Saturday, January 1, 2011
Happy New Year 2011
   ဘာလိုလိုနဲ့ နှစ်တစ်နှစ်တောင် ကုန်သွားပြန်ပြီ။ တခြား သူတွေတော့ မသိဘူး၊ ဟန်နာတော့ စင်္ကာပူမှာ
နေတာ အချိန်ကုန်အရမ်းမြန်သလိုပဲ။ အဟုတ်။ ရန်ကုန်မှာဆို နှစ်တစ်နှစ်ကို အကြာကြီး လိုပဲ။ ဒီရောက်
တော့ ဘာမှလည်းမဟုတ်ဘူး။ မနက်စောစောထ ကျောင်းသွားလိုက်၊ ကျောင်းက ပြန်လာလိုက်၊
စာတွေကျက်လိုက်၊ တစ်နေ့ တစ် နေ့ ကွန်ပျူတာရှေ့ မှာ အချိန်တွေကုန်သွားလိုက်၊ ပျော်လိုက်၊ ၀မ်းနည်း
လိုက်၊ ရယ်လိုက်၊ ငိုလိုက်နဲ့ ၂၀၁၀ ကြီးပြီးသွားပြီဆိုတာ ယုံတောင်မယုံချင်ဘူး။ မနေ့ ကတော့ ဟန်နာ
တို့ မိသားစု Marina Bay ဘက် မှာအေးဆေး ထိုင်မယ်ဆိုပြီးသွားတာ၊ ဟိုရောက်တော့ ထိုင်ဖို့ မပြောနဲ့ ၊
လမ်းလျှောက် တာတောင် ပုရွက်ဆိတ် ခြေလှမ်းလှမ်းနေရတယ်။လူတွေဆိုတာ အများကြီးပဲ။ တိုးလို့ ကို
မပေါက်နိုင်ဘူး။ တချို့ ဆို အခင်းတွေ၊ စားစရာ သောက်စရာတွေနဲ့ အေးအေးဆေးဆေး 
 ပျော်ပွဲစားထွက်သလို လုပ်နေကြတာ။ countdown လုပ်ဖို့ စောင့်နေကြ တာ နေမှာပေါ့။ သူတို့ မို့ အဲ့လို
နေနိုင်တယ်။ ဟန်နာဆိုမရဘူး။ လူတွေက အများကြီးနဲ့ နေရတာ စိတ်ရှုပ်ဖို့ ကောင်းတယ်။ သူတို့ 
countdown လုပ်ရင်တော့ ကိုယ်လည်းဝင်ပါချင်သား :P ပျော်ဖို့ ကောင်းမှာ။ ဒါပေမယ့် အဲ့ဒါအော်ဖို့ ၁၂
နာရီထိ အဲဒီ့မှာ ဟိုရောင်ရောင်ဒီရောင်ရောင် မနေချင်တာနဲ့ ပဲ လမ်းနည်းနည်းပါးပါးလျှောက်၊ ဓါတ်ပုံ
နည်းနည်း ပါးပါးရိုက်ပြီး ပြန်လာခဲ့တယ်။ အိမ်ရောက်တော့ တခြားသူတွေက အရမ်းပင်ပန်းလို့ အိပ်ကုန်ပြီ။
ဟန်နာလည်း အိပ်တော့မလို့ ပဲ။ အိပ်ရာထဲရောက်မှ ဟိုလှိမ့်ဒီလှိမ့် နဲ့ အိပ်မပျော်လို့ ရန်ကုန်မှာ မပြတ်နိုင်ပဲ
ဒီထိ ပါလာတဲ့ ကိုရီးယားကားကို ကြည့်လိုက်တယ်။ ကြည့်နေရင်း ၂၀၁၁ ကိုကူးသွားတာတောင် မသိလိုက်
ဘူး။ Happy New Year ဆိုပြီး အော်သံတွေတော့ ကြားသား။ ၁၂ နာရီထိုးပြီလားဆိုပြီး နာရီလည်းပြန်လှည့်
ကြည့်မနေတော့ဘူး၊ ဟီးးး။ ကိုရီးယားကားထဲ မျောနေတာလေ။ သူများတွေက တက်တက်ကြွကြွ
နဲ့ နှစ်သစ်ကိုကြိုနေကြတုန်း ဟန်နာတို့ အိမ်သားတွေကတော့ အိပ်ပြီးကြိုကြတယ်။ ဒီလိုပဲ နှစ်သစ်ကို
အိပ်ပြီး ကြိုလာတာ ဘယ်နှစ်နှစ်ရှိပြီလဲတောင် မသိတော့ဘူး။ :D ဒါပေမယ့် ဒီနှစ် ဟန်နာကတော့
နှစ်သစ်ကို ကိုရီးယားကားကြည့်ပြီး ကြိုတယ်လေ :P( ကြည့်ရတာ ဒီနှစ်ကို ရှေ့ လျှောက် ကိုရီးယားကား
များများ ကြည့်ရတော့မယ်ဆိုတဲ့ နမိတ် လက္ခဏာလား မသိဘူး :D) ကိုရီးယားကားက ရန်ကုန်က ၀ယ်
လာတာ။ ဒီရောက် တဲ့ထိ ကြည့်လို့ မပြီးနိုင်သေးဘူး။ မနေ့ ညကမှ မျက်လုံးကို အတင်းပြူးပြဲပြီး ကြည့်လိုက်
တာ ပြီးသွားတယ်။ (နောက်မှပဲ အဲ့ကိုရီးယား ကားအကြောင်း ရေးပါဦးမယ် :)
 နှစ်တစ်နှစ်ပြီးသွားတော့ မနှစ်က ဟန်နာ နဲ့ အရင်နှစ်တွေက ဟန်နာ ဘာကွာသွားလဲဆို ဘာမှကွာမသွား
ပါဘူး ( အသက်တော့ ၁ နှစ်ကြီးသွားတာပေါ့နော်)။ ဒီနှစ်အတွက်ကော ဘာတွေ အစီအစဉ်ဆွဲပြီးပြီလဲဆို
ဘာမှ မဆွဲရသေးဘူးလို့ ပဲပြောရမှာပဲ။ အဓိက ကတော့ စာကို ဒီထက်ပို ဖိကြိုးစားမယ်။ စာတွေလည်း
အများကြီးရေးမယ်။ (ကိုရီးယားကားတွေလည်း အများကြီးကြည့်မယ် :P ) ဒါပါပဲ။ ဖြစ်နိုင်ရင်တော့ လာ မယ့်
၂၀၁၁ မှာ ဘာအပြောင်းအလဲမှမကြုံချင်ဘူး။ အထူးသဖြင့် အဆိုးတွေ ပေါ့။ ကိုယ့်လက်ရှိဘ၀ကိုပဲ
ကျေနပ်ပါပြီ။ လောဘလည်းမကြီးချင်ဘူး။ အလိုကြီးတော့ အရနည်း ဆိုတဲ့ စကားလည်းရှိတယ်လေ။
အဲ့တော့ ကိုယ်ဖြစ်ချင်တာကိုပဲ တစိုက်မက်မက် ကြိုးစားသွားမယ်။ အဲ့ဒါဆို ဖြစ်မလာတဲ့အခါ အရမ်းကြီး
မခံစားရတော့ဘူး ပေါ့။ ဟန်နာရဲ့ ၂၀၁၁ အစီအစဉ်လေးက တော့ဒါပါပဲ။ စကားမစပ် ခုတလော ဘလော့ဂ်
ကို ပစ်ထားတာကြာပြီ။ စာမေးပွဲရှိတာက တစ်ကြောင်း ဆိုပေမယ့် ပြီးသွားတာက ကြာပြီ။ စာမေးပွဲအရှိန်
နဲ့ အတိုးချအိပ်နေတာ :P ရန်ကုန်လည်းပြန်သွားသေးတယ်။ ရန်ကုန်မှာတော့ အင်တာနက် မသုံးဘူးပေါ့။
ပြန်လာတော့လည်း ခုနက ပြောတဲ့ ကိုရီးယားကားကို ကြည့်နေတာ တခြား ဘာမှ မလုပ်ဖြစ်ဘူး။ ဒီနေ့ မှ
လာကြည့်တာ ဘလော့ဂ်လေးက ဖုန်တောင်တက်နေပြီလားမသိဘူး။ :D ခုလောလောဆယ်တော့
ဒီလောက်ပါပဲ။ နောက်မှ ရန်ကုန်ပြန်တဲ့ အကြောင်းတွေ၊ ကြည့်ထားတဲ့ ကိုရီးယားကားအကြောင်းတွေ
အများ ကြီး ရေးစရာရှိသေးတယ်။ မကြာမှီလာမည် မျှော်.. :)
အားလုံးပဲ ပျော်ရွှင်သော နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေ...။
ခင်မင်လေးစားစွာဖြင့်
Friday, October 15, 2010
ချစ်စရာကောင်းသော တရုတ်ဘုန်းကြီးငယ်လေး များ
fwd mail ထဲကရတာ။ ချစ်စရာကောင်းလို့ တင်ပေးလိုက်ပါတယ်။ ခုတလော ပို့ စ်အသစ်လည်းမတင်ဖြစ်။
စာရေးချင်စိတ်လည်း မရှိ၊ ဘာရေးရမှန်းလဲမသိလို့ ပုံလေးတွေတင်ပေးလိုက်တယ်။ အဲ့ပုံလေးတွေကြည့်ပြီး
တရုတ်သိုင်းကားတောင် ကြည့်ချင်စိတ်ပေါ်လာတာ စာမေးပွဲရှိလို့ မနည်းအောင့်ထားရတယ်။ :(
ခင်မင်လေးစားစွာဖြင့်
Friday, September 24, 2010
နှိုးစက်လေး
 မနက် ၅ နာရီခွဲ ဒေါင်ကနဲနေတာနဲ့ နှိုးစက်သံက နားမခံသာ အောင် မြည်လာတတ်
တယ်။ အရင်တုန်းကတော့ alarm သံလေးကို သဘောကျလွန်းလို့ ခဏခဏ ဖွင့်ပြီး
နားထောင်တာ၊ ခုတော့ အဲ့ဒီ့ အကြိုက်ဆုံး tune က ကမ္ဘာပေါ်မှာ ရှိရှိသမျှ အသံပေါင်းစုံ
ထဲမှာ အမုန်းဆုံး အသံဖြစ်နေပြီ။ တကယ်..တကယ်..
