Friday, August 27, 2010
အဖိုးတန် လမ်းညွှန်စာစုများ (၂)
အကောင်းမြင်တတ်တဲ့စိတ်
တစ်ခါက မီးဖိုမီးကြောင့် တစ်ရွာလုံး ပြာကျသွားတဲ့အထဲမှာ သူ့ အိမ်ပါပါသွားတဲ့ တပည့်တစ်ယောက်ဆီကို
သတင်းမေးသွားတဲ့အခါ ပြာပုံအတိပြီးနေတဲ့ သူ့ အိမ်ရာကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေမိတယ်။
အဲ့ဒီ့အချိန်မှာ သူက သွက်သွက်ကလေးလျှောက်လာပြီး....
"ဆရာမြင်တဲ့ အတိုင်းပဲ၊ တစ်အိမ်လုံးလည်း ဘာမှမကျန်ဘူး။ မွေးထားတဲ့ ၀က်လေးကောင်လည်းသေ၊
ကြက်တွေလည်းသေ။ ဒါပေမယ့် ကျွန်တော် ကံကောင်းတယ်၊ ဆရာ။ ဘာလို့ ဆိုတော့ ဒီနေရာမှာ
ချောင်ကျတော့ ကျွန်တော်မနေချင်တာ ကြာပြီ။ ခုတော့ ကိုယ်ကြိုက်တဲ့ နေရာရှာပြီး အိမ်တစ်လုံး
ဆောက်နိုင်ပြီ မဟုတ်လား ဆရာ" လို့ ပြောလိုက်တာကို ကြားလို က်လို့ သူ့ ကို အံ့သြစွာ
နဲ့ ကြည့်နေမိတယ်။ သူဟာ အခြားမီးဘေး ဒုက္ခသည်တွေလို့ မျက်နှာ ညိုးမနေဘူး။ ငါ့ဘ၀တော့ ဒုက္ခပဲ
လို့ မညည်းဘူး။ ဘာမှဖြစ်မထားသလိုပဲ။ သူ့ ရဲ့ အကောင်းမြင်တတ်တဲ့ စိတ်က ဘာမှမဖြစ်သလို နေနိုင်တဲ့
ဘ၀မျိုးကို ဖန်တီးပေးလိုက်တာပါ။ တစ်အိမ်လုံး ပြာကျသွားတာကို ကံမကောင်းလို့ဖြစ်ရတယ်ဆိုပြီး
အဆိုးမမြင်ဘဲ ဒီထက်ကောင်းတဲ့နေရာ ရတော့မယ်ဆိုတဲ့ အကောင်းမြင်စိတ်က သူ ကံကောင်းတယ်
လို့ ခံယူနိုင်အောင် အားသစ်လောင်းပေးလိုက်တာပါ။ ဒါကြောင့် အကောင်းမြင်စိတ်ဟာ လူ့ ဘ၀ရဲ့
အားဆေးတစ်ခွက်ဆိုရင် မမှားပါဘူး။ စဉ်းစားဆင်ခြင်နိုင်ဖို့ ပါ။
♣♣♣♣♣♣♣♣♣♣
ဘ၀မှာအကောင်းဆုံးသော ပျော်ရွှင်မှုကို ရချင်ရင်
တစ်ခါက အဲ့လစ်ပါးလ်မား ဆိုတဲ့ ပညာရှိကြီးကို မိန်းမပျိုလေးတစ်ယောက်က အကောင်းဆုံး ပျော်ရွှင်မှုကို
ရနိုင်ဖို့ ဘာကိုလုပ်ရမလဲလို့ မေးပါတယ်။ ဒီတော့ ပညာရှင်ကြီးက _
              - နေ့ စဉ် ကောင်းတဲ့ စကားကိုပြောပါ။
            - ပြေပြစ်ချောမောပြီး အနှစ်အသာရရှိတဲ့ ကဗျာတစ်ပုဒ်ကို နေ့ စဉ်ရွတ်ဖတ်ပါ။
            - နေ့ စဉ် သူတစ်ပါး အကျိုး ရှိမယ့် ၊ ပျော်ရွှင်စေမယ့် အရာတစ်ခုကို လုပ်ပါ..
              လို့ မိန့် ကြားလိုက်တယ်။
ကနေဒါ သူဌေးကြီး ဟင်နရီမတ်လင်း ကလည်း _
''သင်သည် ဘ၀အတွက် အကောင်းဆုံးသော ပျော်ရွှင်မှုကို ရရှိခံစားချင်ရင် သူတစ်ပါး ပျော်ရွှင်အောင်
လုပ်ပေးပါ '' လို့ ဆိုတယ်။ ဒါကြောင့် သူဟာ နိုင်ငံအနှံ့ အရောက်သွားပြီး တွေ့ သမျှလူတွေ စိတ်ချမ်းသာ
ပျော်ရွှင်စေဖို့ ဒေါ်လာ ၁၀၀ စီ ပေးကမ်း စွန့် ကြဲ ခဲ့တယ်လို့ ဆိုပါတယ်။ မှန်တယ်။ ကိုယ်ပျော်ရွှင်ချင်ရင် သူ
များပျော်အောင် လုပ်ခြင်းဟာ အထိရောက်ဆုံးသော ပျော်ရွှင်မှုပါ။ သူများပျော်ရွှင်ဖို့ ဟာ သူဌေးကြီး
ဟင်နရီလို ဒေါ်လာတွေ ပိုက်ဆံတွေ ပေးမှမဟုတ်ပါ။ ရွှင်လန်းအားတက်စေနိုင်တဲ့ စကားတစ်လုံး ၊
ကြင်နာတဲ့ အပြုံး ၊ ရိုအသေ အလေးအနက်ထားတဲ့ အမူအရာတွေဟာလည်း
သူတစ်ပါးပျော်ရွှင်စေနိုင်တယ်ဆိုတာကို သတိပြုပါ။
♣♣♣♣♣♣♣♣
မပြီးရင်မနေ မရရင် မနေတဲ့စိတ်
အင်မတန် မြင့်မားတဲ့ တောင်ကြီးဟာ အမြင့်ဆုံးကို တက်နိုင်တဲ့ လူသားတွေ အတွက်ဖြစ်သလို အင်မတန်
နက်တဲ့ သမုဒ္ဒရာကြမ်းပြင်ကြီးဟာလည်း အနက်ဆုံးငုပ်နိုင်တဲ့ လူသားတွေ အတွက်ဖြစ်တယ်။ အဲ့ဒီ့လိုပဲ
အင်မတန် ခတ်ခဲတဲ့ အလုပ်တစ်ခုဟာ မပြီးရင်မနေ မရရင်မနေတဲ့ အင်မတန် ခိုင်မာမြဲတဲ့ စိတ်ရှိတဲ့
လူသားတွေအတွက် အလွယ်ကလေးပါ။ ''တစ်နေ့ တစ်လံ ပုံဂံဘယ်ပြေးမလဲ '' ၊ '' ငုပ်မိ သဲတိုင်
တက်နိုင်ဖျားရောက် '' ဆိုတဲ့ စကားပုံတွေကို ကြားဖူးတယ်မဟုတ်လား။ အလုပ်ကိစ္စတစ်ခုကို မပြီးရင်မနေ၊
မရရင် မနေ ဆိုတဲ့ စိတ်နဲ့ လုပ်နိုင်တဲ့လူတိုင်း သူတို့ ရှေ့ မှာ ပန်းတိုင် ရှိနေတယ်ဆိုတာ
ညွှန်းဆိုနေကြတာပါ။ မင်းလည်း အဲ့လို စိတ်မျိုးကို မွေးကြည့်ပါလား။ အဲ့ဒီ့စိတ်ကို မွေးတယ်ဆိုတာ
အပြောသာမဟုတ်ဘူး။ တကယ်လက်တွေ့ လုပ်နိုင်တဲ့ စွမ်းအားကို ဆိုတာပါ။ ငါဒီနှစ် ဆယ်တန်းစာမေးပွဲမှာ
အနည်းဆုံး ဂုဏ်ထူး ငါးခုနဲ့ အောင်အောင်ကြိုးစားရမယ်၊ မရရအောင် ငါလုပ်မယ်လို့ သန္ဒိဌာန်ချပြီး ကြိုးစား
ကြည့်ပါလား။ အောင်စိတ်တွေ ၀င်လာပြီး တကယ်ဖြစ်လာတာကို အံ့သြလောက်အောင်တွေ့ ရမယ်။
♣♣♣♣♣♣♣♣♣♣
ရှက်ကြောက်ခြင်းရဲ့ အပြစ်
လူတွေ လိုက်နာရမယ့် '' ဟီရိ၊ သြတ္တပ '' ဆိုတဲ့ တရားနှစ်ပါးဟာ '' အရှက်နဲ့ အကြောက် '' ကိုပြောတာ။
ဘယ်နေရာမှမဆို ရှက်တတ် ကြောက်တတ်ရမယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ လောကမှာ
အပြစ်ရှိတာတွေကို လုပ်တာ ရှက်စရာ၊ အပြစ်ရှိတာ၊ ပညာရှိများ ကဲ့ရဲ့မှာကို ကြောက်တာဟာ
ကြောက်စရာတွေပါ။ အပြစ်မရှိတဲ့ အလုပ် ကိုလုပ်တာ ရှက်စရာမဟုတ်ဘူး၊ သူတော်ကောင်းတို့ချီးမွမ်းတဲ့
အလုပ်တွေကို လုပ်တာ ကြောက်စရာမဟုတ်ဘူး။ အဲ့လို ခွဲခြားပြီးသိရမယ်။ ဒါပေမယ့် အပြစ်လည်းမရှိ၊
လုပ်လည်းလုပ်သင့်တဲ့ အလုပ်ကိုလုပ်ရမှာ ရှက်နေတဲ့လူတစ်ချို့ ကို တွေ့ ဖူးမှာပေါ့။
မရှက်သင့်တာကိုရှက်တယ်။ မကြောက်သင့်တာကို ကြောက်ခြင်းရဲ့ အပြစ်တွေကို ဟိတောပဒေသ ကျမ်းမှာ
ဒီလိုပြထားတယ်။
ရှက်ခြင်းကြောင့် အစွမ်းသတ္တိတို ယုတ်လျော့သွားရ၏။
အစွမ်းသတ္တိမရှိသောကြောင့် သူများ နှိပ်စက်ခြင်းကို ခံရ၏။
သူများ နှိပ်စက်ခြင်းကို ခံရသောကြောင့် ဆင်းရဲရ၏။
ဆင်းရဲသဖြင့် ပူပန်သောကရောက်ရ၏။
ပူပန်သောကကြောင့် အသိဥာဏ် ဆိတ်သုဉ်းရ၏။
အသိဥာဏ် ဆိတ်သုဉ်းသွားသဖြင့် ပျက်စီးခြင်းသို့ ရောက်ရ၏။
ဒါကြောင့် မရှက်သင့်တဲ့ နေရာမှာ မရှက်ပါနဲ့ ။
♣♣♣♣♣♣♣♣♣♣
အမှန်ကိုမြင်ချင်ရင် အသိနဲ့ ယှဉ်ပါ
