့ ကျောင်းသွားဖို့ ထွက်လာတဲ့ အိမ်ရှေ့ အိမ်က Sec 4 အမကြီးထွက်လာတယ်။ သူကလည်း

နောက်ကျနေပုံပေါ်တယ်။ ဟန်နာတို့ ကိုမြင်တော့ သူ့ အဖေကို ''Papa, papa'' ဆိုပြီး လှမ်းခေါ်တော့

သူ့ အဖေနဲ့ ဦးလေး အိမ်ထဲက ထွက်လာကြတယ်။ ဟန်နာကတော့ မျက်ရည်တွေရွှဲလို့ ။ အဲ့အမရဲ့အဖေက

bell ခလုပ်ကို အဆက်မပြတ်နှိပ်တယ်။ ဒါပေမယ့် အဲ့ဒါက အထဲက ပြဿနာကို အပြင်ကသိအောင် လုပ်ရုံ။

ဒီတော့ခုကိစ္စကို ဘယ်လိုဖြေရှင်းနိုင်မလဲနော်။ အမှန်ဟန်နာတို့ က လက်ကိုဆွဲထုတ်ပြီး လှေခါးတံခါးကိုပါ

အပြင် ဆွဲထုတ်နေကြတော့ လှေကားနဲ့ လက်နဲ့ တစ်ပြီး တံခါးလည်း ထွက်မလာနိုင် လက်လည်း မထွက်နိုင်

ဖြစ်နေ တာပေါ့။ အဲ့ဒါကို အဲ့အမ ဦးလေးက သဘောပေါက်ပြီး ဓါတ်လှေကားတံခါးကို အထဲ ပြန်တွန်း

ဖို့ ပြောတယ်။ အဲ့တော့မှ နည်းနည်းသက်သာပြီး လက်သန်း အပြင်ထွက်လာတယ်။ ပြီးတော့ လက်မ၊

နောက်ဆုံး လက်၁ခုလုံးထွက်လာမှ ဟန်နာ မြေကြီးပေါ် ထိုင်ချပြီး ကြောက်လို့ ငိုနေပါတော့တယ်။

အဲ့အမလည်း ကျောင်းကို အမြန်ထွက်သွားတယ်။ အဖေလည်း သူတို့ တွေကို ကျေးဇူးတင်စကားပြော၊

ဟန်နာ့ လက်အခြေအနေ ကိုကြည့်တော့ ခုနကပဲ သွေးချေဥလို့ ညိုမည်းပြီး ပိန်နေတာ၊ ခုနည်းနည်း

ဖျော့ကျသွားတော့ ညနေမှ အခြေအနေကြည့်ပြီး မသက်သာရင် ဆေးခန်းသွားမယ်ဆိုပြီး အလုပ်ကို

ထွက်သွားတယ်။ အဲ့နေ့ ကတစ်နေ့ လုံး အိပ်ရာထဲမှာငိုနေတာ..မတော်လို့ ဟန်နာ့လက် တစ်ခုခုဖြစ်ပြီး

ဖြတ်ရ တောက်ရမယ်ဆို လက်တုံးတိလေးနဲ့ လို့ အတွေးတွေ ခေါင်ပြီး ကြောက်နေတာလေ။ ၁ရက်ကျောင်း

မသွားဘဲ ၄ ရက်လောက်နေတော့ အတော် လေး  သက်သာသွားပါတယ်။ အဲ့နေ့ ကစပြီး ခုချိန်ထိ

ဓါတ်လှေကား တံခါးပေါ် လက်တင်ဖို့ နေနေသာသာ အနားကိုတောင် ကပ်မသွားရဲတော့ပါဘူး။ တစ်ခါသေ

ဖူးရင် ပျဉ်ဖိုးနားလည်ပြီ၊ နောက်တစ်ခါ ထပ်မသေချင် တော့ပါဘူးလေ။ :P

  အားလုံးလည်း ဓါတ်လှေကားစီးရင် ဟန်နာ့လိုမဖြစ်အောင် သတိထားကြနော်... :)


ခင်မင်လေးစားစွာဖြင့်

4 comments:

ပန်းနုနှင်းဆီ said...

အတွေ့အကြုံလေးလာဖတ်ပါတယ် ဟန်နာရေ
အစ်မကတော့ ဓာတ်လှေခါးအဆင်း တံခါးဖွင့်ပိတ်လုပ်တဲ့ ဟကြောင်းလေးမှာ ဒေါက်ဖိနပ်ချွန်လေး ညှပ်သွားလို့ အရှက်ကွဲဖူးတယ်..
ဘယ်သူ့မှမပြောဘူး ရှက်လို့
ခုဟန်နာ့ကိုပြောခဲ့မယ်..း)

ပန်းနုနှင်းဆီ said...

အတွေ့အကြုံလေးလာဖတ်ပါတယ် ဟန်နာရေ
အစ်မကတော့ ဓာတ်လှေခါးအဆင်း တံခါးဖွင့်ပိတ်လုပ်တဲ့ ဟကြောင်းလေးမှာ ဒေါက်ဖိနပ်ချွန်လေး ညှပ်သွားလို့ အရှက်ကွဲဖူးတယ်..
ဘယ်သူ့မှမပြောဘူး ရှက်လို့
ခုဟန်နာ့ကိုပြောခဲ့မယ်..း)

blackcoffee said...

သတိပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

မြသွေးနီ said...

ဘာမှမဟုတ်တာကိုရေးထားလိုက်တာ။
ဖတ်လို့ကောင်း၏။
ရွေ့လျှားလှေကားမှာ ညပ်မလိုတော့ဖြစ်ဘူး၏။
သတိ..သတိ..သတိ။