ဟန်နာ ညဘက်ကို လုံးဝ ညည့်နက်တဲ့ အထိမအိပ်ဘဲ စာကျက် ဆို ကျက်နိုင်တယ်။ 
မနက်အစောကြီးတော့ လုံးဝမထချင်တာ။ မနက် ဆို တစ်ခါတစ်လေ နှိုးစက် မမြည်ခင် လူက နိုးနှင့်နေပြီ။
ဒါပေမယ့်လေ၊  သိတယ်မဟုတ်လား။ မျက်လုံး တွေ ပြူးကျယ်ပြီး အိပ်ရာထဲမှာ မနေချင်တော့ တဲ့အဆုံးမှ
အိပ်ရာက ထချင်တာ။ အဲ့မ တိုင်ခင် ရသမျှ အချိန်လေးကို ကုတ်ကပ်ပြီး အတင်းအိပ်နေတာ။ အဲ့လိုမျိုး
နိုးနှင့်ပြီဆိုရင် နှိုးစက်သံ မြည် တော့မလား၊ မြည်တော့မလားနဲ့ ။ မြည်ပါပြီ ဆိုရင် မျက်နှာကို ရှုံ့ မဲ့ပြီး
နှိုးစက်ကို ထပိတ် သေးတယ်။ ပြီးရင် နောက် ၃ မိနစ် ၄မိနစ်နဲ့ မရတော့တာကို အတင်း  ပြန် အိပ်နေသေး
တယ်။ အဲ့လိုအိပ်နေရင်းနဲ့ပြန် တောင် အိမ်ပျော်သွားတတ် လို့ အမေ ကိုယ်တိုင် တစ်ခါတစ်လေ
လာနှိုးရတာ မျိုးလည်း ရှိတယ်။ တစ်ခါတစ်လေ နှိုးစက်ကို ရိုက်ခွဲချင် စိတ်လည်း ပေါက်မိတယ်။
အဲ့ဒါတောင် အဲ့ဒီ့ နှိုးစက်ကို မနက် ကျောင်းသွားခါနီး ရင် ကိုယ့်ဘာသာ ထမယ် ဆိုပြီး ၀ယ်ခိုင်းထားတာ။
အမေက သူလာနှိုးပါ့မယ် ဆိုတာကို မရဘူးလေ။ ဖုန်းနဲ့ alarm ပေး ဆိုလည်း မရဘူး။ ကိုယ်ပိုင်နှိုးစက်
ဝယ်ပေးထားတာလေ။ ရခါစက နာရီလေးက ချစ်စရာလေးဆိုပြီး စားပွဲပေါ်တင် ထားတဲ့ နာရီကို တစိမ့်စိမ့်
ကြည့် ပြီး အသံလေးကို နားထောင်လိုက်နဲ့ ဖြစ်ပျက်နေတာ။ တကယ့်တကယ် နှိုးစက် သံကြောင့်
ထရတော့မယ်လည်း ဆိုရောအရင်က ခဏခဏ နားထောင်ခဲ့တဲ့ အသံလေးကိုလည်း ခုချိန်မှာ ဘာနဲ့ မှ
နှိုင်းလို့ မရအောင်ကို မုန်းတီးနေပြီ။ စနေ တနင်္ဂနွေလို့ စောစော မထရဘဲ စိတ်ကြည်နေတဲ့
နေ့ မျိုးဆိုရင်တော့ နှိုးစက်ကို အ၀တ်နဲ့ သေချာ ဖုန်တွေ ဘာတွေသုတ်ပြီး အ ရင်လို တသသနဲ့ ပေါ့။
စောစော ထရတဲ့နေ့ မျိုးဆိုရင်တော့ နှိုးစက်ကို ၀ုန်းဒိုင်းနဲ့ ကွဲသွားလည်း အေးတာပဲ ဆိုတဲ့ စိတ်မျိုး။ ဒီ
နေ့ တော့ စနေနေ့ မို့ လို့ ၉ နာရီမှ အိပ်ရာထပါတယ်။ နှိုးစက်လေး နားတယ်ပေါ့လေ။ ခု ဒီပို့ စ်လေးရေးပြီး
ခဏနေရင် စာကျက် ပါ တော့မယ်။
အားလုံးပဲ ပျော်စရာ weekend လေးဖြစ်ပါစေရှင်...
ခင်မင်လေးစားစွာဖြင့်
Friday, September 17, 2010
သူငယ်ချင်းဆိုတာ...