ကိုယ်ပိုင် အသိမပါဘဲနဲ့ အမှန်တရားတစ်ခုကို မြင်တယ်ဆိုတာ ဒီလောကမှာ မဖြစ်နိုင်ပါဘူး။
ဘာကြောင့်လဲဆိုတော့ အမှန်ကို အသိနဲ့ ယှဉ်ပြီးမှသာ မြင်နိုင်တွေ့ နိုင်လို့ ပါပဲ။
'' ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးကို ထိန်းသိမ်းပြီး တရားနဲ့ အညီနေထိုင်ခြင်းဟာ မြတ်သော
အသက်ရှင်ခြင်းမည်တယ် '' ဆိုတဲ့ အမှန်တရားဟာ ဒီလူ့ လောကမှာ ရှိနေတယ်။ ဒါပေမယ့်
အမှန်တရားအတိုင်း ကျင့်ကြံနေထိုင်တဲ့ လူတွေကို ဘယ်လောက်များများ မြင်ဘူးလဲ။ အနည်းစုပါ။
ဘာကြောင့်လဲ။ အဲ့ဒီ့ အမှန်တရားကို အသိနဲ့ ယှဉ်ပြီး မကြည့်တတ်လို့ပါ။
အသိဆိုတာ လက်တွေ့ ဘ၀ကနေရလာတာ ဖြစ်လို့ ကိုယ် နှုတ် နှလုံးထိန်းသိမ်းပြီး တရား
နဲ့ အညီနေတဲ့လူတွေဟာ လူကြားသူကြားထဲမှာ ဘယ်လို ရပ်တည်နေသလဲ။ မဟုတ်တာတွေလုပ်ပြီး
အကျင့်ပျက်နေတဲ့လူတွေဟာ လူကြားထဲမှာ ဘယ်လို ရပ်တည်နေသလဲ။ အဲဒီလူ၂ မျိုးရဲ့ လက်တွေ့ ဘ၀ကို
အသိတရားက ကောင်းတယ် မကောင်းဘူးဆိုတာ ဆုံးဖြတ်ပေးမှာပါ။ အသိနဲ့ ယှဉ်စဉ်းစားလိုက်တဲ့ အခါ ''
မြတ်သောအသက် ရှင်ခြင်း ''ဟာ ဘာလဲဆိုတာ ကောင်းကောင်း သဘောပေါက် လာမှာသေချာတယ်။
ဒါကြောင့် အမှန်ကို မြင်ချင်ရင် အသိနဲ့ ယှဉ်စဉ်းစားပါ လို့ ဆိုလိုက်ချင်ပါတယ်။
♣♣♣♣♣♣♣♣♣♣
မာနကလေး တင်းထားမှ
မာနဆိုတာ သုံးတတ်ရင် ဆေး၊ မသုံးတတ်ရင် ဘေးအန္တရာယ်တစ်ခုပါ။ ဒါကြောင့် မာနကို မယုတ်မလွန်
အသုံးချတတ်ဖို့ လိုပါတယ်။ မြွေလောကမှာ မြွေဟောက်နဲ့ ရေမြွေတွေကို တွေ့ ဘူးမှာပေါ့။ မြွေဟောက်
လို့ ဆိုရင် အနားတောင် မကပ်ရဲအောင် ကြောက်ကြတယ်။ ဒါဘာဖြစ်လို့ လဲ။ မြွေဟောက်က
သိပ်အဆိပ်ပြင်းလို့ ။ အဲ..ရေမြွေကျတော့ ဘယ်သူမှ ဂရုမစိုက်ကြဘူး။ နင်းသူနင်း၊ ကျော်သူကျော်၊
ဖမ်းလိုဖမ်း ထင်သလိုလုပ်ကြတယ်။ ဒါဘာဖြစ်လို့ လဲ။ ရေမြွေက အဆိပ်မရှိလို့ ၊ လူကို ဘာအန္တရာယ်မှ
မပေးနိုင်လို့ ပေါ့။ အဲ့ဒီလိုပဲ လူမှာ အထူးသဖြင့် မင်းတို့ လို့ မိန်းကလေးတွေ မှာ အဆိပ်မရှိတဲ့ ရေမြွေ
လို မာနကို ချပြီးနေမယ်ဆိုရင်ကိုယ့်ကို အထင်သေး၊ ပမာမခန့်လုပ်ပြီး အမျိုးမျိုး ဒုက္ခပေးတာ ခံရမှာပေါ့။
သာဓကတွေလည်း အများကြီးပါပဲ။
မာနကလေးထားပြီး ကိုယ့်ဂုဏ်၊ ကိုယ့်သိက္ခာနဲ့ နေတဲ့ မိန်းကလေး တွေကျတော့ တော်ရုံတန်ရုံလူက မစရဲ၊
မထိရဲဘူး။ အထင်အမြင်သေးပြီး လွယ်ပါတယ်ဆိုတဲ့ သဘောနဲ့ သိက္ခာကျတာ မခံရဘူးပေါ့။
ကိုယ့်မာနကလေးနဲ့ နေမှ မိန်းကလေးဘ၀ဟာ တန်ရုံကျတာပါ။ ဒါကြောင့် ဘနဖူး သိုက်တူးတတ်တဲ့
လူတွေရဲ့ လှည်စားနှောင့်ယှက်တာကို မခံရချင်ရင်တော့ ရှိတဲ့ မာနကလေးကို တင်းထားပေါ့။
မဟုတ်ဘူးလား။
♣♣♣♣♣♣♣♣♣♣
ခုချက်ချင်း လုပ်လိုက်ပါ
အကြွေးဆိုတာ လူအချင်းချင်း ဆက်ဆံရေးလောကမှာ မကောင်းမှုတစ်ခုပါ။ ကျေးဇူးကြွေး၊ ပိုက်ဆံကြွေး၊
စားကြွေး၊ လုပ်ခကြွေး၊ အလုပ်ကြွေးဆိုပြီး အမျိုးမျိုးရှိတာပေါ့။ အကြွေးရှိတဲ့လူဟာနေရ ထိုင်ရတာ
မလွတ်လပ်ဘူး။ စိတ်မကြည်လင်ဘူး။ ၀န်ထုပ်ဝန်ပိုးတစ်ခုကို ထမ်းထားရသလို လေးလံထှိုင်းမှိုင်းတယ်။
အများရဲ့ အထင်သေးခြင်းကို ခံရတယ်။ မင်းတို့ လို ကျောင်းသား၊ အလုပ်လုပ်နေတဲ့လူတွေအတွက်တော့
အလုပ်ကြွေး၊ စာကြွေးရှိတာ ဟာ အဆိုးဆုံးပေါ့။ဒါဆိုမင်းရော...အကြွေးတင်ချင်သလား..
အဲ..မတင်ချင်ရင်တော့ အကောင်းဆုံးနည်းတစ်ခုကို ပေးလိုက်မယ်။အဲ့ဒါက_
ကိုယ်ဘာလုပ် စရာရှိတယ်ဆိုတာ သိအောင်လုပ်
သိတာနဲ့ ချက်ချင်းလုပ်
မပြီးမချင်းဆက်လုပ်
ဒါဆို စာကြွေးအလုပ်ကြွေး မရှိတော့လို့ မင်းရဲ့ ပခုံးပေါ်က အထုပ်ကြီးကျသွားသလို လန်းဆန်း
ပေါ့ပါ့းသွားတဲ့အပြင် အလုပ်ကိုပြီးအောင် လုပ်နိုင်လို့ ကိုယ့်ကိုယ်ကို ယုံကြည်တဲ့ စိတ်တွေ
ပေါ်ပေါက်လာတာ တွေ့ ရမယ်။ ဘယ်အလုပ်မဆို ခုချက်ချင်းလုပ်လိုက်ပါ။ အကြွေးမတင်စေနဲ့ ။
♣♣♣♣♣♣♣♣♣
ခင်မင်လေးစားစွာဖြင့်
Thursday, August 26, 2010
အဖိုးတန် လမ်းညွှန်စာစုများ
ဆန္ဒရှိဖို့ က ပထမ
ဒီနေ့ ကမ္ဘာတစ်လွှား စွန့် စားသွားလာပြီး ပညာတွေသင်၊ မဟာဘွဲ့ တွေ ပါရဂူဘွဲ့ တွေ ရထားတဲ့
လူငယ်တွေ ပြောပြောနေကြ စကားတစ်ခွန်းရှိပါတယ်။ အဲ့ဒါ မင်းတို့ လို ပညာရှာနေတဲ့ လူငယ်တွေအတွက်
မှတ်သားစရာကောင်းလွန်းလို့ စကားလက်ဆောင်ပါးလိုပါတယ်။ ဒီနေ့ ကမ္ဘာပေါ်မှာ ခေတ်လူငယ်တွေ
တက်ရမယ့် ပညာရပ်တွေက တစ်ပုံကြီးပါ။ မြန်မာလူငယ်တွေသာ သင်ယူခွင့်ရရင် တစ်ဖက်ကမ်း
ရောက်အောင် တတ်မှာသေချာတယ်။ ဒါပေမယ့် တကယ်သင်တဲ့အခါ တကယ်တတ်မြောက်ဖို့ က
အဲ့ဒီလူငယ်မှာ ရှိတဲ့ စိတ်ပါဝင်စားပြီး တကယ်တက်ချင်တဲ့ ဆန္ဒရှိဖို့ ပါပဲတဲ့။ ဘာကိုပဲလုပ်လုပ် စိတ်ကမပါ
ရင် ဘာမှဖြစ်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် စီးပွားရေးလုပ်ငန်းလုပ်ရင် သူဌေးဖြစ်ချင်တဲ့ ဆန္ဒ၊
ပညာသင်ရင်လည်း ပညာတတ်ကြီးဖြစ်ချင်တဲ့ ဆန္ဒတွေကို ပြင်းပြင်းပြပြထားရမှာပေါ့။ ဆန္ဒရှိရုံမျှမဟုတ်ဘဲ
ဆန္ဒပြင်းပြင်းပြပြရှိအောင် လုပ်ပြီးမှ ပညာသင်တာ ဟာ မင်းအတွက် အကောင်းဆုံးပေါ့။ ဟုတ်တယ်နော်။
♣♣♣♣♣♣♣♣♣♣
ရိုးရိုးကြင့် မြင့်မြင့်ကြံပါ
ရိုးရိုးကျင့် မြင့်မြင့်ကြံ ဆိုတဲ့ စကားဟာ မင်းတို့ လို လူငယ်ကျောင်းသားတွေအတွက်
လမ်းညွှန်ဆောင်ပုဒ်တစ် ပုဒ်ပါ။ မသိသူ ကျော်သွား၊ သိသူဖော်စား ဆိုသလို သိသူတွေက ဖော်စားကြ
လို့ ကြီးပွားချမ်းသာသွားကြတဲ့ လူတွေ ဟာ တစ်ပုံကြီးပါပဲ။ ငါတစ်နေ့ မှာ ဒီဘ၀မျိုးရောက်ရမယ်လို့ ဘဝ
မြင့်မြင့်တစ်ခုကို မျှော်မှန်းထားပါ။ ပြီးတော့ အဲ့ဒီ့ ဘ၀ရောက်အောင် ကြိုးစားပေါ့။ ဒါပေမယ့် အဲ့လိုကြိုးစားတဲ့
နေရာမှ ဖြတ်လမ်းမလိုက်ပါနဲ့ ။ '' ပင်လယ်ပြင်မှာ ကူးခတ်နေရမှာ ကျူပ်တာဝန်၊
