Showing posts with label New Year. Show all posts
Showing posts with label New Year. Show all posts

Saturday, January 1, 2011

Happy New Year 2011

   ဘာလိုလိုနဲ့ နှစ်တစ်နှစ်တောင် ကုန်သွားပြန်ပြီ။ တခြား သူတွေတော့ မသိဘူး၊ ဟန်နာတော့ စင်္ကာပူမှာ

နေတာ အချိန်ကုန်အရမ်းမြန်သလိုပဲ။ အဟုတ်။ ရန်ကုန်မှာဆို နှစ်တစ်နှစ်ကို အကြာကြီး လိုပဲ။ ဒီရောက်

တော့ ဘာမှလည်းမဟုတ်ဘူး။ မနက်စောစောထ ကျောင်းသွားလိုက်၊ ကျောင်းက ပြန်လာလိုက်၊

စာတွေကျက်လိုက်၊ တစ်နေ့ တစ် နေ့ ကွန်ပျူတာရှေ့ မှာ အချိန်တွေကုန်သွားလိုက်၊ ပျော်လိုက်၊ ၀မ်းနည်း

လိုက်၊ ရယ်လိုက်၊ ငိုလိုက်နဲ့ ၂၀၁၀ ကြီးပြီးသွားပြီဆိုတာ ယုံတောင်မယုံချင်ဘူး။ မနေ့ ကတော့ ဟန်နာ

တို့ မိသားစု Marina Bay ဘက် မှာအေးဆေး ထိုင်မယ်ဆိုပြီးသွားတာ၊ ဟိုရောက်တော့ ထိုင်ဖို့ မပြောနဲ့ ၊

လမ်းလျှောက် တာတောင် ပုရွက်ဆိတ် ခြေလှမ်းလှမ်းနေရတယ်။လူတွေဆိုတာ အများကြီးပဲ။ တိုးလို့ ကို

မပေါက်နိုင်ဘူး။ တချို့ ဆို အခင်းတွေ၊ စားစရာ သောက်စရာတွေနဲ့ အေးအေးဆေးဆေး 

 ပျော်ပွဲစားထွက်သလို လုပ်နေကြတာ။ countdown လုပ်ဖို့ စောင့်နေကြ တာ နေမှာပေါ့။ သူတို့ မို့ အဲ့လို

နေနိုင်တယ်။ ဟန်နာဆိုမရဘူး။ လူတွေက အများကြီးနဲ့ နေရတာ စိတ်ရှုပ်ဖို့ ကောင်းတယ်။ သူတို့ 

countdown လုပ်ရင်တော့ ကိုယ်လည်းဝင်ပါချင်သား :P ပျော်ဖို့ ကောင်းမှာ။ ဒါပေမယ့် အဲ့ဒါအော်ဖို့ ၁၂

နာရီထိ အဲဒီ့မှာ ဟိုရောင်ရောင်ဒီရောင်ရောင် မနေချင်တာနဲ့ ပဲ လမ်းနည်းနည်းပါးပါးလျှောက်၊ ဓါတ်ပုံ

နည်းနည်း ပါးပါးရိုက်ပြီး ပြန်လာခဲ့တယ်။ အိမ်ရောက်တော့ တခြားသူတွေက အရမ်းပင်ပန်းလို့ အိပ်ကုန်ပြီ။

ဟန်နာလည်း အိပ်တော့မလို့ ပဲ။ အိပ်ရာထဲရောက်မှ ဟိုလှိမ့်ဒီလှိမ့် နဲ့ အိပ်မပျော်လို့ ရန်ကုန်မှာ မပြတ်နိုင်ပဲ

ဒီထိ ပါလာတဲ့ ကိုရီးယားကားကို ကြည့်လိုက်တယ်။ ကြည့်နေရင်း ၂၀၁၁ ကိုကူးသွားတာတောင် မသိလိုက်

ဘူး။ Happy New Year ဆိုပြီး အော်သံတွေတော့ ကြားသား။ ၁၂ နာရီထိုးပြီလားဆိုပြီး နာရီလည်းပြန်လှည့်

ကြည့်မနေတော့ဘူး၊ ဟီးးး။ ကိုရီးယားကားထဲ မျောနေတာလေ။ သူများတွေက တက်တက်ကြွကြွ

နဲ့ နှစ်သစ်ကိုကြိုနေကြတုန်း ဟန်နာတို့ အိမ်သားတွေကတော့ အိပ်ပြီးကြိုကြတယ်။ ဒီလိုပဲ နှစ်သစ်ကို