      လူရယ်လို့ ဖြစ်လာရင် ဘယ်သူမှ တစ်ယောက်တည်း နေလို့ မရပါဘူး။ ကိုယ့်ဘက်မှာ မားမားမတ်မတ်
ရပ်တည်ပေးပြီး လိုအပ်ချိန်တိုင်းမှာ ဖေးမကူညီနှစ်သိ့မ်အားပေးမယ့် တစ်စုံတစ်ယောက်တော့ လိုတာပဲ။ အဲ့
 တစ်စုံတစ်ယောက်က ဘယ်သူတွေလဲဆို မိသားစု၊ ညီအကိုမောင်နှမ၊ ဆွေမျိုးအသိုင်းအ၀ိုင်း နဲ့ သူငယ်
ချင်းတွေပဲပေါ့။ သူငယ်ချင်းဆိုလို့ ဘ၀မှာ သူငယ်ချင်းတစ်ယောက်ရဲ့ အရေးပါမှုကို ပြောပြချင်တယ်။ ပတ် 
ဝန်းကျင်မှာ သူငယ်ချင်း အပေါင်းအသင်းမရှိဘဲ တစ်ယောက်တည်း နေကြတဲ့ သူတွေကို တွေ့ ဖူးမှာပေါ့။
သူတို့ ကိုယ်တိုင်က သူတို့ ဘ၀မှာ ဘာသူငယ်ချင်း မှမလိုအပ်ဘူးလို့ ကြွေးကြော်ထားကြပေမယ့် အဲ့ဒါဟာ
သူတို့ စိတ်ကို သူတို့ ညာနေတာပါ။ သူတို့ ဘယ်လောက်ပဲ စိတ်တင်းထားပါစေ၊ သူငယ်ချင်း မရှိတဲ့ သူတို့ 
ဘ၀မှာ အထီးကျန်တာကိုတော့ တစ်ခါတစ်လေ ခံစားရမှာပဲ။ ဘေးကလူတွေ သူငယ်ချင်းတွေနဲ့ ရယ်မော
ပျော်ရွှင်နေကြရင် သူလည်းပဲ မသိမသာ အားကျမှာပဲ ( ကိုယ်တွေ့ ပါ :)  သူတို့ လိုလူမျိုးတွေကို ပိုလို့ 
တောင် နွေးနွေးထွေးထွေး ဆက်ဆံရဦးမယ်။ အဲ့လိုလူမျိုးနဲ့ ကြုံခဲ့ရတဲ့ ဟန်နာ့အဖြစ်လေး ပြောပြချင်ပါတယ်
။ မနှစ်တုန်းက ဟန်နာတို့ အတန်းထဲကို ကျောင်းသူ အသစ် မြန်မာမလေး တစ်ယောက် ယောက်လာပါ
တယ်။ သူက အရမ်းအေးတယ်၊ စကားနည်းတယ်။ စကားပြောရင်လည်း တိုးလွန်းလို့ ၃၊၄ ခါလောက် ပြန်
မေး မှ ကြားရတယ်။ သူက သဘောကောင်းပေမယ့် အတန်းထဲက လူတွေနဲ့ သိပ်ပြီး အခေါ်အပြော မလုပ်
ဘူး။ အင်္ဂလိပ်စကား မပြောတတ်လို့ လားဆိုတော့လည်း မဟုတ်ပြန်ဘူး။ ထမင်းစားချိန်မှာ သူတစ်ယောက်
တည်းစားနေရင် သွားထိုင်၊ စကားပြော တဲ့လူတွေရှိပါတယ်။ ခတ်တာက သူက စကား အလွန်နည်းတာပဲ ။
အဲ့တော့ သူ့ ပုံစံနဲ့ ဒီက စလုံးမလေးတွေနဲ့ မကိုက်ဘူးပေါ့လေ။ ဟန်နာလည်း မြန်မာလို ဟိုမေးဒီမေး မေးပြီး
စကားစဖူးတယ်။ မေးလိုက်ရင်သူက Yes or No ပဲ ဖြေ( ဒါမှမဟုတ်) မေးတဲ့မေးခွန်းပဲ ဖြေပြီး စားစရာရှိ
တာ ဆက်စားနေတော့တာပဲ။ အဲ့လို ဆိုတော့ အရမ်းအေးလှပါတယ်ဆိုတဲ့ ဟန်နာကိုယ်တိုင်တောင် လက်
လျှော့ရပြီပေါ့။ အဲ့လိုနဲ့ ပဲ နှစ်တစ်ဝက် ကျိုးတာတောင် သူ့ မှာ သူငယ်ချင်း တစ်ယောက်တစ်လေ မရှိပါဘူး။
တစ်ချို့ တွေက သူ့ ကို facebook မှာမေးကြတယ်။ ဘာလို့ သူငယ်ချင်းတစ်ယောက် မှမရှိတာ လဲပေါ့။ သူ
ပြန်ပြောတာက '' I don't want'' တဲ့။ ကြာတော့ လူတွေလည်း သူ့ ကို မာနကြီး တယ် ထင်လာပြီး လျစ်
လျူရှုလိုက်ကြတယ်လေ။ တစ်နေ့ ကျောင်းကို ကိစ္စ တစ်ခုနဲ့ မိဘတွေ လိုက်လာ ကြရင်း ဟန်နာ့အဖေနဲ့ 
သူ့ အဖေ ရင်းနှီးသွားကြတယ်။ အပြန်လမ်းမှာ ဘတ်စ် ကားမှတ်တိုင်ထိ လျှောက်ပြီး စကားပြောနေရင်း
သူ့ အဖေက '' အေးဗျာ.. ကျွန်တော့ သမီးကတော့ ကျောင်းမှာ သူငယ်ချင်း ၃၊၄ ယောက်ရှိတယ်ပြောတာ
ပဲ။ သူ့ အတွက် မပူတော့ပါဘူးဗျာ '' လို့ ပြောလိုက်လို့  အံ့သြပြီး သူ့ ကို သနားသွားမိတယ်။ တကယ်တော့
သူလည်း အပြင်ပန်းကသာ ဘာမှ မဖြစ်ယောင်ဆောင်နေတာ၊ တကယ်တော့ သူလည်း အပေါင်းအသင်း
တွေနဲ့ နေချင်ရှာတာပဲ ဆိုပြီး မလုံမလဲကြည့်နေတဲ့ သူ့ ကို ပြုံးပြလိုက်မိတယ်။ တကယ်တော့ သူငယ်ချင်း
အပေါင်းအသင်းဆိုတာ မရှိမကောင်း ရှိမကောင်း မဟုတ်၊ ရှိကိုရှိသ့င်တဲ့ အရာပါ။ သူငယ်ချင်းတွေ ရှိတဲ့
အတွက် အနည်းဆုံး ကျောင်းတက်၊ အလုပ်သွားရတာ ပျော်မယ်။ ကိုယ့်ဘက်မှာ ရပ်တည်ပေးမယ့်လူရှိတဲ့
အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ရှိလာမယ်။ သူလဲရင် ကိုယ်က ထူပေးရသလို ကိုယ်လဲရင် သူက
လည်း ကြင်နာစွာနဲ့ ထူပေးလိမ့်မယ်။  သူငယ်ချင်းကောင်းတွေဟာ ဒီထက်မကတောင် စွမ်းဆောင်နိုင်ပါ
သေးတယ်။ အရှုံးနဲ့ ကြုံ တွေ့ လာရရင် င့ါမှာ မိသားစု၊ ညီအကို မောင်နှမ နဲ့ ဆွေမျိုးတွေ အပြင် ငါသိပ်ချစ်
တဲ့ သူငယ်ချင်းတွေပါ ရှိသေးတယ်ဆိုတာ သိရရင် အားတွေ တက်လာလိမ့်မယ်။  အဲ့ဒါကြောင့် တစ်ချို့ တွေ
က ပြောကြတယ်။ '' Life Will Be Meaningless If There Is No Friendship'' တဲ့လေ။ ဟန်နာကိုယ်တိုင်
လည်း ဟိုအရင် ကရှိခဲ့ဖူးတဲ့ သူငယ်ချင်းတွေရော၊ လက်ရှိရှိနေတဲ့ သူငယ်ချင်းတွေရော ၊ နောက်ရှိလာမယ့်
သူငယ်ချင်းတွေ အားလုံးကို တန်ဖိုးထားပြီး ဆက်ဆံပါတယ်။ သူတို့ ဟာ ဟန်နာ့ ဘ၀ရဲ့ တစ်စိတ်တစ်ဒေသ
ကနေ ပါဝင်နေလို့ လေ။ သူငယ်ချင်း ဆိုရာမှာ အပြင်က သူငယ်ချင်းတွေသာမက အွန်လိုင်းပေါ် ကနေတစ်
ဆင့် ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းတွေကို ပါ ဟန်နာ့ရဲ့ အဖိုးတန် သူငယ်ချင်းစာရင်းမှာ အလိုလို ထည့်သွင်းပြီး
သားပါ။ အဲ့ဒါကြောင့် သူငယ်ချင်းဆိုတဲ့ အရာကို မရေးတတ်ရေးတတ်နဲ့ အတိုချုံးပြီး ရေးလိုက်ပါတယ်။
ကမ္ဘာပေါ်မှာ ရှိကြတဲ့ သူငယ်ချင်းများ အားလုံး ခင်မင်မှုတွေ စထက်တပိုး တိုး လို့ ပျော်ရွှင်နိုင်ကြပါစေရှင်..
                                 ♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
P.S . စိတ်ထဲမှာ ရှိတဲ့ အတိုင်း ရေးထားတာ ဖြ စ်လို့ ဖတ်ရတာ မကောင်းရင် သည်းခံခွင့်လွှတ်ပေးကြပါ။
 ဒီ post လေးရေးဖြစ်သွားရတာ အဓိက အကြောင်းပြချက်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်၊ခင်ဘုဏ်း နဲ ရွှေထိုက်
 တို့ ရဲ့ '' သူငယ်ချင်းများစွာ'' သီချင်းကို အောက်မှာ နားဆင်ကြည့် နိုင်ပါတယ်ရှင်...။
video
ခင်မင်လေးစားစွာဖြင့်
Saturday, September 11, 2010
OUR CLASS IS HAUNTED!
