Friday, September 17, 2010

သူငယ်ချင်းဆိုတာ...


      လူရယ်လို့ ဖြစ်လာရင် ဘယ်သူမှ တစ်ယောက်တည်း နေလို့ မရပါဘူး။ ကိုယ့်ဘက်မှာ မားမားမတ်မတ်

ရပ်တည်ပေးပြီး လိုအပ်ချိန်တိုင်းမှာ ဖေးမကူညီနှစ်သိ့မ်အားပေးမယ့် တစ်စုံတစ်ယောက်တော့ လိုတာပဲ။ အဲ့

 တစ်စုံတစ်ယောက်က ဘယ်သူတွေလဲဆို မိသားစု၊ ညီအကိုမောင်နှမ၊ ဆွေမျိုးအသိုင်းအ၀ိုင်း နဲ့ သူငယ်

ချင်းတွေပဲပေါ့။ သူငယ်ချင်းဆိုလို့ ဘ၀မှာ သူငယ်ချင်းတစ်ယောက်ရဲ့ အရေးပါမှုကို ပြောပြချင်တယ်။ ပတ် 

ဝန်းကျင်မှာ သူငယ်ချင်း အပေါင်းအသင်းမရှိဘဲ တစ်ယောက်တည်း နေကြတဲ့ သူတွေကို တွေ့ ဖူးမှာပေါ့။

သူတို့ ကိုယ်တိုင်က သူတို့ ဘ၀မှာ ဘာသူငယ်ချင်း မှမလိုအပ်ဘူးလို့ ကြွေးကြော်ထားကြပေမယ့် အဲ့ဒါဟာ

သူတို့ စိတ်ကို သူတို့ ညာနေတာပါ။ သူတို့ ဘယ်လောက်ပဲ စိတ်တင်းထားပါစေ၊ သူငယ်ချင်း မရှိတဲ့ သူတို့ 

ဘ၀မှာ အထီးကျန်တာကိုတော့ တစ်ခါတစ်လေ ခံစားရမှာပဲ။ ဘေးကလူတွေ သူငယ်ချင်းတွေနဲ့ ရယ်မော

ပျော်ရွှင်နေကြရင် သူလည်းပဲ မသိမသာ အားကျမှာပဲ ( ကိုယ်တွေ့ ပါ :)  သူတို့ လိုလူမျိုးတွေကို ပိုလို့ 

တောင် နွေးနွေးထွေးထွေး ဆက်ဆံရဦးမယ်။ အဲ့လိုလူမျိုးနဲ့ ကြုံခဲ့ရတဲ့ ဟန်နာ့အဖြစ်လေး ပြောပြချင်ပါတယ်

။ မနှစ်တုန်းက ဟန်နာတို့ အတန်းထဲကို ကျောင်းသူ အသစ် မြန်မာမလေး တစ်ယောက် ယောက်လာပါ

တယ်။ သူက အရမ်းအေးတယ်၊ စကားနည်းတယ်။ စကားပြောရင်လည်း တိုးလွန်းလို့ ၃၊၄ ခါလောက် ပြန်

မေး မှ ကြားရတယ်။ သူက သဘောကောင်းပေမယ့် အတန်းထဲက လူတွေနဲ့ သိပ်ပြီး အခေါ်အပြော မလုပ်

ဘူး။ အင်္ဂလိပ်စကား မပြောတတ်လို့ လားဆိုတော့လည်း မဟုတ်ပြန်ဘူး။ ထမင်းစားချိန်မှာ သူတစ်ယောက်

တည်းစားနေရင် သွားထိုင်၊ စကားပြော တဲ့လူတွေရှိပါတယ်။ ခတ်တာက သူက စကား အလွန်နည်းတာပဲ ။

အဲ့တော့ သူ့ ပုံစံနဲ့ ဒီက စလုံးမလေးတွေနဲ့ မကိုက်ဘူးပေါ့လေ။ ဟန်နာလည်း မြန်မာလို ဟိုမေးဒီမေး မေးပြီး

စကားစဖူးတယ်။ မေးလိုက်ရင်သူက Yes or No ပဲ ဖြေ( ဒါမှမဟုတ်) မေးတဲ့မေးခွန်းပဲ ဖြေပြီး စားစရာရှိ

တာ ဆက်စားနေတော့တာပဲ။ အဲ့လို ဆိုတော့ အရမ်းအေးလှပါတယ်ဆိုတဲ့ ဟန်နာကိုယ်တိုင်တောင် လက်

လျှော့ရပြီပေါ့။ အဲ့လိုနဲ့ ပဲ နှစ်တစ်ဝက် ကျိုးတာတောင် သူ့ မှာ သူငယ်ချင်း တစ်ယောက်တစ်လေ မရှိပါဘူး။

တစ်ချို့ တွေက သူ့ ကို facebook မှာမေးကြတယ်။ ဘာလို့ သူငယ်ချင်းတစ်ယောက် မှမရှိတာ လဲပေါ့။ သူ

ပြန်ပြောတာက '' I don't want'' တဲ့။ ကြာတော့ လူတွေလည်း သူ့ ကို မာနကြီး တယ် ထင်လာပြီး လျစ်

လျူရှုလိုက်ကြတယ်လေ။ တစ်နေ့ ကျောင်းကို ကိစ္စ တစ်ခုနဲ့ မိဘတွေ လိုက်လာ ကြရင်း ဟန်နာ့အဖေနဲ့ 

သူ့ အဖေ ရင်းနှီးသွားကြတယ်။ အပြန်လမ်းမှာ ဘတ်စ် ကားမှတ်တိုင်ထိ လျှောက်ပြီး စကားပြောနေရင်း