ကမ်းရောက်မရောက်တာက သူ့ သဘောအတိုင်းပဲ'' လို့ ဆိုခဲ့တဲ့ မဟာဇနက မင်းသားလို့ ရိုးရိုးသားသား
ကြိုးစားသွားရမှာပါ။ ဘယ်နေရာမှာမဆို ရိုးရိုးသားသားနေ၊ ရိုးရိုးသားသား ပြော တာ အကောင်းဆုံးပါပဲ။
မှန်ကန်မှုသစ္စာကို အခြေခံထားတာ ဖြစ်လို့ တန်ခိုးရှိတယ်။ လိုရာပန်းတိုင်ဆီ ပို့ ပေးနိုင်တဲ့
အစွမ်းသတ္တိရှိတယ်။ ဒါကြောင့်ကိုယ်မျှော်မှန်းထားတဲ့ ဘ၀ပန်းတိုင်ဆီကို ရိုးသားတဲ့ စိတ်
နဲ့ လျှောက်လမ်းသွားနိုင်အောင် ကြိုးစားပါလို့ တိုက်တွန်းချင်ပါတယ်။
♣♣♣♣♣♣♣♣♣♣
စကား နားထောင်ခြင်းဟာ ကြီးမားတဲ့ ဂုဏ်ဒြပ်တစ်ခု
လူမှာ နားနှစ်ဖက် ကိုယ်စီရှိနေတာ ကြားဖို့ နဲ့နားထောင်ဖို့ လောက်ပဲလို့ ယူဆလိုက်ရင် မှားသွားမယ်။
လူရဲ့နားဟာ အဲ့ဒါထက်မက ကြီးလေးတဲ့အလုပ်တွေကို လုပ်ဖို့ လိုသေးတယ်။ အဲ့ဒီ အလုပ်တွေက ကြားရင်
ဘာကိုကြားရသလဲလို့ သတိကပ်ပြီး နားထောင်ဖို့ ၊ နားထောင်ရင်လည်း ကြားရတဲ့ စကားတွေထဲက
ဘာတွေကို လိုက်နာကျင့်သုံးရမလဲဆိုတာ စီစစ်ခံယူတတ်ဖို့ ဆိုတာတွေပါပဲ။ ကြားရင်လည်း ကြားတတ်ဖို့ ၊
နားထောင်ရင်လည်း နားထောင်တတ်ဖို့ လိုတယ်။ နားထောင်တတ်တာဟာ အရည်အချင်းတစ်ခုပါ။
လူကြီးမိဘ၊ ဆရာသမားတွေ ဆိုဆုံးမတဲ့စကားကို မြေ၀ယ်မကျ နားထောင်တတ်တာဟာ ပိုမိုထူးခြားတဲ့
အရည်အချင်းတစ်ခုပါ။
 ကာစာဘီးယန်းကားဆိုတဲ့ အင်္ဂလိပ် ကဗျာလေးကို ဖတ်ဖူးမှာပေါ့။ သင်္ဘောကပတိန် ဖြစ်သူ ဖခင်ရဲ့ ''
မင်း...ငါ ပြန်မလာမချင်း ဒီမှာစောင့်နေ၊ ဘယ်မှာမသွားနဲ့ '' ဆိုတဲ့ စကားကို နားထောင်ပြီး မီးလောင်နေတဲ့
သင်္ဘောပေါ်မှာ မီးလောင်အသေခံသွားတဲ့ ကာစာဘီးယန်းကား ဆိုတဲ့လူငယ်လေး အကြောင်းကို ရေး
ဖွဲ့ ထားတာပါ။ သူ့ ရဲ့စကား နားထောင်တတ်တဲ့ ဂုဏ်ကို လေးစားတဲ့အနေနဲ့  သူ့ ကျောက်ရုပ်ကိုထုပြီး
အမေရိကန်ပြည်မှာ ယနေ့ တိုင် တလေးတစား ဦးညွှတ်ဂုဏ်ပြုနေကြပါသတဲ့။
♣♣♣♣♣♣♣♣♣♣
မျက်နှာထားလေး ချိုပါစေ
မျက်နှာဟာ ခန္ဒာကိုယ်ရဲ့ မိတ်ကောင်းဆွေကောင်းများ ၀င်ထွက်ရာ တံခါးပေါက်၊ ရောက်လာတဲ့
ဧည့်သည်တွေကို လောကွတ်ပျူငှာ ကြိုဆိုဧည့်ခံရာ ဧည့်ခန်းလို့ ဆိုကြတယ်။ ဟုတ်တာပေါ့။ ရွှင်ပျချိုသာတဲ့
မျက်နှာလေးကို ကြည့်ပြီး ချစ်ခင်ရင်းနှီးတဲ့ မိတ်ဆွေအပေါင်းအသင်းတွေ ရောက်လာကြတယ်။ မျက်နှာ
ချိုချိုအေးလေးလေးကို ကြည့်ပြီး တွေ့ ရတဲ့လူတိုင်း ဘ၀င်နှလုံး အေးချမ်းသွားကြရတယ်မဟုတ်လား။
ဒါကြောင့် လူရဲ့ မျက်နှာဟာ လူတစ်ယောက်ရဲ့ ဘ၀တစ်ခုလုံးကို ဖန်တီးနိုင်တဲ့ စွမ်းအားရှိလို့ မင်းတို့ ငါ
တို့ ဟာ မျက်နှာကို ထားတတ်ကြရမယ်။ ပြုံးနေတဲ့ ချစ်စဖွယ် မျက်နှာလေးကို မိုင်ပေါင်းတစ်ထောင်ကပင်
မြင်နိုင်ပေမယ့် ခက်ထန် ရှုံ့ မဲ့ နေတဲ့ မျက်နာကိုတော့ အနီးကလေးမှာရှိပေမယ့် မမြင်နိုင်ကြဘူး
လို့ ဆိုကြတယ်။ လူကြီးသူမတွေက သူတို့ ကိုကန်တော့တဲ့အခါ '' မျက်နှာမြင် ချစ်ခင်ပါစေ ''
လို့ ဆုတောင်းပေးကြတယ်မဟုတ်လား။ ဒါကြောင့် ခန္ဒာကိုယ်ရဲ့ မိတ်ကောင်းဆွေကောင်းများ ၀င်ထွက်ရာ
တံခါးပေါက် ၊ ဧည့်ခန်းမနဲ့ တူတဲ့ မျက်နှာမျိုးကို ပိုင်ဆိုင်ချင်တယ်ဆိုရင် မျက်နှာထားကို မြင်သူတွေ
ချစ်ခင်လာအောင် ထားတတ်ဖို့ လိုမှာပေါ့။
♣♣♣♣♣♣♣♣♣♣
မေတ္တာထား ဘယ်အခါမှ မှားတယ်မရှိ
ပေါင်းသင် ဆက်ဆံရေးကောင်းတဲ့လူဟာ လူတကာထက် တစ်ပန်းသာပြီး အများနဲ့ မတူအောင်
လူတကာတွေက သူ့ ကို ချစ်ခင်ကြတာ တွေ့ ဘူးမှာပေါ့။ သူ့ ကိုလူတွေ ဘာကြောင့် ချစ်ခင်ရင်းနှီးကြသလဲ။
ပေါင်းသင်းဆက်ဆံရေးကောင်းလို့  လို့ ဆိုမှာမဟုတ်လား။ ဒါဆို ပေါင်းသင်းဆက်ဆံရေး
ကောင်းတယ်ဆိုတာ ဘာလဲလို့ မေးစရာ ပေါ်လာပြန်တယ်။ မင်း....ဘယ်လို ပြန်ဖြေမလဲ။
သူများ အကြိုက်လိုက်ပြီးပြောတာ၊ လုပ်တာလို့ ဖြေမှာပေါ့။
အဲ့ဒါက အပေါ်ယံစကားပါ။ အနှစ်သာရမပါဘူး။ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ ၊ လူချစ်လူခင်များတဲ့
လူဟာ...
လူတွေကို ချစ်သောမျက်စိနဲ့ ကြည့်တယ်။
မေတ္တာနဲ့ စကားပြောတယ်။
မေတ္တာနဲ့ ကူညီ ဆောင်ရွက်တယ်။
အများကောင်းကျိုးကို မေတ္တာနဲ့ အကျိုးဆောင်တယ်။
အဲ့ဒီ မေတ္တာကသာ သူ့ ကို လူချစ်လူခင်များအောင် လုပ်ပေးတယ်။ မေတ္တာဟာ တုံ့ ပြန်တတ်ပြီး တူတဲ့
အကျိုးပေးတယ်။ မေတ္တာဟာ ပေးသူရော ခံယူသာပါ အေးချမ်းတယ်။မေတ္တာထားရင် ဘယ်အခါမှ
မှားတယ်လို့ မရှိဘူး။ စဉ်းစားနိုင်ဖို့ ပါ။
♣♣♣♣♣♣♣♣♣♣
 ခွင့်လွှတ်တာဟာ အရှုံးပေးခြင်းမဟုတ်
ကမ္ဘာမှာ '' သူက ကိုယ့်သွားတစ်ချောင်းနှုတ်ရင် ကိုယ်က သူ့ သွားတစ်ချောင်းပြန်နှုတ်ရမယ် '' ဆိုတဲ့
ဟမ္မူရာဘီဘုရင်ရဲ့ ဥပဒေ ၊ '' သူက ကိုယ့်ကို ပြစ်မှားရင် ပြန်ပြီးလက်စားမချေနဲ့ ၊ ခွင့်လွှတ်လိုက်ပါ '' ဆိုတဲ့
ထေရ၀ါဒ ဘာသာတရားရဲ့ ကျင့်စဉ်နှစ်ခုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်နဲ့ ချီပြီး ပေါ်ပေါက်ခဲ့ပါတယ်။ ဒီ
နေ့ မှာတော့ ကလဲ့စားချေ ၀ါဒဖြစ်တဲ့ ဟမ္မူရာဘီဥပဒေဟာ လုံးဝ ပျောက်ကွယ်သွားပြီး ထေရ၀ါဒရဲ့
လက်စားမချေရေး ကျင့်စဉ်ဟာ ရှင်သန်နေစဲပါပဲ။ ဒါကြောင့် လူတစ်ယောက် ကိုယ့်အပေါ်ပြစ်မှားတာကို
ခွင့်လွှတ်သည်းခံတာ ခေတ်မမှီဘူး၊ လက်တွေ့ မကျဘူးလို့ ပြောဦးမှာလား။
တကယ်တော့ ခွင့်လွှတ်တာနဲ့ အရှုံးပေးတာကို ခွဲခွဲခြားခြား နားမလည်ကြလို့ ပါ။ ခွင့်လွှတ်တာဟာ အမြတ
နဲ့ အနိုင်ယူတာ၊ အရှုံးပေးတာကတော့ အရှုံးနဲ့ အရှုံးပေးတာ။
မင်းကို ကျောင်းသား တစ်ယောက်က လာပြီးစရင် အထက်စီးကလာပြီးဗိုလ်ကျရင် မင်းက မခံချင်စိတ
နဲ့ ပြန်တုံ့ ပြန်မှာ လား။ ဒါမှမဟုတ် သူမသိလို့ ပြောတာ၊ သူင့ါကိုနားမလည်လို့ ဒီလိုလုပ်တာလို့ ခံယူပြီး