   ဟန်နာ Primary 6 လောက်တုန်းကပါ။ ကျောင်းမှာ စာမေးပွဲဖြေပြီးတော့ ၁လ မပိတ်ခင် experiential
week ဆိုတာရှိပါတယ်။ အဲ့ တစ်ပတ်လုံး စာမသင်ဘဲ sandwich တွေ လုပ်စားတယ်၊ အခန်းသန့် ရှင်းရေး
လုပ်ကြတယ်၊ ခရီးတွေ သွားကြတယ်။ ပျော်စရာကြီးပေါ့။း) မှတ်မှတ်ရရ ဟန်နာတို့ 6R က China Town
ကို သွားရပါတယ်။ မနက် ၇ နာရီခွဲက ထွက်သွားပြီးနေ့ လည် ၁၂ နာရီ အတိမှာ ကျောင်းကို ပြန်ရောက်
တယ်။ ပြန်ရောက်တော့ ဆရာမက တစ်တန်းလုံးကို ၁နာရီ Break ပေးပြီး နေ့ လည် ၁နာရီမှာ အခန်းကို
ပြန်လာရမယ်လို့ ဆိုပါတယ်။ အမြဲတမ်း Recess အချိန် နာရီဝက်ပဲရတဲ့ ဟန်နာတို့ အတွက်တော့ ၁နာရီ
break ဆိုတာ တန်ဖိုးရှိလိုက်လေခြင်းပေါ့။ စားဖို့ သောက်ဖို့  ၁နာရီ break ပေးတယ်သာပြောတာပါ၊ 
ဟန်နာတို့ တစ်ခန်းလုံးနီးပါးက လမ်းစဉ်တစ်လျှောက်လုံး ပါးစပ်ကို အနားမပေးခဲ့တဲ့ အတွက်ကြောင့်
ဗိုက်လည်း မဆာကြတော့ဘူး ၊ Canteen မှာလည်း အတန်းထဲက လူတွေ မရှိသလောက်ပဲ။ ဟန်နာ
တို့ သူငယ်ချင်း ၄ယောက် ကိုယ်တိုင်လည်း မဆာတော့လို့ ထုံးစံအတိုင်း Basketball ကွင်းနားကိုလျှောက်
လာ ခဲ့တယ်။ အဲ့မှာက လူစုံတာကိုး။ ဟိုရောက်တော့ ထင်တဲ့အတိုင်း ဟိုနားဒီနားထိုင် အတင်းပြောနေတဲ့
ကျောင်းသူတွေ ၊ အိပ်ထမတင်လုပ်လိုက် Pull up ဆွဲလိုက်လုပ်နေတဲ့ ကျောင်းသွားတွေနဲ့ နေရာ အလွတ်
ကို မရှိဘူး။ ဟိုနားဒီနား မျက်စိ ကစားကြည့်လိုက်တော့ စာသင်တဲ့ block တွေရဲ့ မလှမ်းကမ်းမှာ ဟန်နာ
 တို့ အခန်းကို လက်ညိုးထိုးပြီး ကြည့်လိုက်၊ ခေါင်း တစ်ညိမ့်ညိမ့်လုပ်ပြီး စကားပြောလိုက် လုပ်နေတဲ့
အတန်းထဲက လူတွေကို တွေ့ ရပါတယ်။ နှုတ်သွက်လျှာသွက် ရှိတဲ့ ဘေးက သူငယ်ချင်းတစ်ယောက်က ''
လူစုံပါလား '' လို့ ပြောရင်း သူတို့ နား လျှောက်သွားလို့ ဟန်နာတို့ လည်း သူ့ နောက်က လိုက်သွားမိတယ်။
အဲ့တော့မှ အတန်းထဲက အတန်းခေါင်းဆောင်က '' Jocasta, our classroom is haunted' ဆိုပြီး
မျက်လုံးပြူးမျက်ဆံပြူးနဲ့ ပြောလို ၄ယောက်လုံးလည်း  မျက်လုံး အပြူးသားဖြစ်သွားပါတယ်။ ပြီးတော့မှ
ဘေးက ကောင်လေးက ရှင်းပြပါတယ်။ သူတို့ တွေ အတန်းထဲကို လွယ်အိတ်သွားထားတော့ ဖြူဖြူ အရိပ်
ကြီးတွေ့ တယ်တဲ့။ ကြောက်လို့ ပြန်လှည့်လာပြီး တစ်တန်းလုံးနဲ့ တူတူသွားကြည့်တော့ မရှိတော့ဘူးတဲ့ ။
အဲ့ဒါနဲ့ ပြန်မယ်ဆိုပြီး လှေကားက ဆင်းနေရင်း ၂လွှာရောက်တော့ ဟန်နာတို့ အတန်းရှိတဲ့ ၃လွှာကနေ
မီးတွေ ဖျက်ကနဲ  လင်းလာ သတဲ့။ အဲ့ဒါကိုကြားတော့ ဟန်နာလည်း ကြက်သီး ထသွားမိတာအမှန်။ အဲ့ဒါနဲ့ 
ကြာတယ်ဟာ..ငါတို့ နဲ့ နောက်တစ်ခေါက် တက်ကြည့်မယ်ဆိုပြီး တစ်တန်း လုံးတက်သွားတော့ အတန်း
ခေါင်းဆောင်အဟောင်းက သူ စမ်းသပ်ချင်လို့ ခဲဖျက်ကို ခုံပေါ်မှာတင်ထားတာ..အခု နေရာရွေ့ နေပြီ ဆိုပြီး
ကြောက်လန့် တကြားပြောပါတယ်။ အဲ့လိုနဲ့ အချိန်ကြာကြီးထိ တက်လိုက်ဆင်းလိုက် နဲ့ ဆွေးနွေးနေလိုက်
 ကြတာ၊ ကိုယ့်ကိုယ်ကိုယ် စုံထောက်လိုလို ဘာလိုလိုတောင် အထင်ကြီးသွားမိတယ်။ :P နောက်ခဏ
ကြာတော့ Ji Hui ဆိုတဲ့ ကောင်မလေးက သရဲက နေ့ ဘက် သိပ်မထွက်ဘူး၊ ညဘက်မှ ထွက်တာဆိုတော့
ညဘက်မှ ငါတို့ လာကြည့်မယ် တဲ့။ ကျန်တဲ့ လူတွေကလည်း အားပေးအားမြှောက်နဲ့  အေး၊ နင်ပြောတာ
 မှန်တယ်ဆိုပြီး ညနေ ၆ နာရီခွဲ ကစား ကွင်းမှာ တွေ့ ဖို့ ချိန်းလိုက်ကြပါရော။ ( ဒီမှာ ည၁၀ နာရီလောက်
မိန်းကလေး တစ်ယောက်တည်း အပြင်ထွက်လည်း လုံခြုံမှု အပြည့်ရှိပါတယ်။း)
   ညနေ ချိန်းထားတဲ့ အချိန်ရောက်တော့ သူငယ်ချင်း ၃ယောက်က အိမ်ကိုလာခေါ်ပြီး ဟန်နာ့အမေကို
စိတ်ချပါ ဘာညာ နှုတ်ကတိ အထပ်ထပ်ပေးပြီး ၄ယောက်သား ထွက်လာပါတယ်။ ချိန်းတဲ့ နေရာရောက်
တော့ ဟန်နာတို့ ထက် တက်ကြွတဲ့ စုံထောက်ကြီးတွေက စကိတ်တွေ၊ စက်ဘီးတွေ ကိုယ်စီ
ကျောင်းက ဟန်နာတို့ အခန်းထဲကို သေချာ အကဲခတ်ကြည့်ကြပါတယ်။ ည ၇နာရီ ကျော်ဆိုပေမယ့်
ဘေးမှာရှိတဲ့ block တွေအောက်က ခုံလေးတွေမှာ စကားစမြည်းပြောတဲ့ အဘိုးကြီးတွေ၊ ဟိုဘက် food