အိပ်ပြီး ကြိုလာတာ ဘယ်နှစ်နှစ်ရှိပြီလဲတောင် မသိတော့ဘူး။ :D ဒါပေမယ့် ဒီနှစ် ဟန်နာကတော့

နှစ်သစ်ကို ကိုရီးယားကားကြည့်ပြီး ကြိုတယ်လေ :P( ကြည့်ရတာ ဒီနှစ်ကို ရှေ့ လျှောက် ကိုရီးယားကား

များများ ကြည့်ရတော့မယ်ဆိုတဲ့ နမိတ် လက္ခဏာလား မသိဘူး :D) ကိုရီးယားကားက ရန်ကုန်က ၀ယ်

လာတာ။ ဒီရောက် တဲ့ထိ ကြည့်လို့ မပြီးနိုင်သေးဘူး။ မနေ့ ညကမှ မျက်လုံးကို အတင်းပြူးပြဲပြီး ကြည့်လိုက်

တာ ပြီးသွားတယ်။ (နောက်မှပဲ အဲ့ကိုရီးယား ကားအကြောင်း ရေးပါဦးမယ် :)

 နှစ်တစ်နှစ်ပြီးသွားတော့ မနှစ်က ဟန်နာ နဲ့ အရင်နှစ်တွေက ဟန်နာ ဘာကွာသွားလဲဆို ဘာမှကွာမသွား

ပါဘူး ( အသက်တော့ ၁ နှစ်ကြီးသွားတာပေါ့နော်)။ ဒီနှစ်အတွက်ကော ဘာတွေ အစီအစဉ်ဆွဲပြီးပြီလဲဆို

ဘာမှ မဆွဲရသေးဘူးလို့ ပဲပြောရမှာပဲ။ အဓိက ကတော့ စာကို ဒီထက်ပို ဖိကြိုးစားမယ်။ စာတွေလည်း

အများကြီးရေးမယ်။ (ကိုရီးယားကားတွေလည်း အများကြီးကြည့်မယ် :P ) ဒါပါပဲ။ ဖြစ်နိုင်ရင်တော့ လာ မယ့်

၂၀၁၁ မှာ ဘာအပြောင်းအလဲမှမကြုံချင်ဘူး။ အထူးသဖြင့် အဆိုးတွေ ပေါ့။ ကိုယ့်လက်ရှိဘ၀ကိုပဲ

ကျေနပ်ပါပြီ။ လောဘလည်းမကြီးချင်ဘူး။ အလိုကြီးတော့ အရနည်း ဆိုတဲ့ စကားလည်းရှိတယ်လေ။

အဲ့တော့ ကိုယ်ဖြစ်ချင်တာကိုပဲ တစိုက်မက်မက် ကြိုးစားသွားမယ်။ အဲ့ဒါဆို ဖြစ်မလာတဲ့အခါ အရမ်းကြီး

မခံစားရတော့ဘူး ပေါ့။ ဟန်နာရဲ့ ၂၀၁၁ အစီအစဉ်လေးက တော့ဒါပါပဲ။ စကားမစပ် ခုတလော ဘလော့ဂ်

ကို ပစ်ထားတာကြာပြီ။ စာမေးပွဲရှိတာက တစ်ကြောင်း ဆိုပေမယ့် ပြီးသွားတာက ကြာပြီ။ စာမေးပွဲအရှိန်

နဲ့ အတိုးချအိပ်နေတာ :P ရန်ကုန်လည်းပြန်သွားသေးတယ်။ ရန်ကုန်မှာတော့ အင်တာနက် မသုံးဘူးပေါ့။

ပြန်လာတော့လည်း ခုနက ပြောတဲ့ ကိုရီးယားကားကို ကြည့်နေတာ တခြား ဘာမှ မလုပ်ဖြစ်ဘူး။ ဒီနေ့ မှ

လာကြည့်တာ ဘလော့ဂ်လေးက ဖုန်တောင်တက်နေပြီလားမသိဘူး။ :D ခုလောလောဆယ်တော့

ဒီလောက်ပါပဲ။ နောက်မှ ရန်ကုန်ပြန်တဲ့ အကြောင်းတွေ၊ ကြည့်ထားတဲ့ ကိုရီးယားကားအကြောင်းတွေ

အများ ကြီး ရေးစရာရှိသေးတယ်။ မကြာမှီလာမည် မျှော်.. :)


အားလုံးပဲ ပျော်ရွှင်သော နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေ...။

ခင်မင်လေးစားစွာဖြင့်