ပြုံးပြုံးလေး နဲ့ ခွင့်လွှတ်မှာလား။ နောက်တစ်ခေတ်ရဲ့ သားကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေတဲ့
မင်းဟာ ခွင့်လွှတ်ခြင်းနဲ့ အနိုင်ယူလိုက်မယ်လို့ ယုံကြည်ပါတယ်။
♣♣♣♣♣♣♣♣♣♣
တဒင်္ဂဒုက္ခတွေကို ရင်းပြီးမှ ထာဝရသုခကို ရနိုင်မယ်
ဟိုတစ်ခါ မင်းကို လမ်းမှာတွေ့ တုန်းက ခုလုပ်နေတဲ့ အလုပ်ဟာ ပင်ပန်းလွန်းလို့ တစ်ခြားအလုပ်တစ်ခု
ပြောင်းလုပ်တော့မယ်လို့ ပြောခဲ့တယ်နော်။ ပြန်စဉ်းစားပါဦး။
လောကမှာ အပင်ပန်းမခံ၊ အဆင်းရဲမခံဘဲနဲ့ လုပ်နိုင်တဲ့ အလုပ်မျိုး ဘယ်မှာရှိနိုင်မလဲ။
အလုပ်ဆိုကတည်းက အားစိုက်ရတယ်။ ခေါင်းစားခံရတယ်။ ဒီတော့ မပင်ပန်းဘဲနေမှာလား။
ကုန်ကုန်ပြောရင် ထမင်းစားရတဲ့အလုပ်တောင် လက်ဆေးရတယ်။ ကိုယ့်ကျန်းမာရေးနဲ့ သင့်တော် မတော်
ကြည့်ရတယ်။ ပြီးတော့ လက်နဲ့ ယူပြီး ပါးစပ်ထဲထည့်ရတယ်။ ၀ါးရတယ်။ မျိုချရတယ်။ စားပြီးတောင်
မပြီးသေးဘူး။ လက်တွေ ပါးစပ်တွေ စင်အောင်ဆေးရတယ်။ အဲ့ဒီ အလုပ်တွေကို ပင်ပန်းတယ
လို့ ညည်းဦးမှာလား။
တင်္ဒဂခဏလေးတွေမှာ တွေ့ ကြုံရတဲ့ ဒုက္ခလေးတွေကို ပင်ပန်းတယ်လို့ သဘောမထားပါနဲ့ ။ ငါချမ်းသာ
ဖို့ အရင်းအနှီးတွေကို စုဆောင်းနေတယ်လို့ ခံယူပြီး လာသမျှဒုက္ခတွေကို ပြုံးပြုံးလေးနဲ့ ရင်ဆိုင်လိုက်ပါလို့ ။
♣♣♣♣♣♣♣♣♣♣
အလုပ်လုပ်ပြီး ခေါင်းဆောင်နေရာယူပါ
ယနေ့ အဖွဲ့ အစည်းတွေမှာ ခေါင်းဆောင်လုပ်နေတဲ့ လူတွေကို ကြည့်ပါ။ သူများထက် အလုပ်ပိုလုပ်နိုင်သူ၊
အလုပ်ကိုလည်း ထိထိရောက်ရောက် လုပ်နိုင်သူတွေကိုသာ တွေ့ ရမယ်။ အလုပ် မှာ ဂုဏ်ရှိတယ်
လို့ ပြောနေကြတာ ဒါကိုပြောနေတာပါ။ '' အလုပ်လုပ်နေတဲ့သူက ကောင်းချီးမင်္ဂလာနဲ့ ပြည့်စုံနေတဲ့သူပါ။
ဒါကြောင့် သူ့ ကို ကောင်းချီးမင်္ဂလာ ဆိုတာ ဘာလဲလို့ ရှင်းပြစရာမလိုပါဘူး။ သူသိပြီးသား '' လို့ ပညာရှိကြီး
ကာလိုင်းလ် ကပြောဘူးတယ်။
မှန်တယ်။ ကောင်းတဲ့အလုပ်ဟာ အဲ့ဒီ့ လူအတွက် အကောင်းဆုံးလက်နက် တစ်ခုပါ။ တက်ကြွလှုပ်ရှား
အလုပ်ကြိုးစားတဲ့ လူကို လူဖျင်း၊ လူညံ့၊ ရေသာခို အချောင်သမားတွေက ကြောက်ကြတယ်။
အနားမသီရဲဘူး။ ပခုံးချင်း မယှဉ်ရဲဘူုး။ ဒါကြောင့် အလုပ်လုပ်တဲ့ လူဟာသူတို့ ရှေ့ 
အလိုလိုရောက်နေတယ်။ သူတို့ ရဲ့ ခေါင်းဆောင်နေရာကို ဘယ်သူမှ မရွေးချယ်ရဘဲ ရောက်လာတယ်။
အဲ့ဒါလာ အလုပ်တန်ခိုးပါ။ အလုပ်မှာ ဂုဏ်ရှိတယ်။ တန်ခိုးရှိတယ် ဆိုတာ အဲ့ဒါကိုပြောတာပါ။
ဒါကြောင့် အများကြားမှာ ခေါင်းဆောင်နေရာကို ရချင်ရင် ဖြတ်လမ်းမလိုက်ပါနဲ့ ။ အလုပ်လုပ်ပြပါ
လို့ စကားလက်ဆောင်ပါးလိုက်ပါတယ်။
♣♣♣♣♣♣♣♣♣♣
 အခုလက်ရှိဖတ်နေတဲ့ ဆရာကြီး ဦးဝမ်ထိန်ရေးသားသော '' ချစ်တပည့်သို့ စကားလက်ဆောင် '' ဆိုတဲ့ စာအုပ်ထဲမှ သဘောကျမိသော စာစုအချို့ ကို ဖော်ပြပေးလိုက်ပါတယ်။
ခင်မင်လေးစားစွာဖြင့်
Thursday, August 19, 2010
စက္ကူကြယ်
    အခန်းထဲဝင်လိုက်တာနဲ့  တစ်ခန်းလုံး ရစရာမရှိအောင်ကို ရှုပ်ပွနေလို့  အခန်းရှင်းဦးမှပဲ ဆိုပြီး
ရှင်းဖြစ်တယ်။ ရှင်းနေရင်း စာကြည့်စားပွဲအောက်မှာ အိတ်တစ်အိတ်ကျနေတာတွေ့ လို့ ဘာများလဲဆိုပြီး
ဖွင့်ကြည့်လိုက်တာ၊ အထဲမှာက စက္ကူကြယ်လေးတွေ ထည့်ထားတဲ့ ပုလင်းလေးပဲ။ အိမ်တွေပြောင်းတော့
ထည့်မိထည့်ရာ အိတ်ထဲထည့်ထားလိုက်တာ မေ့နေတာတောင် ကြာပြီ။ ပုလင်းလေးကိုတွေ့ တော့ အခန်း
တောင် ဆက်မရှင်းဖြစ်တော့ဘဲ အဲ့ပုလင်းလေးထဲက ကြယ်လေးတွေကို ကြည့်နေမိတယ်။ ကြယ်ပုလင်း
လေး ရဲ့ နောက်မှ အမှတ်ရစရာလေးတွေက အများကြီးပဲလေ...။
   ဟန်နာ စက္ကူကြယ်လေးတွေ ခေါက်ရတာ သဘောကျတယ်။ စိတ်ညစ်နေတုန်း အဲ့ကြယ်လေးတွေ ခေါက်
နေရင် ဘာမှတော့ ထူးထူးခြားခြား ဖြစ်မသွားပေမယ့် ကြယ်ခေါက်တာထဲကို စိတ်နှစ်ထားတော့ တစ်ခဏ
စိတ်ညစ်စရာတွေ မေ့သွားတာပေါ့။ ကိုယ့်လက်ထဲကနေ ကြယ်ပွင့်လေးတစ်ပွင့် ခုန်ထွက်လာ
သလိုပဲလေ။တစ်ချို့ တွေက သူတို့ ချစ်တဲ့လူတွေ ကိုပေးဖို့ အတွက်ရည်ရွယ်ပြီး ခေါက်တတ်ကြတယ်။
ခေါက်ပြီးရင် ပုလင်းပြည့်တိုင်း ပေးလေ့မရှိကြဘူး။ ဒီပုလင်းထဲမှာတော့ အခု ၅၀၀ ရှိတယ်၊ ၁၀၀၀ ရှိတယ်
စသဖြင့် အရေအတွက်လေးတွေ သတ်မှတ်ပြီး ပေးလေ့ရှိကြတယ်။ ဟန်နာခေါက်တယ် ဆိုတာ
တစ်ယောက်ယောက် ကိုပေးဖို့ အတွက်မဟုတ်ပါဘူး။ကိုယ့်စာကြည့်စားပွဲပေါ်မှာ
ကြယ်ရောင်စုံလေးတွေ ပြည့်နေတဲ့ ပုလင်းလေးကိုတွေ့ ရင် စိတ်ကြည်နူးသလိုလိုဖြစ်မိလို့ ပါ။
    ဒီကြယ်ခေါက်တဲ့ ၀ါသနာ ဘယ်က ၀င်လာလဲသိလား။ ပြောပြရင်တော့ အားလုံး ၀ိုင်းပြောကြမှာ
အသေအချာပဲ။ ဘာလို့ ဆို ဒီကြယ်ခေါက်ချင်တဲ့ စိတ်လေးကလည်း ကိုရီးယားကားတစ်ကားကနေ ရခဲ့
လို့ ပါ။ ဟင်းးးးးးး။ စာရေးဖို့ နာမည်ကျပြန်တော့လည်း ကိုရီးယားကားကရ။ ခု ဒီကြယ်ခေါက်တ
လို့ ထင်ချင်လည်း ထင်ကြပါကုန်။ ဟီး ဟုတ်လည်းဟုတ်တာကို။ :P တော်တော်တော့ ကြာပြီဖြစ်
လို့ ကိုရီးယားကားနာမည်လည်း မမှတ်မိတော့သလို အရင်လို link လည်းမပေးနိုင်တော့ဘူး။ အဲ့တုန်းက
ဟန်နာ အသက် ၁၂ နှစ်ပဲရှိသေးတာလေ။ အဲ့ကားလေးက ကြယ်ခေါက်တာကို ဇာတ်လမ်းရဲ့
တစ်စိတ်တစ်ပိုင်းအဖြစ် ထည့်ရိုက်ထားတာမဟုတ်ဘူးနော်။ တစ်ကားလုံးမှာမှ မင်းသမီး ငယ်ငယ်တုန်းက
ကြယ်ခေါက်နေတဲ့ တစ်ခန်းပဲ ရှားရှားပါးပါး ပါတာ။ ဒါပေမယ့် ဟန်နာနဲ့ ရွယ်တူလောက်ရှိတဲ့
ကောင်မလေးက သူ့ လက်ဖြူဖြူဖွေးဖွေး လေးတွေနဲ့ ကြယ်အပြာရောင်လေး ကို ပြုံးပြုံးလေး
ခေါက်နေတာတွေ့ တော့ ဟန်နာတစ်ယောက်လည်း အားကျပြီး ကြယ်ခေါက်ချင်စိတ်တွေ တစ်ဖွားဖွား
( grandma ဖွားဖွားမဟုတ် :P ) ပေါ်လာတော့တာပေါ့။
      အဲ့ဒါနဲ့ ချက်ချင်းပဲ ဘေးက အဒေါ်တွေကို ကြယ်ခေါက်တတ်လားလိုက်မေးတယ်။ ဒီနေရာမှ ခဏ