court က အသံတွေနဲ့ စည်ကားနေပါသေးတယ်။ ကြည့်နေကြတုန်းမှာပဲ တစ်ယောက်က '' ဟယ်..ဟိုမှာ
မီးလင်းသွားတယ် '' လို့ ထအော်တော့ အားလုံးရဲ့ ခေါင်းတွေက ဆက်ကနဲ့ ဆိုသလို သူညွှန်ပြတဲ့ နေရာ
ရောက်သွားကြတယ် ။ဟန်နာတော့ ဘာမှမမြင်ရပါဘူး။ ပြီးတော့မှ ရေနစ်သူ ၀ါးကူထိုး စကားပုံနဲ့ ပဲ
နှိုင်းရမလား မသိဘူး။ ဘေးက တစ်ယောက်ကလည်း ''အေး ငါလည်းမြင်တယ်''လို့ အော်တော့
တစ်ယောက် တစ်ပေါက်နဲ့ သူတို့ လည်းမြင်ကြောင်း ထောက်ခံကြပါလေရော။ ဟန်နာ့ သူငယ်ချင်း ၃
ယောက်ပါ ခေါင်းညိတ်လာတော့ ဟန်နာလည်း ဘာပြောနိုင်တော့မှာလည်း၊ ''အင်း ငါလည်း
တွေ့ လိုက်တယ်''ပေါ့။  (အမှန်တော့ ဘာမှ မမြင်ရကြောင်းပါ ) ထိုင်စကားပြောနေတဲ့ အဖိုးတွေကလည်း
ဟန်နာတို့ အဖွဲ့ ကို မသိမသာ ကြည့်နေကြလေတော့ ဟန်နာလည်း ကြာကြာမနေ ချင်တော့ ဘူး။ သူ
တို့ ကတော့ စုံစမ်းလို့ ကောင်းတုန်း။ အဲ့အဖြစ်ကို မြင်တော့ ဟန်နာ တို့ အသက် ၁၀ နှစ်အရွယ် ရန်ကုန်
ကျောင်းမှာ ကြုံခဲ့တာကို သတိရတယ်။ အဲ့လိုဘဲ မိန်းကလေးတွေ ၂ယောက် တတွဲ အိမ်သာသွားရင်
ယောကျားလေးတွေ အိမ်သာဘက်မှာ ခေါင်းပြတ်ကြီး မြင်တယ်၊ ကျောပေါက်ကြီးမြင်တယ်၊ ကုလားမကြီး
မြင်တယ် စသဖြင့် အတည်ပေါက်နဲ့ ပေါ ခဲ့ကြလေ့ရှိတယ်။ အဲ့လိုတစ်ယောက်ယောက် က မြင်ပြီဆို
ကျန်တဲ့လူအားလုံးက စာအမြန်ကူးရေးပြီး နှစ်ယောက်စီ အိမ်သာနား သွားသွားချောင်းကြတာလည်း
ခဏခဏ။ ခုလည်း အဲ့ဒီ့ အဖြစ်တွေနဲ့ ဘာထူးလဲ။ မရှိမှန်းသိရက်နဲ့ စုံထောက်ကျော်ကြီးတွေ လုပ်နေ
ကြတာပဲလေ.. :P ၇နာရီခွဲတော့ အမေ ဖုန်းဆက်လာပြီ ။ ခုချက်ချင်း ပြန်လာတော့လို့ မပြောပေမယ့် သမီး
ပြန်မလာသေးဘူးလား လို့ အမေက ပြောလိုက်ရင်ပဲ အဲ့ဒါက ခုချက်ချင်း ပြန်လာတော့ ဆိုတဲ့ သဘောပဲ
မို့ အားလုံးကို နှုတ်ဆက်ပြီး အိမ်ကို အမြန် ဒုန်းစိုင်းခဲ့ပါတယ်။ နောက်နေ့ တွေ မှာ ကျောင်းဆင်းတော့လည်း
အိမ်မပြန်ဘဲ stayback နေကြပြီး စုံစမ်းထောက်လှမ်းခဲ့ကြတာပေါ့။အဲ့လို မရှိတဲ့ သရဲ ကိုအရှိလုပ်ပြီး
စုံစမ်းရင်းနဲ့ ပဲ ၆တန်းစာသင် နှစ်ကုန်ဆုံးပြီး Secondary မှာ ကျောင်းတွေကွဲ၊ အခန်းတွေ ကွဲကုန်တယ်။   
        အဲ့တုန်းက ကိုယ့်သရဲကိုယ်မြင်ပြီး ပေါချာချာနိုင်ခဲ့တဲ့ Primary 6 ကျောင်းသား ကျောင်းသူတွေဟာ
ခုတော့ Secondary 4 ကျောင်းသား ကျောင်းသူကြီးတွေ ဖြစ်နေကြပါပြီ။ ကိုယ့်စာနဲ့ ကိုယ်လုံးလည်
ချာလည်လိုက်နေတဲ့  ကြားက ဖုန်းတွေ ၊ facebook တွေ၊ ဂျီမေးလ်တွေက တစ်ဆင့် အဆက် အသွယ်
တွေရပြီးအားတဲ့ရက်လေးတွေ ရွေးကာ တွေ့ ဖြစ်ခဲ့ကြတယ်။  တွေ့ တိုင်း အဲ့တုန်းက ရူးခဲ့ကြတာလေးတွေကို
ပြန်ပြောမိရင်ပဲ ငါအဲ့တုန်းက နင်တို့ ကို ဘာမြင်တယ်တွေ ဘာတွေ ရွှီးခဲ့ကြောင်း  ၀န်ခံကြရင်း တစ်ချိန်က
အမှတ်တရတွေကို သတိရပြီး ရယ်ခဲ့ကြပါတယ်။ ခုချိန်မှာ အဲ့လို အမှတ်တရလေးတွေကို သတိရနေတာ
ဟန်နာတစ် ယောက်တည်း မဟုတ်ဘဲ သူတို့ အားလုံးရဲ့ရင်ထဲမှာလည်း တစ်ချိန်က Xinghua Primary
School လို့ ခေါ်တဲ့ ကျောင်း၊ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းတွေ နဲ့ ဟိုအရင်အချိန်
က အမှတ်တရတွေကို ပြန်တွေးမိတိုင်း ပြုံးနေကြမှာ အသေအချာပါပဲ။
ခင်မင်လေးစားစွာဖြင့်
Saturday, September 4, 2010
မတ်လရဲ့ မနက်ခင်းတစ်ခင်း
   မနေ့ က အိပ်ချင်မူးတူးနဲ့ မနည်းကုန်းရုန်းထပြီး ကျောင်းသွားဖို့ ဓါတ်လှေကားလာတာကို စောင့်ရင်းနဲ့ 
မထင်မှတ်ဘဲ ဓါတ်လှေကားပေါ် လက်သွားတင်လိုက်မိတယ်။ '' Storey 9 '' ဆိုတဲ့ အသံကြားမှ သတိရပြီး
လက်ကို အမြန်ဖယ်လိုက်လို့ သာပေါ့၊ မဟုတ်ရင် ဟိုတစ်ခေါက်ကလို ဖြစ်မှာလို့ တွေးရင်း ဟန်နာ အသက်
၁၄ နှစ်လောက်တုန်းက အဖြစ်တစ်ခုကို သွားသတိရလိုက်တယ်။
    ညတုန်းက တော်တော်နဲ့ အိပ်မပျော်ဘဲ အတွေးနယ်ချဲ့ နေတာနဲ့ မနက်ကျတော့ နှိုးစက်သံ ကြားတာ
တောင် မနိုးဘဲ အမေ လာနှိုးမှ မျက်လုံး နှစ်လုံးပွင့်ပြီး မထချင်ထချင်နဲ့ ထလာတာ။ ရေချိုး၊ မနက်စာ
ကော် ဖီ တစ်ခွက်ကို မနည်းဖျစ်ညှုစ်သောက်ရင်း ဓါတ်လှေကား ရှေ့ ရောက်တော့ ခလုတ်လေးနှိပ်ပြီး