သူ့ အဖေက '' အေးဗျာ.. ကျွန်တော့ သမီးကတော့ ကျောင်းမှာ သူငယ်ချင်း ၃၊၄ ယောက်ရှိတယ်ပြောတာ

ပဲ။ သူ့ အတွက် မပူတော့ပါဘူးဗျာ '' လို့ ပြောလိုက်လို့  အံ့သြပြီး သူ့ ကို သနားသွားမိတယ်။ တကယ်တော့

သူလည်း အပြင်ပန်းကသာ ဘာမှ မဖြစ်ယောင်ဆောင်နေတာ၊ တကယ်တော့ သူလည်း အပေါင်းအသင်း

တွေနဲ့ နေချင်ရှာတာပဲ ဆိုပြီး မလုံမလဲကြည့်နေတဲ့ သူ့ ကို ပြုံးပြလိုက်မိတယ်။ တကယ်တော့ သူငယ်ချင်း

အပေါင်းအသင်းဆိုတာ မရှိမကောင်း ရှိမကောင်း မဟုတ်၊ ရှိကိုရှိသ့င်တဲ့ အရာပါ။ သူငယ်ချင်းတွေ ရှိတဲ့

အတွက် အနည်းဆုံး ကျောင်းတက်၊ အလုပ်သွားရတာ ပျော်မယ်။ ကိုယ့်ဘက်မှာ ရပ်တည်ပေးမယ့်လူရှိတဲ့

အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ရှိလာမယ်။ သူလဲရင် ကိုယ်က ထူပေးရသလို ကိုယ်လဲရင် သူက

လည်း ကြင်နာစွာနဲ့ ထူပေးလိမ့်မယ်။  သူငယ်ချင်းကောင်းတွေဟာ ဒီထက်မကတောင် စွမ်းဆောင်နိုင်ပါ

သေးတယ်။ အရှုံးနဲ့ ကြုံ တွေ့ လာရရင် င့ါမှာ မိသားစု၊ ညီအကို မောင်နှမ နဲ့ ဆွေမျိုးတွေ အပြင် ငါသိပ်ချစ်

တဲ့ သူငယ်ချင်းတွေပါ ရှိသေးတယ်ဆိုတာ သိရရင် အားတွေ တက်လာလိမ့်မယ်။  အဲ့ဒါကြောင့် တစ်ချို့ တွေ

က ပြောကြတယ်။ '' Life Will Be Meaningless If There Is No Friendship'' တဲ့လေ။ ဟန်နာကိုယ်တိုင်

လည်း ဟိုအရင် ကရှိခဲ့ဖူးတဲ့ သူငယ်ချင်းတွေရော၊ လက်ရှိရှိနေတဲ့ သူငယ်ချင်းတွေရော ၊ နောက်ရှိလာမယ့်

သူငယ်ချင်းတွေ အားလုံးကို တန်ဖိုးထားပြီး ဆက်ဆံပါတယ်။ သူတို့ ဟာ ဟန်နာ့ ဘ၀ရဲ့ တစ်စိတ်တစ်ဒေသ

ကနေ ပါဝင်နေလို့ လေ။ သူငယ်ချင်း ဆိုရာမှာ အပြင်က သူငယ်ချင်းတွေသာမက အွန်လိုင်းပေါ် ကနေတစ်

ဆင့် ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းတွေကို ပါ ဟန်နာ့ရဲ့ အဖိုးတန် သူငယ်ချင်းစာရင်းမှာ အလိုလို ထည့်သွင်းပြီး

သားပါ။ အဲ့ဒါကြောင့် သူငယ်ချင်းဆိုတဲ့ အရာကို မရေးတတ်ရေးတတ်နဲ့ အတိုချုံးပြီး ရေးလိုက်ပါတယ်။

ကမ္ဘာပေါ်မှာ ရှိကြတဲ့ သူငယ်ချင်းများ အားလုံး ခင်မင်မှုတွေ စထက်တပိုး တိုး လို့ ပျော်ရွှင်နိုင်ကြပါစေရှင်..

                                 ♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

P.S . စိတ်ထဲမှာ ရှိတဲ့ အတိုင်း ရေးထားတာ ဖြ စ်လို့ ဖတ်ရတာ မကောင်းရင် သည်းခံခွင့်လွှတ်ပေးကြပါ။

 ဒီ post လေးရေးဖြစ်သွားရတာ အဓိက အကြောင်းပြချက်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်၊ခင်ဘုဏ်း နဲ ရွှေထိုက်

 တို့ ရဲ့ '' သူငယ်ချင်းများစွာ'' သီချင်းကို အောက်မှာ နားဆင်ကြည့် နိုင်ပါတယ်ရှင်...။


ခင်မင်လေးစားစွာဖြင့်

2 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ညီမက အသက် ၁၆နှစ်ဆိုပေမဲ့ အရွယ်နဲ့မလိုက်အောင် စာရေးအားကောင်းတယ်.. အတွေးလေးတွေလဲ ကောင်းတယ်.. အားပေးပါတယ်.. ခုထက်ပိုပြီး အများကြီးရေးနိုင်ပါစေ ညီမလေးရေ။ ကောင်းမွန်သေသပ်တဲ့ဘလော့လေးကို အလည်လာသွားပါတယ်နော်။

ဟန်နာ said...

ဟုတ်ကဲ့ပါ..အမရေ..ညီမလည်း စာတွေဒီထက်ပိုရေးနိုင်အောင် ကြိုးစားနေပါတယ်..အမ စကားကြရတာ အားရှိသွားပြီ.. (အမှန်တကယ်တော့ ချီးမွမ်းတာ တွေ့ ရလို့ မြောက် တက်သွားတာ :P )