ကြောင်နာ အဲလေ..ကြော်ငြာ ၀င်မယ်နော်။ တစ်ခြားမဟုတ်ပါဘူး။ ဟန်နာ့အဒေါ်တွေကို ဟန်နာခေါ်ပုံလေး
ပြောပြချင်လို့ ပါ။ မဟုတ်ရင် ပိုစ့်တစ်ခုလုံး အဒေါ်အကြီး အလတ် အငယ်ဆိုပြီး ရိုက်နေရတော့
ဟန်နာလည်း လက်ညောင်းလို့ ။ :D အဒေါ်အကြီးဆုံးက ဆရာမမို့ လို့  '' အန်တီဆရာမ '' လို့ ခေါ်တယ်။
အဒေါ်လတ်က '' အန်တီခိုင် '' ၊ အငယ်ဆုံးကတော့ '' အန်တီမွန် '' တဲ့။ ဇာတ်လမ်းပြန်ဆက်ပါပြီ။ 
အန်တီဆရာမက သူတို့ ဆရာ့သင်တန်းတွေဘာတွေတက်ရင် အတန်းထဲက ကလေးတွေကို ပြန်သင
ဖို့ ကြယ်ခေါက်နည်း၊ လှေခေါက်နည်း၊ သေတ္တာခေါက်နည်း၊ ကြိုးကြာခေါက်နည်း အစုံသင်ရတော့
သူခေါက်တတ်တယ်တဲ့။ ဟန်နာလည်း ချက်ချင်းဆို ချက်ချင်း ကိုရီိးယားကားကို အတင်းပိတ်ခိုင်းပြီး
ကြယ်ဘယ်လိုခေါက်လဲ သင်ခိုင်းတော့တာပေါ့။ ကံကောင်းထောက်မစွာ အိမ်မှာ ကြယ်ခေါက်တဲ့
စက္ကူလေးတွေ ရှိနေတယ်။ အန်တီကလည်း မငြိုမငြင် သင်ပေးရှာတယ်။ ဟန်နာသင်နေတော့ ဘေးက
ကျန်တဲ့ အဒေါ်၂ယောက်၊ အကိုနဲ့ မောင်လေးလည်း မနေနိုင်တော့ဘူး ၊ သူတို့ ပါဝင်သင်တယ်။ အဲ့လိုနဲ
တူဝရီး ၆ယောက်တက်ညီလက်ညီ ကြယ်ခေါက်သင်နေကြတာကို အဖိုးက ပက်လက်ကုလားထိုင်ပေါ်ကနေ
ပြုံးပြုံးကြီး ကြည့်နေလေရဲ့။ အဲ့အချိန်မှာတော့ အဖွားမရှိရှာတော့ဘူး။ ခဏကြာတော့ အန်တီခိုင်
နဲ့ အန်တီမွန် ရသွားပြီ။ အကိုက ပုံဆိုးပန်းဆိုးလေး ၃ ခုလောက်ခေါက်ပြီးတော့ သားရသွားပြီဆိုပြီး
မသင်တော့ဘဲ ဟန်နာတို့ ခေါက်တာ ထိုင်ကြည့်နေတယ်။ မောင်လေးကတော့ ကလေးတို့ ထုံးစံအတိုင်း
ခဏကြာတော့ ပျင်းပြီး မသင်တော့ဘူး။ နောက်ဆုံး ဟန်နာတစ်ယောက်ပဲ ကျန်တယ်ပေါ့လေ။ ခေါက်လိုက်
ပျက်သွားလိုက် ၊ ခေါက်လိုက် ပျက်သွားလိုက်နဲ့ ခဏကြာတော့ ဟန်နာလည်း ခေါက်တတ်သွားပြီပေါ့။
ပျော်လိုက်တာဆိုတာ ပြောမနေပါနဲ့ တော့း) ဟန်နာခေါက်တတ်သွားပြီဆိုတော့ ကျန်တဲ့လူတွေက
ကိုရီးယားကား ပြန်ကြည့်နေကြတယ်။ ဟန်နာကတော့ ပြန်မကြည့်နိုင်တော့ဘူး။ ကျန်တဲ့ စက္ကူလေးတွေကို
မကုန်မချင်း ထိုင်ခေါက်နေတာ။ ကြယ်လေး တစ်ခုများ ခေါက်ပြီးသွားရင် ပီတိ ကိုဖြစ်လို့ ။ အဲ့လို
နဲ့ ကြယ်ရောင်စုံလေး နည်းနည်းခေါက်ပြီးသွားတော့ မေမေက အိပ်ဖို့ လာခေါ်တာနဲ့ပြန်လိုက်သွားရတယ်။
အိပ်ရာထဲမှာ အိပ်လို့ ကို မပျော်နိုင်ဘူး။ ကြယ်ခေါက်တတ်သွားပြီဆိုတဲ့ အတွေးနဲ့ ပျော်နေတာလေ။
အိမ်မက်ထဲ ထည့်မမက်ရုံတမယ်ပဲ။
   မနက်ရောက်တော့ ဟန်နာတစ်ယောက် သွားတိုက်မျက်နှာသစ်ပြီး အမေ၀ယ်လာတဲ့ မနက်စာတောင်
မစားတော့ဘူး  (ဘယ်စားမလဲ..အန်တီတို့ ဝယ်လာတဲ့ မုန့် ဟင်းခါးပဲ အ၀ဆွဲမှာကိုးးးး :P ) ဟိုဘက်အိမ်ကို
ပြေးတော့တာပေါ့။ အဲ့ရောက်တော့ ကြောင်အိမ်ထဲကို လှန်လှောရှာဖွေပြီး ကုန်တော့မယ့်ဆဲဆဲ အိုဗာတင်း
ထည့်ထားတဲ့ ပုလင်းကိုတွေ့ တယ်။ တွေ့ တွေ့ ချင်း ဘိုးဘိုးကို အိုဗာတင်းတွေ အတင်းဖျော်တိုက် ၊
ကုန်တော့မယ် ဆဲဆဲ လက်ကျန်ကို ဟန်နာတစ်ယောက် ဇွန်းနဲ့ ခပ်စားပြီး အပြတ်ရှင်းလိုက်တယ်။
ဒီလောက်ဆို ဟန်နာ ဘာလုပ်ချင်လို့ လဲဆိုတာ အားလုံး သိရောပေါ့း) ပြီးရင် အန်တီ၊ သမီး ဒီပုလင်းခွံ
ယူမယ်နော် ဆိုပြီး ပုလင်းကို ချက်ချင်းရေပြောင်အောင်ဆေးတော့တာ။ မဟုတ်ရင် အိုဗာတင်း
အနံ့ ကြီးတွေ ထွက်နေမှာစိုးလို့ လေ။ ရေပြောင်အောင်၃ခါ ၄ခါလောက် ဆပ်ပြာနဲ့ ပွတ်ဆေးပြီးတော့
လက်ကိုင်ပ၀ါနဲ့ ပုလင်းကို အကျအနသုတ်လိုက်တယ် ။ အန်တီတို့ ကတော့ သီရိ ဘာလုပ်မလို့ တုန်းတဲ့။
စောင့်ကြည့်ပေါ့ လို့ ။ ပုလင်းမှာက အိုဗာတင်းအနံ့ နည်းနည်းကျန်နေသလိုရှိတာနဲ့ အန်တီတို့ ကို
အနံ့ ပျောက် အောင် ဘာလုပ်ရမလဲဆိုတော့ အန်တီခိုင်က နေပူထဲသွားချထားတဲ့။ ပြောတဲ့အတိုင်း
သွားချထားပြီး နာရီဝက်လောက် ကြာအောင်စောင့်လိုက်ရတယ်။ အဲ့နာရီဝက်လုံး ဟန်နာတစ်ယောက်
ဂဏာ မျငိမ္ဘူး။ ခြံထဲ ပြေးကြည့်လိုက်၊ နမ်းကြည့်လိုက်၊ ပြန်လာလိုက်နဲ့ အလုပ်ကို ရှုပ်နေတာ။ ခြံထဲမှာ
ရှိတဲ့ ခွေး၂ကောင်ရန်ကလည်း ကြောက်ရသေးသကိုးးးးး ။အဲ့လိုနဲ့ အနံ့ ကမရှိသလောက်ဖြစ်သွားပြီ။
မသိမသာတော့ ကျန်နေသေးတာပေါ့။ ဟန်နာလည်း မစောင့်နိုင်တော့လို့ အန်တီခိုင့်အခန်းထဲက
မှန်တင်ခုံမှာရှိသမျှ ရေမွှေးတွေကို နမ်းကြည့်ပြီး သဘောကျတဲ့ အနံ့ လည်းတွေ့ ရော၊ ရေမွှေးပုလင်းကြီး ကို
အိမ်ရှေ့ ဆွဲယူလာတာ။ အန်တီက '' ဟဲ့ဟဲ့..ဘာလုပ်မလို့ လဲ..င့ါရေမွှေးတွေတော့ ကုန်ပါပြီတော် '' တဲ့။
ဟန်နာ ကလည်း သူကြိုက်လွန်းလို့ အလှတင်ထားတဲ့ ပုလင်းကိုမှ ဆွဲလာတာကိုးးးး :P '' သမီး အကုန်
မသုံးပါဘူး '' ဆိုပြီး ပုလင်းတစ်ခုလုံးကို ရေမွှေးတွေ ဖြန်းတော့တာပေါ့။ အနံ့ က သင်းနေတာပဲလား ၊မွှန်ထူ
ကုန်ပြီးလားတော့မသိ။ တစ်ပုလင်းလုံး ရေမွှေးအနံ့ တွေ ကြိုင်သွားတာပဲ။ ဒီလောက်ဆိုရပြီ ဆိုပြီး ဗီရို
တံခါးကိုဆွဲဖွင့်၊ အဖွားရှိတုန်းက သုံးခဲ့တဲ့ အပ်ချူပ်တဲ့ဘူးလေး ကို ယူချလာပြီး ဖွင့်လိုက်တော့ ထင်ထားတဲ့
အတိုင်း ဖဲကြိုးရောင်စုံလေး ၅ခု တွေ့ တယ်။ အပြာရောင်ဖဲပြားလေးကို ပုလင်းပေါ်ကပ်ပြီး တိတ် အကြည်
ကို အပေါ်က နေ ပုလင်းတစ်ပတ်ပြည့်အောင် ပတ်လိုက်တယ်။။ ပြီးရင် အဲ့တိတ်ပေါ်မှာ ဆော့ပင်လေးနဲ
'' Paper Wishing Stars '' ဆိုပြီး ရေးတော့မှ ဘေးကလူတွေ သိသွားကြတယ်။ ဒီလောက်ဆိုပြည့်စုံပြီဆိုပြီး
တစ်ပုလင်းလုံး လှည့်ပတ် ကြည့်လိုက်တော့ သေရော..သေရော။ ပုလင်းအဖုံးပေါ်မှာ အိုဗာတင်းဆိုတဲ့
စာသား ကြီးက ရှိနေတာကိုး။ တစ်ခေါင်းလုံးမှာရှိတဲ့ ဥာဏ်နီ ဥာဏ်နက် ဥာဏ်ပြာ ဥာဏ်ဝါ တွေအကုန်