မျက် လုံး နှစ်လုံးကို ပိတ်လိုက်သေးတယ်။ ပိတ်ပြီးပြီးချင်း ကိုယ်ကပါ အရှေ့ ကိုနည်းနည်းကိုင်းသွားပြီး ဓါတ်
လှေကားတံခါးကို လက်ထောက်မိရက်သားဖြစ်သွားတယ်။ ငိုက်နေတုန်း ဓါတ်လှေကား ရောက်လာတာ
သိနေတယ်။ အဲ့ဒါကို လူက ဘယ်လိုဘယ်လိုဖြစ်တယ် မသိ၊ မျက်လုံးမှေးမှေးလေး ဖွင့်ရုံဖွင့်ပြီး လူက တစ်
ဖ၀ါးမှမရွေ့ သေးဘူး။ ငိုက်ကောင်းနေတာ။ တံခါးပွင့်လာပြီး လက်က တံခါးနောက်တစ်ဖြည်းဖြည်း ပါသွား
တာတောင် အသိမ၀င်သေးတာ။ ကိုယ့်လက် တံခါး နောက်ပါရင်း ညပ်သွားပြီး နာသွားမှ ဖျက်ကနဲ မျက်လုံး
နှစ်လုံးအပြူးသား ပွင့်လာပါတော့တယ်။ ဒီလောက်မှ မဖွင့်ရင်တော့လည်းနော်.. :P ။ အဲ့တော့မှ တံခါးကြား
ထဲညပ်နေတဲ့ လက်ကိုမြင်ပြီး ငယ်သံပါအောင် အော်တော့တာပေါ့။ ကံကောင်းတာက ဟန်နာတို့ block က
တစ်ထပ်မှာ မျက်နှာချင်းဆိုင် နှစ်လုံးပဲရှိပြီး ရှေ့ မှာက lift ဆိုတော့ ဟန်နာ့အော်သံကို ဘုရားရှိခိုးနေတဲ့
အမေ ကြားသွားပါတယ်။ တံခါးဖွင့်ပြီး ဟန်နာ့အဖြစ်ကိုတွေ့ တော့ အဖေ့ကိုခေါ်၊ အဖေထွက်လာတော့
မျက်လုံးပြူးမျက်ဆံပြူး နဲ့ တံခါးကြား မှာညပ်နေတဲ့ ဟန်နာ့လက်ကို ဆွဲထုတ်တာ အဖေ ချွေးတောင်
ထွက်ပါတယ်။ ဖခင်မေတ္တာဆိုတာ ဒါပဲနေမှာ။ ဆူညံသံတွေကြောင့် အကိုလည်းထွက်လာပြီး ကူဆွဲပေးပါ
တယ်။ ဟန်နာလည်း ကိုယ့်လက်လေး ပြတ်သွားမှာကြောက်လို့ အသားကုန် အော်ငိုတော့တာပေါ့။ အမေက
ဘုရားစာတွေ ရွတ်နေတယ်။ အကိုက လက်ကို ဇက်ကနဲ ထုတ်လိုက်ဖို့ ပြောတယ်၊ ဟန်နာက လက်ဖျား
တွေ ပြတ်ကျန်ခဲ့မှာစိုးလို့ မလုပ်ရဲဘူး။ အဲ့ဒါနဲ့ ပဲမနက် ၇ နာရီက အရုပ်ဆိုး အကျည်းတန်သွားတာပေါ့။
ခဏနေတော့ ကျောင်းသွားဖို့ ထွက်လာတဲ့ အိမ်ရှေ့ အိမ်က Sec 4 အမကြီးထွက်လာတယ်။ သူကလည်း
နောက်ကျနေပုံပေါ်တယ်။ ဟန်နာတို့ ကိုမြင်တော့ သူ့ အဖေကို ''Papa, papa'' ဆိုပြီး လှမ်းခေါ်တော့
သူ့ အဖေနဲ့ ဦးလေး အိမ်ထဲက ထွက်လာကြတယ်။ ဟန်နာကတော့ မျက်ရည်တွေရွှဲလို့ ။ အဲ့အမရဲ့အဖေက
bell ခလုပ်ကို အဆက်မပြတ်နှိပ်တယ်။ ဒါပေမယ့် အဲ့ဒါက အထဲက ပြဿနာကို အပြင်ကသိအောင် လုပ်ရုံ။
ဒီတော့ခုကိစ္စကို ဘယ်လိုဖြေရှင်းနိုင်မလဲနော်။ အမှန်ဟန်နာတို့ က လက်ကိုဆွဲထုတ်ပြီး လှေခါးတံခါးကိုပါ
အပြင် ဆွဲထုတ်နေကြတော့ လှေကားနဲ့ လက်နဲ့ တစ်ပြီး တံခါးလည်း ထွက်မလာနိုင် လက်လည်း မထွက်နိုင်
ဖြစ်နေ တာပေါ့။ အဲ့ဒါကို အဲ့အမ ဦးလေးက သဘောပေါက်ပြီး ဓါတ်လှေကားတံခါးကို အထဲ ပြန်တွန်း
ဖို့ ပြောတယ်။ အဲ့တော့မှ နည်းနည်းသက်သာပြီး လက်သန်း အပြင်ထွက်လာတယ်။ ပြီးတော့ လက်မ၊
နောက်ဆုံး လက်၁ခုလုံးထွက်လာမှ ဟန်နာ မြေကြီးပေါ် ထိုင်ချပြီး ကြောက်လို့ ငိုနေပါတော့တယ်။
အဲ့အမလည်း ကျောင်းကို အမြန်ထွက်သွားတယ်။ အဖေလည်း သူတို့ တွေကို ကျေးဇူးတင်စကားပြော၊
ဟန်နာ့ လက်အခြေအနေ ကိုကြည့်တော့ ခုနကပဲ သွေးချေဥလို့ ညိုမည်းပြီး ပိန်နေတာ၊ ခုနည်းနည်း
ဖျော့ကျသွားတော့ ညနေမှ အခြေအနေကြည့်ပြီး မသက်သာရင် ဆေးခန်းသွားမယ်ဆိုပြီး အလုပ်ကို
ထွက်သွားတယ်။ အဲ့နေ့ ကတစ်နေ့ လုံး အိပ်ရာထဲမှာငိုနေတာ..မတော်လို့ ဟန်နာ့လက် တစ်ခုခုဖြစ်ပြီး
ဖြတ်ရ တောက်ရမယ်ဆို လက်တုံးတိလေးနဲ့ လို့ အတွေးတွေ ခေါင်ပြီး ကြောက်နေတာလေ။ ၁ရက်ကျောင်း
မသွားဘဲ ၄ ရက်လောက်နေတော့ အတော် လေး  သက်သာသွားပါတယ်။ အဲ့နေ့ ကစပြီး ခုချိန်ထိ
ဓါတ်လှေကား တံခါးပေါ် လက်တင်ဖို့ နေနေသာသာ အနားကိုတောင် ကပ်မသွားရဲတော့ပါဘူး။ တစ်ခါသေ
ဖူးရင် ပျဉ်ဖိုးနားလည်ပြီ၊ နောက်တစ်ခါ ထပ်မသေချင် တော့ပါဘူးလေ။ :P
  အားလုံးလည်း ဓါတ်လှေကားစီးရင် ဟန်နာ့လိုမဖြစ်အောင် သတိထားကြနော်... :)
ခင်မင်လေးစားစွာဖြင့်
Friday, August 27, 2010
အဖိုးတန် လမ်းညွှန်စာစုများ (၂)
အကောင်းမြင်တတ်တဲ့စိတ်
တစ်ခါက မီးဖိုမီးကြောင့် တစ်ရွာလုံး ပြာကျသွားတဲ့အထဲမှာ သူ့ အိမ်ပါပါသွားတဲ့ တပည့်တစ်ယောက်ဆီကို
သတင်းမေးသွားတဲ့အခါ ပြာပုံအတိပြီးနေတဲ့ သူ့ အိမ်ရာကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေမိတယ်။
အဲ့ဒီ့အချိန်မှာ သူက သွက်သွက်ကလေးလျှောက်လာပြီး....
