အားပြန်တော့လည်း ရေးစရာမရှိ ရေးချင်စိတ်မရှိတာ က တစ်ကြောင်းနဲ့  blog ထဲ ဘာ post မှ
မရေးဖြစ်ခဲပါဘူး ။ ခုတော့ ကိုယ့်အိမ်အသစ်လေးကို post မရှိဘဲ ဒီထပ်ကြာကြာ မထားနိုင်တော့
လို့ တင်လိုက်ပါပြီ။ ပေါက်ကရစာလေးတွေကို သည်းခံပြီး ဖတ်ပေးကြပါဦးနော်...။:D
ဟန်နာဆိုတဲ့ နာမည် ဖြစ်ပေါ်လာပုံလေးကို ပြောပြပ့ါမယ်..ဒီနာမည်က အိမ်နာမည်လည်း မဟုတ်သလို
မိသားစုကလွဲပြိး ဘယ်သူမှ မသိကြပါဘူး ။ဟန်နာ့ နာမည် အရင်းက သီရိသူပါ ။ ဒီဟန်နာဆိုတဲ့
နာမည်ဖြစ်ပေါ်လာတာကတော့ ကိုရီးယားလိုလို ဂျပန်လိုလို ကားကြောင့်ပေါ့လေ ။ :P ..လွန်ခဲ့တဲ့ ၂နှစ်
ဟန်နာတို့ ရန်ကုန်ပြန်တုန်းက ကိုရီးယားကား ကြိုက်တတ်တဲ့ ဟန်နာတို့ သားအမိအတွက် အဒေါ်တွေက
သိတတ်စွာ ကိုရီးယားကားတွေ ၀ယ်ပေးထားလေရဲ့ ။ အဲ့ဒီ့ထဲမှာ Tree Of Heaven ဆိုတဲ့ ကိုရီးယား ဂျပန်
တွဲရိုက်တဲ့ ကားလေးလည်းပါလာတယ် ။ အဲ့ကားမှာ ကိုရီးယား မင်းသမီးက ဂျပန်မလေးအဖြစ်
သရုပ်ဆောင်တာလေ..သူ့ နာမည်က ဟီရိုစီဟန်နာ တဲ့..ဟဲဟဲ ။ အဲ့ကားလေးက အရမ်း
လည်းကောင်းတယ် အရမ်းလည်း ငိုရတယ် ။ ဟန်နာတို့ ဆို မျက်ရည် တစ်စမ်းစမ်းနဲ့ ကြည့်တာ ။
နောက်ပြီး အဲ့ကားကြည့်ရင် အိမ်ကလူတွေကို အမြဲစလေ့ရှိတယ် ။ '' ဟယ်..ကြည့်စမ်း၊
ဟန်နာရယ်ပုံလေးက ငါနဲ့ တူလိုက်တာ " လို့ ။ ကြာတော့ သူတို့ လည်း အမြင်ကတ်လာ ပုံပေါ်တယ်..မောင်
အငယ်ဆုံးကနေစပြီး '' မမဟန်နာရေ..ဝေးးးးမမဟန်နာ '' ဆိုပြီး နောက်ခေါ်တယ်လေ။
ရန်ကုန်မှာနေနေတဲ့ တစ်လလုံး အိမ်က နောက်ပြီး ခေါ်ခေါ်နေတာ...ခုထိလည်း သတိရရင်
ခေါ်နေတုန်းပဲ...အစကတော့ နာမည်ကြီး က တစ်မျိုးကြီးပဲလို့ ၊ နောက်တော့ တစ်ဖြည်းဖြည်း
ကြိုက်လာတယ် ။း)
ဒါကတော့ ဟန်နာ မျက်ရည်တစ်စမ်းစမ်းနဲ့ ကြည့်ခဲ့တဲ့ Tree Of Heaven ကားလေးလေ....
ခုဒီ blog လေး လုပ်ဖြစ်တော့ နာမည်ပေးဖို့ ကို နာမည်အရင်းလည်း မပေးချင်ဘူးလေ ။ ဟန်နာက
အမြဲတမ်း တစ်ခုခုဆို နစ်နိမ်းလေးပဲ ပေးချင်တာ ။ ခေါင်းခြောက်အောင် စဉ်းစားနေတုန်း ဒီ နာမည်လေး
သွားသတိရတယ် ။ အတော်ပဲဆိုပြီး ဟန်နာလို့ ရေးချလိုက်တာပေါ့ ။
သူငယ်ချင်း တို့ အမြင်မှာတော့ နာမည်က တစ်မျိုးကြီးဖြစ်နေမှာပေါ့....။ဟုတ်တယ်ဟုတ်...:D
ဒီလောက်ဆို post အသစ် တင်လိုက်ရလို့ နေသာ ထိုင်သာရှိသွားပြီ ။
7 comments:
ပို့စ် အသစ်နဲ့ဘလော့သစ်လေးဆီ လာလည်သွားပါတယ်... နောက်ထပ်ပို့စ်တွေမျှော်မယ်နော်...
မဇွန်ဘလော့ကို လာလည်သွားတဲ့အတွက် ကျေးဇူးတင်ပါတယ် ညီမလေးဟန်နာ။း)
ပျော်ရွှင်သော တနင်္ဂနွေ ဖြစ်ပါစေ။
Rose Of Sharon= မမရေ..လာလည်သွား
လို့ ကျေးဇူးပါ..ဟုတ် ပိုစ့်အသစ်လေးလည်း တင်လိုက်ပြီနော်.မမ
ဇွန်မိုးစက်= ..ပြန်လာလည်သွားတာ လည်း ကျေးဇူးပါ..မဇွန်ရေ
း))))
အော် ဒီလိုလေးဖြစ်လာတာလား ကောင်းပါ့
ဘာဖြစ်ဖြစ်ပါ နာမည်လေးက လှတယ်ညီမလေးရေးးးး
အားပေးနေမယ်နော်
သာယာချမ်းမြေ့ပါစေနော်
မိုး
ညီမလေးနာမည်လှတယ်၊ လူလည်းလှမှာပေါ့ ကိုးရီးယားမင်းသမီးနဲ့တူတယ်ဆိုတော့...။း))
ချစ်စရာ နာမည်လေးနဲ့ ပါ....စာတွေ ရေးနော် အားပေးမယ်..း)
မနမ်းရေ...ဟန်နာက ကိုရီးယားမင်းသမီး
နဲ့မတူပါဘူးရှင်..အိမ်ကလူတွေကို စတာပါ..ဟီးး)))
လာအားပေးသွားတာကျေးဇူးပါ...မမကောင်းကင်ပြာရေ..ရေးပါ့မယ်...အများကြီးကို ရေးဦးမှာ..း))))
Post a Comment