ထုတ်ပြီး စဉ်းစားလိုက်တာ.... ကျောင်းကနေ မုန့် မစားဘဲ ၀ယ်ခဲ့တဲ့ ကပ်ခွာလေးတွေကို သွားသတိရပြီး
အဲ့အဖုံးပေါ် နေရာလွတ် မရှိအောင် ကပ်လိုက်တော့ ဟန်နာ့ ကြယ်ထည့်ဖို့ ပုလင်းလေး တော်တော်
ကြည့်ပျော် ရှုပျော် ဖြစ်သွားပြီ။ အန်တီမွန်က '' သမီးတော်တယ်။ အဲ့လိုမျိုးပဲ ပစ္စည်းတစ်ခုကို ၀ယ်တာထက်
ကိုယ်ကိုယ်တိုင်လုပ်တာက ပိုပြီး အမှတ်တရလည်းဖြစ်တယ်။ ငွေလည်းမကုန်ဘူး။ သမီးသာဆိုင်က
ယ်ရင် ငွေလည်းကုန်သလို သူများတွေမှာလည်း သမီးနဲ့ တူတဲ့ပုံမျိုးရှိနေမှာ၊ ခုလိုလုပ်လိုက်တော့
သမီးမှာပဲ သူများနဲ့ မတူဘဲ ထူးခြားတဲ့ ကိုယ်တိုင်လုပ် ပုလင်းလေးရှိတာပေါ့ ''တဲ့။ ဟန်နာခုထိ မမေ့သေးတဲ့
စကားလေးပါ။ အဲ့တုန်းက ဟန်နာတစ်ယောက် သဘောတွေကျလို့ ပေါ့။ ဟုတ် လို့ ပြောပြီးတာနဲ့ ညက
ခေါက်ခဲ့တဲ့ ကြယ်လေးတွေ ပစ်ထည့်လိုက်ပြီး အိမ်ဘက်ကို ၊ပြေး ၊ အမေ့ဆီကနေ ပိုက်ဆံတောင်းပြီး
ဟန်နာနဲ့ စတိုးဆိုင်ကိုလိုက်ခဲ့ဖို့ အဒေါ်တွေကိုသွား ပူဆာတော့တာ ။ နောက်ဆုံး ဟန်နာ ဂျီကျလွန်းတော့
အန်တီမွန် ကလိုက်ခဲ့ရှာတယ်။ စတိုးဆိုင်ရောက်တော့ ကြယ် ခေါက် တဲ့ စက္ကူလေးတွေ ၀ယ်ပြီး တစ်
နေ့ ခင်းလုံး ထမင်းမေ့ဟင်းမေ့ ခေါက်တော့တာပေါ့။ လက်ဖျား တွေ တောင် နာတယ်။ ပြီးရင် အဲ့
ကြယ်ပုလင်းကို အိမ်ပြန်သယ်မသွားဘူး။ အန်တီတို့ အိမ်မှာပဲ ကြယ်ခေါက်တဲ့ စာရွက်လေးတွေနဲ့ အတူ
ထားထားတာ။ မိုးလင်းလို့ ဟန်နာသွားကြည့်ရင် ကြယ်လေးတွေက များလာတယ်လေ။ ညဘက်
အိပ်မပျော်ရင် အဒေါ်တွေက ခေါက်ထားပေးတာကိုးးး ။
    အဲ့လိုနဲ့ ဟန်နာ့ ကြယ်လေးတွေ၂၅၀ ပြည့်တောမယ့်ဆဲဆဲမှာပုလင်းလေးလည်း ပြည့်သွားသလို
ဟန်နာလည်း ဖေဖေနဲ့ အတူ စင်္ကာပူဆိုတဲ့ နိုင်ငံကို လိုက်သွားရတော့မယ်လေ။ အပြီးပြောင်းတာဖြစ်
လို့ ပစ္စည်းတွေနဲ့  မနိုင်တဲ့ကြားက ဟန်နာ အဲ့ကြယ်ပုလင်းလေးကို ရအောင်ယူလာခဲ့တယ်။ လေယဉ်ကွင်း
မှာ ကျောပိုးအိတ်ကိုလွယ်၊ တစ်ဘက်က မောင်လေးလက်ကိုကိုင် ၊ တစ်ဘက်က ကြယ်ပုလင်းလေးကို
ကိုင်မျက်ရည်တွေဝဲပြီး ဟန်နာတို့ လေယဉ်ပေါ်တက်ခဲ့ကြတာ။ ဒီရောက်တော့ စားကြည့်စားပွဲပေါ် အလှ
ထားထားရတယ်လေ။ ပုလင်းလေးပြည့်သွားလို့ နောက်ထပ်ထည့်လို့ မရတော့တာနဲ့ ပုလင်းအသစ်
တစ်ပုလင်းဝယ်ခဲ့တယ်။ ဟန်နာကိုယ်တိုင် လုပ်ခဲ့တဲ့ ပုလင်းလေးလောက်တော့ အမှတ်တရမဖြစ်ဘူးပေါ့။
နောက်ပိုင်း အိမ်တွေပြောင်းတော့ ကြယ်ပုလင်းလေး ပျောက်သွားခဲ့တာ ကြာလှပြီ။ ဒီနေ့ ပြန်တွေ့ တော့
ပျော်လိုက်တာ။ ပုလင်းလေးကို ဖုန်တွေသုတ်ပြီး စာကြည့်စားပွဲပေါ်မှာအရင်လိုပဲပြန်တင်ထားလိုက်တယ်။
  ခုဆို ဟန်နာတို့ အဒေါ်တွေရော ဟန်နာပါ အသက်တွေ တစ်နှစ်တစ်နှစ် ကြီးသွားပြီ ။ ဒါပေမယ့်
ဒီပုလင်းလေးထဲက ကြယ်လေးတွေနဲ့ ဟန်နာတို့ အမှတ်တရတွေကတော့ ဘယ်တော့မှ ဟောင်းနွမ်း
ပျက်စီးသွား မှာမဟုတ်သလို မေ့လို့ လည်းရမှာ မဟုတ်တဲ့ အရာဝတ္ထုအဖြစ် ကျန်ရှိနေဦးမှာပါ...။
ခင်မင်လေးစားစွာဖြင့်
Wednesday, August 18, 2010
ဘယ်သူ့ ကို အပြစ်တင်ရမှာလဲ?
   ဒီနေ့ ကျောင်းအတွက် လိုအပ်တဲ့ စာရေးကရိယာ အသေးအမွှားလေးတွေ သွား
ဝယ်ဖို့ ကျောင်းဆင်းဆင်းချင်းPopular Book Shop ကို ရောက်တယ်။ အဲ့ကအထွက် တည့်တည့်မှာ
စိတ်ပျက်စရာ မြင်ကွင်းတစ်ခု တွေ့ လိုက်ရတယ်။ တရုတ်မကြီးတစ်ယောက်၊ ခန့် မှန်းခြေ အသက် ၃၅/၄၀
လောက်ရှိမယ်။ မက်တပ်ရပ် ခါးထောက်ပြီး ဖုန်းပြောနေတယ်။ သူ့ ဘာသာရိုးရိုးပြောနေတာ မ
ဟုတ်ဘူးနော်။ သူ့ ခြေထောက်အောက်မှာ အသက် အစိတ်လောက်ရှိမယ့် အမတစ်ယောက်၊ အဲ့မိန်းမကြီးရဲ့
ဖိနပ်ကြိုးကို စည်းပေးနေလေရဲ့။ အဲ့မိန်းမကြီးက ရယ်ရယ်မောမော ဖုန်းပြောလို့ ၊ အဲ့အမကတော့
မျက်နှာငယ်လေးနဲ့ စည်းပေးနေရှာတယ်။ ရှက်လည်းရှက်နေမှာ။ အဲ့အဖြစ်ကိုတွေ့ တော့
တော်တော်တရားကျဖို့ ကောင်းတဲ့ မိန်းမကြီးပဲလို့ တွေးမိတယ်။ ဖိနပ်ကြိုးတပ်ပြီးတော့ အဲ့အမ
ပြန်ကုန်းထတာတောင် မစောင့်ဘူး။ လမ်းလျှောက်ထွက်သွားလေရဲ့။ သူ့ စကတ် ဖားလားဖားလား ကြီးက
အဲ့အမ ပါးနဲ့ တောင် ရိုက်မိတော့မယ့်အတိုင်း။ လမ်းတစ်ဝက်လောက်ရောက်တော့ တစ်ချက်လှည့်ကြည့်ပြီး
'' Faster la'' လို့ အော်သွားတယ်။ တစ်လွှာလုံးမှာရှိတဲ့ လူနီးပါး လှည့်ကြည့်ကြတယ်။ သူတို့ လည်း ဟန်နာ
 တွေးတဲ့အတိုင်းတွေးရင် တွေးနေကြမှာ။ သူတို့ ထွက်သွားတော့ ဟန်နာလည်း ကိုယ့်လမ်းကိုယ်
ဆက်သွားပါတယ်။ စိတ်ထဲမှာတော့ ခုနေတာပေါ့။ လူချင်းမစာမနာ ဒီလိုလုပ်ခိုင်းတာကို ဘယ်လိုမှ
စဉ်းစားမရဘူး။
  ၂လွှာရောက်တော့ ဟန်နာ ၀ယ်နေကြဆိုင်လေးမှာ အကျီ င်္အသစ်လေးတွေ ရောက်နေတာတွေ့ 
လို့ သွားငမ်း..အဲလေ...သွားကြည့် :P မလို့ ဆိုင်ထဲဝင်သွားတယ်။ ဟန်နာဝင်သွားပြီး သိပ်မကြာပါဘူး၊
ခုနက မိန်းမကြီးတို့ လည်း ဆိုင်ထဲဝင်လာကြတယ်။ စိတ်ကိုညစ်သွားတာပဲ။ သူ့ မျက်နှာမြင်ရင် အကုသိုလ်
များလွန်းလို့ ပါ။ အဲ့မိန်းမကြီး အရောင်းစာရေးမလေးကို ဒုက္ခပေးနေတုန်း ခုနက အမ ဟန်နာ့
နားလာရပ်တယ်၊ ဘေးက အကျီ င်္ ပန်းဆီရောင်လေးကို သေသေချာချာ ကြည့်နေတာ အကြာကြီးပဲ။
လိုချင်လို့ ထင်တယ်။ ဟန်နာ ဆိုင်ထဲက ထွက်မလို့ လုပ်လိုက်တုန်း အဲ့ အမ ပါးစပ်က လွှတ်ခနဲ
ရေရွတ်လိုက်တဲ့ စကားတစ်ခွန်းကြောင့် ရပ်လိုက်မိတယ်။ အံ့သြသလို လန့် လည်းလန့် သွားတယ်။
သူပြောလိုက်တာက '' ဈေးကြီးလိုက်တာ'' တဲ့ ။ဟင်...ဒါဆိုသူက မြန်မာလား။ အနောက်ပြန်ဆုတ်ပြီး 
 '' အမက မြန်မာနိုင်ငံကလား'' လို့ မေးလိုက်တော့ သူက မျက်လုံးအပြူးသားနဲ့ ပြန်ကြည့်တယ်။
''ဟုတ်တယ်..ညီမလေး..'' တဲ့။ ကိုယ့်လူမျိုးချင်းတွေ့ လိုက်ရလို့ ဝမ်းသွားသွားပုံပဲ။အဲ့လိုနဲ့ သူ