"ဆရာမြင်တဲ့ အတိုင်းပဲ၊ တစ်အိမ်လုံးလည်း ဘာမှမကျန်ဘူး။ မွေးထားတဲ့ ၀က်လေးကောင်လည်းသေ၊
ကြက်တွေလည်းသေ။ ဒါပေမယ့် ကျွန်တော် ကံကောင်းတယ်၊ ဆရာ။ ဘာလို့ ဆိုတော့ ဒီနေရာမှာ
ချောင်ကျတော့ ကျွန်တော်မနေချင်တာ ကြာပြီ။ ခုတော့ ကိုယ်ကြိုက်တဲ့ နေရာရှာပြီး အိမ်တစ်လုံး
ဆောက်နိုင်ပြီ မဟုတ်လား ဆရာ" လို့ ပြောလိုက်တာကို ကြားလို က်လို့ သူ့ ကို အံ့သြစွာ
နဲ့ ကြည့်နေမိတယ်။ သူဟာ အခြားမီးဘေး ဒုက္ခသည်တွေလို့ မျက်နှာ ညိုးမနေဘူး။ ငါ့ဘ၀တော့ ဒုက္ခပဲ
လို့ မညည်းဘူး။ ဘာမှဖြစ်မထားသလိုပဲ။ သူ့ ရဲ့ အကောင်းမြင်တတ်တဲ့ စိတ်က ဘာမှမဖြစ်သလို နေနိုင်တဲ့
ဘ၀မျိုးကို ဖန်တီးပေးလိုက်တာပါ။ တစ်အိမ်လုံး ပြာကျသွားတာကို ကံမကောင်းလို့ဖြစ်ရတယ်ဆိုပြီး
အဆိုးမမြင်ဘဲ ဒီထက်ကောင်းတဲ့နေရာ ရတော့မယ်ဆိုတဲ့ အကောင်းမြင်စိတ်က သူ ကံကောင်းတယ်
လို့ ခံယူနိုင်အောင် အားသစ်လောင်းပေးလိုက်တာပါ။ ဒါကြောင့် အကောင်းမြင်စိတ်ဟာ လူ့ ဘ၀ရဲ့
အားဆေးတစ်ခွက်ဆိုရင် မမှားပါဘူး။ စဉ်းစားဆင်ခြင်နိုင်ဖို့ ပါ။
♣♣♣♣♣♣♣♣♣♣
ဘ၀မှာအကောင်းဆုံးသော ပျော်ရွှင်မှုကို ရချင်ရင်
တစ်ခါက အဲ့လစ်ပါးလ်မား ဆိုတဲ့ ပညာရှိကြီးကို မိန်းမပျိုလေးတစ်ယောက်က အကောင်းဆုံး ပျော်ရွှင်မှုကို
ရနိုင်ဖို့ ဘာကိုလုပ်ရမလဲလို့ မေးပါတယ်။ ဒီတော့ ပညာရှင်ကြီးက _
              - နေ့ စဉ် ကောင်းတဲ့ စကားကိုပြောပါ။
            - ပြေပြစ်ချောမောပြီး အနှစ်အသာရရှိတဲ့ ကဗျာတစ်ပုဒ်ကို နေ့ စဉ်ရွတ်ဖတ်ပါ။
            - နေ့ စဉ် သူတစ်ပါး အကျိုး ရှိမယ့် ၊ ပျော်ရွှင်စေမယ့် အရာတစ်ခုကို လုပ်ပါ..
              လို့ မိန့် ကြားလိုက်တယ်။
ကနေဒါ သူဌေးကြီး ဟင်နရီမတ်လင်း ကလည်း _
''သင်သည် ဘ၀အတွက် အကောင်းဆုံးသော ပျော်ရွှင်မှုကို ရရှိခံစားချင်ရင် သူတစ်ပါး ပျော်ရွှင်အောင်
လုပ်ပေးပါ '' လို့ ဆိုတယ်။ ဒါကြောင့် သူဟာ နိုင်ငံအနှံ့ အရောက်သွားပြီး တွေ့ သမျှလူတွေ စိတ်ချမ်းသာ
ပျော်ရွှင်စေဖို့ ဒေါ်လာ ၁၀၀ စီ ပေးကမ်း စွန့် ကြဲ ခဲ့တယ်လို့ ဆိုပါတယ်။ မှန်တယ်။ ကိုယ်ပျော်ရွှင်ချင်ရင် သူ
များပျော်အောင် လုပ်ခြင်းဟာ အထိရောက်ဆုံးသော ပျော်ရွှင်မှုပါ။ သူများပျော်ရွှင်ဖို့ ဟာ သူဌေးကြီး
ဟင်နရီလို ဒေါ်လာတွေ ပိုက်ဆံတွေ ပေးမှမဟုတ်ပါ။ ရွှင်လန်းအားတက်စေနိုင်တဲ့ စကားတစ်လုံး ၊
ကြင်နာတဲ့ အပြုံး ၊ ရိုအသေ အလေးအနက်ထားတဲ့ အမူအရာတွေဟာလည်း
သူတစ်ပါးပျော်ရွှင်စေနိုင်တယ်ဆိုတာကို သတိပြုပါ။
♣♣♣♣♣♣♣♣
မပြီးရင်မနေ မရရင် မနေတဲ့စိတ်
အင်မတန် မြင့်မားတဲ့ တောင်ကြီးဟာ အမြင့်ဆုံးကို တက်နိုင်တဲ့ လူသားတွေ အတွက်ဖြစ်သလို အင်မတန်
နက်တဲ့ သမုဒ္ဒရာကြမ်းပြင်ကြီးဟာလည်း အနက်ဆုံးငုပ်နိုင်တဲ့ လူသားတွေ အတွက်ဖြစ်တယ်။ အဲ့ဒီ့လိုပဲ
အင်မတန် ခတ်ခဲတဲ့ အလုပ်တစ်ခုဟာ မပြီးရင်မနေ မရရင်မနေတဲ့ အင်မတန် ခိုင်မာမြဲတဲ့ စိတ်ရှိတဲ့
လူသားတွေအတွက် အလွယ်ကလေးပါ။ ''တစ်နေ့ တစ်လံ ပုံဂံဘယ်ပြေးမလဲ '' ၊ '' ငုပ်မိ သဲတိုင်
တက်နိုင်ဖျားရောက် '' ဆိုတဲ့ စကားပုံတွေကို ကြားဖူးတယ်မဟုတ်လား။ အလုပ်ကိစ္စတစ်ခုကို မပြီးရင်မနေ၊
မရရင် မနေ ဆိုတဲ့ စိတ်နဲ့ လုပ်နိုင်တဲ့လူတိုင်း သူတို့ ရှေ့ မှာ ပန်းတိုင် ရှိနေတယ်ဆိုတာ
ညွှန်းဆိုနေကြတာပါ။ မင်းလည်း အဲ့လို စိတ်မျိုးကို မွေးကြည့်ပါလား။ အဲ့ဒီ့စိတ်ကို မွေးတယ်ဆိုတာ
အပြောသာမဟုတ်ဘူး။ တကယ်လက်တွေ့ လုပ်နိုင်တဲ့ စွမ်းအားကို ဆိုတာပါ။ ငါဒီနှစ် ဆယ်တန်းစာမေးပွဲမှာ
အနည်းဆုံး ဂုဏ်ထူး ငါးခုနဲ့ အောင်အောင်ကြိုးစားရမယ်၊ မရရအောင် ငါလုပ်မယ်လို့ သန္ဒိဌာန်ချပြီး ကြိုးစား
ကြည့်ပါလား။ အောင်စိတ်တွေ ၀င်လာပြီး တကယ်ဖြစ်လာတာကို အံ့သြလောက်အောင်တွေ့ ရမယ်။
♣♣♣♣♣♣♣♣♣♣
ရှက်ကြောက်ခြင်းရဲ့ အပြစ်
လူတွေ လိုက်နာရမယ့် '' ဟီရိ၊ သြတ္တပ '' ဆိုတဲ့ တရားနှစ်ပါးဟာ '' အရှက်နဲ့ အကြောက် '' ကိုပြောတာ။
ဘယ်နေရာမှမဆို ရှက်တတ် ကြောက်တတ်ရမယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ လောကမှာ
အပြစ်ရှိတာတွေကို လုပ်တာ ရှက်စရာ၊ အပြစ်ရှိတာ၊ ပညာရှိများ ကဲ့ရဲ့မှာကို ကြောက်တာဟာ
ကြောက်စရာတွေပါ။ အပြစ်မရှိတဲ့ အလုပ် ကိုလုပ်တာ ရှက်စရာမဟုတ်ဘူး၊ သူတော်ကောင်းတို့ချီးမွမ်းတဲ့
အလုပ်တွေကို လုပ်တာ ကြောက်စရာမဟုတ်ဘူး။ အဲ့လို ခွဲခြားပြီးသိရမယ်။ ဒါပေမယ့် အပြစ်လည်းမရှိ၊
လုပ်လည်းလုပ်သင့်တဲ့ အလုပ်ကိုလုပ်ရမှာ ရှက်နေတဲ့လူတစ်ချို့ ကို တွေ့ ဖူးမှာပေါ့။