နဲ့ စကားခဏလောက် ပြောဖြစ်တယ်။ သူက စောနက မိန်းမကြီးရဲ့ အိမ်မှာ maid လုပ်ကြောင်း၊
စင်္ကာပူရောက်တာ ၁ လကျော်ကျော်ပဲရှိသေးကြောင်း၊ အဲ့မိန်းမကြီးက အလုပ်တွေ အရမ်းခိုင်းကြောင်း၊သူ
အရမ်းပင်ပန်းရကြောင်း၊ အဲ့မိန်းမကြီးရဲ့တူတွေရှိလို့ အိမ်မှာ လွတ်လွတ်လပ်လပ် စိတ်အေးလက်အေး
မနေရကြောင်းတွေ ပြောပြပါတယ်။သူ့ ကိုသ နားသွားမိတယ်။ ကိုယ့်နိုင်ငံမှာ အဆင်မပြေလို့ သူများနိုင်ငံ
လာလုပ်ခါမှ ပိုဒုက္ခရောက်နေရရှာတယ်။ စကားပြောနေတုန်း သူ့ အိမ်ရှင် မိန်းမကြီးရောက်လာပြီး သူ့ ကို
ခေါ်သွားတယ်။ ဟန်နာ့ကိုတော့ အချိုသာဆုံးအပြုံးနဲ့ ပြုံးပြသွားပေမယ့် သူ့ စိတ်က ဘယ်လောက်
လူမဆန်ကြောင်း သိထားတဲ့ ဟန်နာ သူ့ ကို ၀တ်ကျေတန်းကျေပဲ ပြန်ပြုံးပြလိုက်မိပါတယ်။ သူ
တို့ ထွက်သွားတော့ အဲ့အမ ကြည့်နေတဲ့ အကျီင်္လေးကို ကိုင်ကြည့်မိတယ်။ အသားကတော့
သိပ်မကောင်းပါဘူး။ ဟိုနား ဒီနား သွားလောက်ဆိုရင်တော့ တော်တော် အဆင်ပြေမှာ။ ဈေးက $8 တဲ့။
၈ကျပ်ဆိုတာ မနည်းပေမယ့် ဒီလို အကျီင်္မျိုးအနေနဲ့ ဈေးက ၈ကျပ်ဆို အလွန်တန်တယ်လို့ ပြောရမှာပါ။
ဘယ်သူမဆို ကြိုက်ရင်တော့ ချက်ချင်း ၀ယ်လိုက်ကြမှာ အမှန်ပါပဲ။ ဒါပေမယ့်အဲ့ ပိုက်ဆံက
သူ့ အတွက် အလွန် ဈေးကြီးတဲ့ အထဲ ရောက်နေတယ်ဆိုတော့ သူ ရတဲ့ ပိုက်ဆံနဲ့ သူ့ အခြေအနေကို
 ခန့် မှန်းလို့ ရပါတယ်။
  ဟန်နာ စဉ်းစားကြည့်မိတယ်။.ဘယ်သူ့ ကိုအပြစ်တင်ရမှာလဲ။  ဒီလိုဖြစ်ဖို့ အကြောင်းဖန်လာတဲ့ကံကိုပဲ
အပြစ်တင်ရမှာလား? ကိုယ့်သားသမီး သူများတိုင်းပြည် သွားဖို့ agent ရဲ့လေချိုချိုလေးကိုယုံပြီး
ထည့်လိုက်တဲ့ သူ့ မိဘဆွေမျိုးကိုပဲ အပြစ်တင်ရမှာလား? ငယ်ငယ်တည်းက
ပညာတတ်တစ်ယောက်ဖြစ်အောင် မကြိုးစားခဲ့တဲ့ သူ့ ကိုယ်တိုင်ကိုပဲ အပြစ်တင်ရမှာလား? ဒါမှမဟုတ်
ဘယ်သူ့ ကိုအပြစ်တင်ရမှာလဲ???စဉ်းစားပေးကြပါဦး...
ခင်မင်လေးစားစွာဖြင့်
Monday, August 16, 2010
Tree Of Heaven
    ဒီနေ့ blog ထဲဝင်လိုက်တော့ cbox မှာရော post တွေမှာပါ comment တွေ တွေ့ လို့ အရမ်း
အကြောင်းလေး တင်ချင်စိတ်ဖြစ်လာလို့ ပါ။ ကြည်ဖို့  ဆိုင်းပြင်နေတဲ့ လူတွေလည်း ဇာတ်လမ်း
အကျဉ်းသိရတာပေါ့။
   သူ့ နာမည်က ဟီရိုစီဟန်နာတဲ့ ။ အဖေက ကိုးရီးယား အမေက ဂျပန် ။ ကိုရီးယား အများစုနေထိုင်ကြတဲ့
ဂျပန်နိုင်ငံက မြို့ လေးမှာ နေကြတာ။ သူ ငယ်ငယ်လေးမှာပဲ သူ့ အဖေဆုံးသွားတယ်။ သူကြီးလာတော့
သူ့ အမေက ဂျပန်ကို နောက်အိမ်ထောင်နဲ့ ပြန်လာခဲ့တယ်။ သူ့ ပထွေးမှာ သားတစ်ယောက်ပါလာတယ်။
ဟန်နာက သူ့ ကိုအကိုအရင်း တစ်ယောက်လို ကောင်းကောင်း မွန်မွန် ဆက်ဆံခဲ့ပေမယ့် သူကတော့
နောက်အိမ်ထောင်ပြုခဲ့တဲ့ သူ့ အဖေကို နာကြည်းစိတ်နဲ့ ဟန်နာ့အပေါ်လည်း အမြင်မကြည့်ခဲ့ဘူး။
အတူတူနေတဲ့ ကာလတစ်လျှောက်လုံးမှာ ဟန်နာ့က သူ့ ကို အရိပ်တစ်ကြည့်ကြည့်နဲ့ နွေးနွေးထွေးထွေး
ဆက်ဆံခဲ့ပြီး အထီးကျန်နေတဲ့ သူ့ ဘ၀ကိုလည်း သနားခဲ့တယ်။ သူ့ အကိုနာမည်က ယွန်စောတဲ့။
   ဟန်နာတို့ က တည်းခိုခန်းတွေ ပိုင်တယ်။ ဟန်နာ့အမေပိုင်တဲ့ တည်းခိုခန်းမှာ သူ့ အဒေါ်နဲ့ သမီး
တစ်ယောက်ကလည်းကပ်နေနေရတယ်။အဲ့သားအမိနှစ်ယောက်က အစပိုင်း မှာတော့
ဟန်နာလေးအပေါ်ကောင်းကောင်းမွန်မွန် ဆက်ဆံပေမယ့် ဟန်နာတို့ အမေနဲ့ အဖေအသစ်
ဟန်နီးမွန်းထွက်သွားတဲ့ နောက်မှာ ဟန်နာတို့ ကို ဆက်ဆံပုံတွေ ပြောင်းလဲလာခဲ့တယ်။ ကံဆိုးချက်က
ဟန်နာ့အမေက တည်းခိုခန်းနဲ့ ပတ်သတ်တဲ့ စာချုပ်စာတန်းတွေ အားလုံးကို အဲ့သားအမိ ကို ယုံကြည်
လို့ အပ်သွားခဲ့တယ်လေ၊စာချူပ်လက်ထဲမှာရှိနေတဲ့ သူတို့ သားအမိလည်း ကြာတော့အချိုးတွေ
ပြောင်းလာတာပေါ့။
   အဲ့သားအမိက ဟန်နာတို့ မသိအောင် တည်းခိုခန်းကို ရောင်းဖို့ ကြံစည်နေကြတယ်။ ဟန်နာ့အဒေါ်ရဲ့
သမီးနာမည်က မာယာ တဲ့။ မာယာက စာတော်တယ်။ မာယာ့ကို တိုကျိုတက္ကသိုလ်မှာ ထားဖို အတွက်
သူ့ အမေက ဟန်နာလေးတို့ ပိုင်တဲ့ တည်းခိုခန်းကို ခုလို ရောင်းဖို့ လုပ်တာပေါ့။ ကံကလည်း ဆက်တိုက်ကို
ဆိုးချင်တော့ ဟန်နာ့ အမေနဲ့ အဖေအသစ် ဟန်နီးမွန်းက ပြန်လာတဲ့ လမ်းမှာပဲ နှင်းမုန်တိုင်းနဲ့ ကြုံ
လို့ ကားတိုက်ပြီး နှစ်ယောက်စလုံး အသက်ဆုံးရှုံးခဲ့တယ်။ အဲ့ဒါကို သိသွားတဲ့ အဒေါ်နဲ့ မာယာက ဟန်နာ
တို့ ကိုမပြောကြဘူး ။ သူတို့ မိဘတွေ ဆုံးသွားပြီဆိုတော့ တည်းခိုခန်းကို လွတ်လွတ်လပ်လပ် ရောင်း
လို့ ရပြီပေါ့ဆိုတဲ့ အကြံနဲ့ ပျော်နေကြတာ။
  တစ်ချိန်တည်းမှာပဲ ဟန်နာ့ကို ယွန်စောက မောင်နှမသံယောဇဉ်ထက် ပိုလာခဲ့တယ်။ ချစ်လာခဲ့တယ်ပေါ့။
သူ ဟန်နာ့ကို ဖွင့်ပြောတယ်။ ဟန်နာက လက်မခံခဲ့ဘူး၊ သူက အကိုလို ပဲချစ်ချင်တာတဲ့။ ကြာလာတော့
ဟန်နာလည်း သူဟာ ယွန်စောကို ချစ်မိနေမှန်း သူ့ ကိုယ်သူ သိလာခဲ့တယ်။ စိတ်တွေ
အရမ်းမွန်းကြပ်လာတဲ့ ဟန်နာက မွေးရပ်မြေကိုစွန့် ပြီး သူတို့ ကျောင်းက စီနီယာတစ်ယောက်ပိုင်တဲ့
တိုကျိုက ဟိုတယ်မှာ အလုပ်သွားလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ သူယွန်စောကို ထားခဲ့တယ်။ နောက်ပိုင်း
ယွန်စောလည်း ပျောက်သွားတယ်။ ဘာသတင်းမှ မကြားရတော့ဘူး။ အဲ့လိုနဲ့ နှစ်တွေကြာလာခဲ့တယ်။
     တစ်နေ့ ယွန်စောကို ပြန်တွေ့ ရင် ပြောဖို့ ကိုရီးယားစကားတွေ ကြိုးစားသင်နေတဲ့ ဟန်နာဟာ
ယွန်စောကို လူဆိုးဂိုဏ်းရဲ့ ခေါင်းဆောင် တစ်ယောက်အဖြစ် ပြန်တွေ့ လိုက်ရတဲ့အချိန်မှာတော့
ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာ ဟန်နာပေးထားတဲ့ လင့်ခ် လေးထဲမှာ သွားကြည့်ကြပေါ့နော်.... :D
ခင်မင်လေးစားစွာဖြင့်
Sunday, August 15, 2010
ကျေးဇူးပါ...