မရှက်သင့်တာကိုရှက်တယ်။ မကြောက်သင့်တာကို ကြောက်ခြင်းရဲ့ အပြစ်တွေကို ဟိတောပဒေသ ကျမ်းမှာ
ဒီလိုပြထားတယ်။
ရှက်ခြင်းကြောင့် အစွမ်းသတ္တိတို ယုတ်လျော့သွားရ၏။
အစွမ်းသတ္တိမရှိသောကြောင့် သူများ နှိပ်စက်ခြင်းကို ခံရ၏။
သူများ နှိပ်စက်ခြင်းကို ခံရသောကြောင့် ဆင်းရဲရ၏။
ဆင်းရဲသဖြင့် ပူပန်သောကရောက်ရ၏။
ပူပန်သောကကြောင့် အသိဥာဏ် ဆိတ်သုဉ်းရ၏။
အသိဥာဏ် ဆိတ်သုဉ်းသွားသဖြင့် ပျက်စီးခြင်းသို့ ရောက်ရ၏။
ဒါကြောင့် မရှက်သင့်တဲ့ နေရာမှာ မရှက်ပါနဲ့ ။
♣♣♣♣♣♣♣♣♣♣
အမှန်ကိုမြင်ချင်ရင် အသိနဲ့ ယှဉ်ပါ
ကိုယ်ပိုင် အသိမပါဘဲနဲ့ အမှန်တရားတစ်ခုကို မြင်တယ်ဆိုတာ ဒီလောကမှာ မဖြစ်နိုင်ပါဘူး။
ဘာကြောင့်လဲဆိုတော့ အမှန်ကို အသိနဲ့ ယှဉ်ပြီးမှသာ မြင်နိုင်တွေ့ နိုင်လို့ ပါပဲ။
'' ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးကို ထိန်းသိမ်းပြီး တရားနဲ့ အညီနေထိုင်ခြင်းဟာ မြတ်သော
အသက်ရှင်ခြင်းမည်တယ် '' ဆိုတဲ့ အမှန်တရားဟာ ဒီလူ့ လောကမှာ ရှိနေတယ်။ ဒါပေမယ့်
အမှန်တရားအတိုင်း ကျင့်ကြံနေထိုင်တဲ့ လူတွေကို ဘယ်လောက်များများ မြင်ဘူးလဲ။ အနည်းစုပါ။
ဘာကြောင့်လဲ။ အဲ့ဒီ့ အမှန်တရားကို အသိနဲ့ ယှဉ်ပြီး မကြည့်တတ်လို့ပါ။
အသိဆိုတာ လက်တွေ့ ဘ၀ကနေရလာတာ ဖြစ်လို့ ကိုယ် နှုတ် နှလုံးထိန်းသိမ်းပြီး တရား
နဲ့ အညီနေတဲ့လူတွေဟာ လူကြားသူကြားထဲမှာ ဘယ်လို ရပ်တည်နေသလဲ။ မဟုတ်တာတွေလုပ်ပြီး
အကျင့်ပျက်နေတဲ့လူတွေဟာ လူကြားထဲမှာ ဘယ်လို ရပ်တည်နေသလဲ။ အဲဒီလူ၂ မျိုးရဲ့ လက်တွေ့ ဘ၀ကို
အသိတရားက ကောင်းတယ် မကောင်းဘူးဆိုတာ ဆုံးဖြတ်ပေးမှာပါ။ အသိနဲ့ ယှဉ်စဉ်းစားလိုက်တဲ့ အခါ ''
မြတ်သောအသက် ရှင်ခြင်း ''ဟာ ဘာလဲဆိုတာ ကောင်းကောင်း သဘောပေါက် လာမှာသေချာတယ်။
ဒါကြောင့် အမှန်ကို မြင်ချင်ရင် အသိနဲ့ ယှဉ်စဉ်းစားပါ လို့ ဆိုလိုက်ချင်ပါတယ်။
♣♣♣♣♣♣♣♣♣♣
မာနကလေး တင်းထားမှ
မာနဆိုတာ သုံးတတ်ရင် ဆေး၊ မသုံးတတ်ရင် ဘေးအန္တရာယ်တစ်ခုပါ။ ဒါကြောင့် မာနကို မယုတ်မလွန်
အသုံးချတတ်ဖို့ လိုပါတယ်။ မြွေလောကမှာ မြွေဟောက်နဲ့ ရေမြွေတွေကို တွေ့ ဘူးမှာပေါ့။ မြွေဟောက်
လို့ ဆိုရင် အနားတောင် မကပ်ရဲအောင် ကြောက်ကြတယ်။ ဒါဘာဖြစ်လို့ လဲ။ မြွေဟောက်က
သိပ်အဆိပ်ပြင်းလို့ ။ အဲ..ရေမြွေကျတော့ ဘယ်သူမှ ဂရုမစိုက်ကြဘူး။ နင်းသူနင်း၊ ကျော်သူကျော်၊
ဖမ်းလိုဖမ်း ထင်သလိုလုပ်ကြတယ်။ ဒါဘာဖြစ်လို့ လဲ။ ရေမြွေက အဆိပ်မရှိလို့ ၊ လူကို ဘာအန္တရာယ်မှ
မပေးနိုင်လို့ ပေါ့။ အဲ့ဒီလိုပဲ လူမှာ အထူးသဖြင့် မင်းတို့ လို့ မိန်းကလေးတွေ မှာ အဆိပ်မရှိတဲ့ ရေမြွေ
လို မာနကို ချပြီးနေမယ်ဆိုရင်ကိုယ့်ကို အထင်သေး၊ ပမာမခန့်လုပ်ပြီး အမျိုးမျိုး ဒုက္ခပေးတာ ခံရမှာပေါ့။
သာဓကတွေလည်း အများကြီးပါပဲ။
မာနကလေးထားပြီး ကိုယ့်ဂုဏ်၊ ကိုယ့်သိက္ခာနဲ့ နေတဲ့ မိန်းကလေး တွေကျတော့ တော်ရုံတန်ရုံလူက မစရဲ၊
မထိရဲဘူး။ အထင်အမြင်သေးပြီး လွယ်ပါတယ်ဆိုတဲ့ သဘောနဲ့ သိက္ခာကျတာ မခံရဘူးပေါ့။
ကိုယ့်မာနကလေးနဲ့ နေမှ မိန်းကလေးဘ၀ဟာ တန်ရုံကျတာပါ။ ဒါကြောင့် ဘနဖူး သိုက်တူးတတ်တဲ့
လူတွေရဲ့ လှည်စားနှောင့်ယှက်တာကို မခံရချင်ရင်တော့ ရှိတဲ့ မာနကလေးကို တင်းထားပေါ့။
မဟုတ်ဘူးလား။
♣♣♣♣♣♣♣♣♣♣
ခုချက်ချင်း လုပ်လိုက်ပါ
အကြွေးဆိုတာ လူအချင်းချင်း ဆက်ဆံရေးလောကမှာ မကောင်းမှုတစ်ခုပါ။ ကျေးဇူးကြွေး၊ ပိုက်ဆံကြွေး၊
စားကြွေး၊ လုပ်ခကြွေး၊ အလုပ်ကြွေးဆိုပြီး အမျိုးမျိုးရှိတာပေါ့။ အကြွေးရှိတဲ့လူဟာနေရ ထိုင်ရတာ
မလွတ်လပ်ဘူး။ စိတ်မကြည်လင်ဘူး။ ၀န်ထုပ်ဝန်ပိုးတစ်ခုကို ထမ်းထားရသလို လေးလံထှိုင်းမှိုင်းတယ်။
အများရဲ့ အထင်သေးခြင်းကို ခံရတယ်။ မင်းတို့ လို ကျောင်းသား၊ အလုပ်လုပ်နေတဲ့လူတွေအတွက်တော့
အလုပ်ကြွေး၊ စာကြွေးရှိတာ ဟာ အဆိုးဆုံးပေါ့။ဒါဆိုမင်းရော...အကြွေးတင်ချင်သလား..
အဲ..မတင်ချင်ရင်တော့ အကောင်းဆုံးနည်းတစ်ခုကို ပေးလိုက်မယ်။အဲ့ဒါက_
ကိုယ်ဘာလုပ် စရာရှိတယ်ဆိုတာ သိအောင်လုပ်
သိတာနဲ့ ချက်ချင်းလုပ်
မပြီးမချင်းဆက်လုပ်
ဒါဆို စာကြွေးအလုပ်ကြွေး မရှိတော့လို့ မင်းရဲ့ ပခုံးပေါ်က အထုပ်ကြီးကျသွားသလို လန်းဆန်း
ပေါ့ပါ့းသွားတဲ့အပြင် အလုပ်ကိုပြီးအောင် လုပ်နိုင်လို့ ကိုယ့်ကိုယ်ကို ယုံကြည်တဲ့ စိတ်တွေ
ပေါ်ပေါက်လာတာ တွေ့ ရမယ်။ ဘယ်အလုပ်မဆို ခုချက်ချင်းလုပ်လိုက်ပါ။ အကြွေးမတင်စေနဲ့ ။
♣♣♣♣♣♣♣♣♣
ခင်မင်လေးစားစွာဖြင့်