   ဟန်နာတို့ ငယ်ငယ်တုန်းက နေတဲ့ ခြံထဲမှာ အိမ် ၂ လုံးဆောက်ထားတာ။ တစ်လုံးက တစ်ထပ်တိုက်။ အဲ့
မှာ ဟန်နာ့ အဘိုးအဘွား နဲ့ အဒေါ် သုံးယောက်နေတယ်။ ဒီဘက် ဘေးမှာတော့ ဟန်နာတို့ မိသားစု
ငါးယောက်နေတဲ့ ပျဉ်ထောင်အိမ်လေးပေါ့။ လက်ထပ်ပြီး သီးသန့် အေးအေးဆေးဆေး နေချင်တဲ့ ဖေဖေ
နဲ့ မေမေအတွက် အဖိုးက သူ့ ခြံထဲမှာပဲ ပျဉ်ထောင်အိမ်လေး တစ်လုံး ဆောက်ပေးခဲ့တာတဲ့။
တစ်အိမ်စီနေပေမယ့် ဟန်နာတို့ မောင်နှမတွေက မိုးလင်းတာနဲ့ အဘိုးတို့ ဘက်ကိုပြေးတာ။
 အဒေါ်တွေကလည်း အပျိုကြီးတွေ။ သူတို့ မှာ ချစ်ရမယ့် လင်ယောင်္ကျားနဲ့  သားသမီးတွေ မရှိလေတော့
ဟန်နာတို့မောင်နှမ သုံးယောက် ကိုပဲ အချစ်ပိုခဲ့ကြတာပေါ့။ ဟန်နာတို့ ကအဒေါ်တွေကို
သံယောဇဉ်ရှိသလို အရမ်းလည်းနိုင်တယ်။
            ဟန်နာ အသက် ကိုးနှစ် ဆယ်နှစ် လောက်ရောက်တော့ အဒေါ်တွေရဲ့ အားကိုးရာ အတိုင်ပင်ခံ
ဖြစ်ခဲ့တယ်။ ဆရာမဖြစ်တဲ့ အဒေါ်အကြီးဆုံးက သူ့ ကျောင်းမှာ ကျောင်းသားတွေ
ဘယ်လောက်ဆိုးကြောင်းပြောရင် ဟန်နာက '' အန်တီရယ်...အဲ့လိုမျိုးက တုတ်နဲ့ ဆော်ပလော်တီးပစ်ရ
မှာ'' ဘာညာ စသဖြင့်ပေါ့။  အလှအပ ကြိုက်တဲ့ အဒေါ်လတ်ကျတော့ တစ်မျိုး။ သူ အပြင်သွားမ
လို့ အလှပြင်နေရင် ဟန်နာတို့ က ဘေးမှာရှိနေကြ။ '' ဒီအကျီ င်္နဲ့ ဒီထမီလိုက်တယ်'' ..'' ဒီဟာ ၀တ်ရင်
ဒီနှုတ်ခမ်းနီ လေးဆိုးသွား '' ဆိုပြီး ဒီဇိုင်နာလည်း ၀င်လုပ်ခဲ့သေးတာ။ ကိုယ်အကြံပေးတဲ့ အတိုင်း ၀တ်များ
ဝတ်သွားရင် ဟန်နာတို့ သဘောကိုကျလို့ ။ အဲ့ဒါကြောင့် ဘာလိုလိုနဲ့ အဲ့တုန်းက ဒီဇိုင်နာဖြစ်ချင်တဲ့
စိတ်လေးတောင် ၀င်ခဲ့သေးတယ်။ :P အဒေါ်အငယ်ဆုံးက ရုံးဝန်ထမ်း ၊ တစ်ခါတစ်ခါ သူ့ ရုံးက
စာရင်းဇယားတွေနဲ့ သူခေါင်းစားနေပြီဆိုရင် ဟန်နာတို့ မောင်နှမတွေကလည်း ဟုတ်ဟုတ်မဟုတ်ဟုတ်
ဝင်စားပေးလိုက်တာပဲ။
        အဒေါ်တွေကလည်း ကလေးတွေဆိုပြီး ပေါ့ပေါ့တန်တန် မလုပ်ခဲ့ကြဘူး။ ဟန်နာတို့ ပြောသမျှကို
အလေးအနက်ထား၊ ဒါကမှန်တယ် ဒါကမှားတယ်ဆိုပြီး ဝေဖန်ပိုင်းခြားပေးခဲ့တယ်။ လူကြီးသူမတွေက
တစ်ခုခုမေးရင် သွက်သွက်လက်လက် ဖြေတတ်အောင် သင်ပေးထားတယ်။ ဧည့်သည်လာ
လို့ အဲ့ဧည့်သည်ကို ဟန်နာ့အဖေ သူတို့ မောင်နဲ့ မိတ်မဆက်ပေးရင်သာ ရှိမယ် ။ ဒါပေမယ့် ဟန်နာ
တို့ ကိုတော့ '' ဒါကျွန်မတို့ တူတွေ တူမတွေလေ '' လို့ ပွဲထုတ် မိတ်ဆက်ပေးလေ့ရှိတယ်။
လူတောတိုးရဲအောင်..လူမကြောက်အောင်တဲ့။ ဟန်နာတို့ ခုလို သူများတိုင်းပြည်မှာ
မကြောက်မရွံ့ သွက်သွက်လက်လက် လူတောတိုး၊ လူမကြောက်တတ်တာဟာ အဒေါ်တွေရဲ့ ကျေးဇူးတွေပါ။
သူတို့ လက်အောက်မှာသူတို့ ကလေးသဖွယ် ကြီးပြင်းလာတဲ့ ဟန်နာတို့ မောင်နှမတွေကို သူတို့ 
လိုချင်တဲ့၊ကောင်းတဲ့ ပုံစံသွင်းခဲ့တာပါ။ ဟန်နာ့ဘ၀မှာ ဟန်နာ့မိဘတွေပြီးရင် အဒေါ်တွေက
ကျေးဇူးရှင်တွေ၊ ဟီးရိုးတွေ ပါပဲ ။ဒါကြောင့် ဒီpost လေးနဲ့ အတူ မြန်မာပြည်မှာ ရှိတဲ့ ဟန်နာ့ အဒေါ်တွေကို
ကျေးဇူးတင်ကြောင်း ဂါရ၀ပြုလိုက်ပါတယ်....
ခင်မင်လေးစားစွာဖြင့်
Friday, August 13, 2010
ဟန်နာ ဖြစ်ပေါ်လာပုံ
    ဒီ blog လေး လုပ်ပြီးမှ ထူးထူးခြားခြား ရေးစရာ မရှိတာက တစ်ကြောင်း ၊ မအားတာက တစ်ကြောင်း ၊
အားပြန်တော့လည်း ရေးစရာမရှိ ရေးချင်စိတ်မရှိတာ က တစ်ကြောင်းနဲ့  blog ထဲ ဘာ post မှ
မရေးဖြစ်ခဲပါဘူး ။ ခုတော့ ကိုယ့်အိမ်အသစ်လေးကို post မရှိဘဲ ဒီထပ်ကြာကြာ မထားနိုင်တော့
လို့ တင်လိုက်ပါပြီ။ ပေါက်ကရစာလေးတွေကို သည်းခံပြီး ဖတ်ပေးကြပါဦးနော်...။:D
     ဟန်နာဆိုတဲ့ နာမည် ဖြစ်ပေါ်လာပုံလေးကို ပြောပြပ့ါမယ်..ဒီနာမည်က အိမ်နာမည်လည်း မဟုတ်သလို
မိသားစုကလွဲပြိး ဘယ်သူမှ မသိကြပါဘူး ။ဟန်နာ့ နာမည် အရင်းက သီရိသူပါ ။ ဒီဟန်နာဆိုတဲ့
နာမည်ဖြစ်ပေါ်လာတာကတော့ ကိုရီးယားလိုလို ဂျပန်လိုလို ကားကြောင့်ပေါ့လေ ။ :P ..လွန်ခဲ့တဲ့ ၂နှစ်
ဟန်နာတို့ ရန်ကုန်ပြန်တုန်းက ကိုရီးယားကား ကြိုက်တတ်တဲ့ ဟန်နာတို့ သားအမိအတွက် အဒေါ်တွေက
သိတတ်စွာ ကိုရီးယားကားတွေ ၀ယ်ပေးထားလေရဲ့ ။ အဲ့ဒီ့ထဲမှာ Tree Of Heaven ဆိုတဲ့ ကိုရီးယား ဂျပန်
တွဲရိုက်တဲ့ ကားလေးလည်းပါလာတယ် ။ အဲ့ကားမှာ ကိုရီးယား မင်းသမီးက ဂျပန်မလေးအဖြစ်
သရုပ်ဆောင်တာလေ..သူ့ နာမည်က ဟီရိုစီဟန်နာ တဲ့..ဟဲဟဲ ။ အဲ့ကားလေးက အရမ်း
လည်းကောင်းတယ် အရမ်းလည်း ငိုရတယ် ။ ဟန်နာတို့ ဆို မျက်ရည် တစ်စမ်းစမ်းနဲ့ ကြည့်တာ ။
နောက်ပြီး အဲ့ကားကြည့်ရင် အိမ်ကလူတွေကို အမြဲစလေ့ရှိတယ် ။ '' ဟယ်..ကြည့်စမ်း၊
ဟန်နာရယ်ပုံလေးက ငါနဲ့ တူလိုက်တာ " လို့ ။ ကြာတော့ သူတို့ လည်း အမြင်ကတ်လာ ပုံပေါ်တယ်..မောင်
အငယ်ဆုံးကနေစပြီး '' မမဟန်နာရေ..ဝေးးးးမမဟန်နာ '' ဆိုပြီး နောက်ခေါ်တယ်လေ။
ရန်ကုန်မှာနေနေတဲ့ တစ်လလုံး အိမ်က နောက်ပြီး ခေါ်ခေါ်နေတာ...ခုထိလည်း သတိရရင်
ခေါ်နေတုန်းပဲ...အစကတော့ နာမည်ကြီး က တစ်မျိုးကြီးပဲလို့ ၊ နောက်တော့ တစ်ဖြည်းဖြည်း
ကြိုက်လာတယ် ။း)
  ဒါကတော့ ဟန်နာ မျက်ရည်တစ်စမ်းစမ်းနဲ့ ကြည့်ခဲ့တဲ့ Tree Of Heaven ကားလေးလေ....
အင်္ဂလိပ် စာတန်းထိုးနဲ့ ကြည့်ချင်ရင် ဒီ ကိုသွားလို့ ရတယ်..။
        ခုဒီ blog လေး လုပ်ဖြစ်တော့ နာမည်ပေးဖို့ ကို နာမည်အရင်းလည်း မပေးချင်ဘူးလေ ။ ဟန်နာက
အမြဲတမ်း တစ်ခုခုဆို နစ်နိမ်းလေးပဲ ပေးချင်တာ ။ ခေါင်းခြောက်အောင် စဉ်းစားနေတုန်း ဒီ နာမည်လေး
သွားသတိရတယ် ။ အတော်ပဲဆိုပြီး ဟန်နာလို့ ရေးချလိုက်တာပေါ့ ။
သူငယ်ချင်း တို့ အမြင်မှာတော့ နာမည်က တစ်မျိုးကြီးဖြစ်နေမှာပေါ့....။ဟုတ်တယ်ဟုတ်...:D
ဒီလောက်ဆို post အသစ် တင်လိုက်ရလို့ နေသာ ထိုင်သာရှိသွားပြီ ။
နောက်ထပ် post တွေကတော့ မကြာမှီ လာမည် မျှော်........... :D
ခင်မင်လေးစားစွာဖြင့်