Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts
Saturday, September 11, 2010
OUR CLASS IS HAUNTED!
   ဟန်နာ Primary 6 လောက်တုန်းကပါ။ ကျောင်းမှာ စာမေးပွဲဖြေပြီးတော့ ၁လ မပိတ်ခင် experiential
week ဆိုတာရှိပါတယ်။ အဲ့ တစ်ပတ်လုံး စာမသင်ဘဲ sandwich တွေ လုပ်စားတယ်၊ အခန်းသန့် ရှင်းရေး
လုပ်ကြတယ်၊ ခရီးတွေ သွားကြတယ်။ ပျော်စရာကြီးပေါ့။း) မှတ်မှတ်ရရ ဟန်နာတို့ 6R က China Town
ကို သွားရပါတယ်။ မနက် ၇ နာရီခွဲက ထွက်သွားပြီးနေ့ လည် ၁၂ နာရီ အတိမှာ ကျောင်းကို ပြန်ရောက်
တယ်။ ပြန်ရောက်တော့ ဆရာမက တစ်တန်းလုံးကို ၁နာရီ Break ပေးပြီး နေ့ လည် ၁နာရီမှာ အခန်းကို
ပြန်လာရမယ်လို့ ဆိုပါတယ်။ အမြဲတမ်း Recess အချိန် နာရီဝက်ပဲရတဲ့ ဟန်နာတို့ အတွက်တော့ ၁နာရီ
break ဆိုတာ တန်ဖိုးရှိလိုက်လေခြင်းပေါ့။ စားဖို့ သောက်ဖို့  ၁နာရီ break ပေးတယ်သာပြောတာပါ၊ 
ဟန်နာတို့ တစ်ခန်းလုံးနီးပါးက လမ်းစဉ်တစ်လျှောက်လုံး ပါးစပ်ကို အနားမပေးခဲ့တဲ့ အတွက်ကြောင့်
ဗိုက်လည်း မဆာကြတော့ဘူး ၊ Canteen မှာလည်း အတန်းထဲက လူတွေ မရှိသလောက်ပဲ။ ဟန်နာ
တို့ သူငယ်ချင်း ၄ယောက် ကိုယ်တိုင်လည်း မဆာတော့လို့ ထုံးစံအတိုင်း Basketball ကွင်းနားကိုလျှောက်
လာ ခဲ့တယ်။ အဲ့မှာက လူစုံတာကိုး။ ဟိုရောက်တော့ ထင်တဲ့အတိုင်း ဟိုနားဒီနားထိုင် အတင်းပြောနေတဲ့
ကျောင်းသူတွေ ၊ အိပ်ထမတင်လုပ်လိုက် Pull up ဆွဲလိုက်လုပ်နေတဲ့ ကျောင်းသွားတွေနဲ့ နေရာ အလွတ်
ကို မရှိဘူး။ ဟိုနားဒီနား မျက်စိ ကစားကြည့်လိုက်တော့ စာသင်တဲ့ block တွေရဲ့ မလှမ်းကမ်းမှာ ဟန်နာ
 တို့ အခန်းကို လက်ညိုးထိုးပြီး ကြည့်လိုက်၊ ခေါင်း တစ်ညိမ့်ညိမ့်လုပ်ပြီး စကားပြောလိုက် လုပ်နေတဲ့
အတန်းထဲက လူတွေကို တွေ့ ရပါတယ်။ နှုတ်သွက်လျှာသွက် ရှိတဲ့ ဘေးက သူငယ်ချင်းတစ်ယောက်က ''
လူစုံပါလား '' လို့ ပြောရင်း သူတို့ နား လျှောက်သွားလို့ ဟန်နာတို့ လည်း သူ့ နောက်က လိုက်သွားမိတယ်။
အဲ့တော့မှ အတန်းထဲက အတန်းခေါင်းဆောင်က '' Jocasta, our classroom is haunted' ဆိုပြီး
မျက်လုံးပြူးမျက်ဆံပြူးနဲ့ ပြောလို ၄ယောက်လုံးလည်း  မျက်လုံး အပြူးသားဖြစ်သွားပါတယ်။ ပြီးတော့မှ
ဘေးက ကောင်လေးက ရှင်းပြပါတယ်။ သူတို့ တွေ အတန်းထဲကို လွယ်အိတ်သွားထားတော့ ဖြူဖြူ အရိပ်
ကြီးတွေ့ တယ်တဲ့။ ကြောက်လို့ ပြန်လှည့်လာပြီး တစ်တန်းလုံးနဲ့ တူတူသွားကြည့်တော့ မရှိတော့ဘူးတဲ့ ။
အဲ့ဒါနဲ့ ပြန်မယ်ဆိုပြီး လှေကားက ဆင်းနေရင်း ၂လွှာရောက်တော့ ဟန်နာတို့ အတန်းရှိတဲ့ ၃လွှာကနေ
မီးတွေ ဖျက်ကနဲ  လင်းလာ သတဲ့။ အဲ့ဒါကိုကြားတော့ ဟန်နာလည်း ကြက်သီး ထသွားမိတာအမှန်။ အဲ့ဒါနဲ့ 
ကြာတယ်ဟာ..ငါတို့ နဲ့ နောက်တစ်ခေါက် တက်ကြည့်မယ်ဆိုပြီး တစ်တန်း လုံးတက်သွားတော့ အတန်း
ခေါင်းဆောင်အဟောင်းက သူ စမ်းသပ်ချင်လို့ ခဲဖျက်ကို ခုံပေါ်မှာတင်ထားတာ..အခု နေရာရွေ့ နေပြီ ဆိုပြီး
ကြောက်လန့် တကြားပြောပါတယ်။ အဲ့လိုနဲ့ အချိန်ကြာကြီးထိ တက်လိုက်ဆင်းလိုက် နဲ့ ဆွေးနွေးနေလိုက်
 ကြတာ၊ ကိုယ့်ကိုယ်ကိုယ် စုံထောက်လိုလို ဘာလိုလိုတောင် အထင်ကြီးသွားမိတယ်။ :P နောက်ခဏ
ကြာတော့ Ji Hui ဆိုတဲ့ ကောင်မလေးက သရဲက နေ့ ဘက် သိပ်မထွက်ဘူး၊ ညဘက်မှ ထွက်တာဆိုတော့
ညဘက်မှ ငါတို့ လာကြည့်မယ် တဲ့။ ကျန်တဲ့ လူတွေကလည်း အားပေးအားမြှောက်နဲ့  အေး၊ နင်ပြောတာ
 မှန်တယ်ဆိုပြီး ညနေ ၆ နာရီခွဲ ကစား ကွင်းမှာ တွေ့ ဖို့ ချိန်းလိုက်ကြပါရော။ ( ဒီမှာ ည၁၀ နာရီလောက်
မိန်းကလေး တစ်ယောက်တည်း အပြင်ထွက်လည်း လုံခြုံမှု အပြည့်ရှိပါတယ်။း)
   ညနေ ချိန်းထားတဲ့ အချိန်ရောက်တော့ သူငယ်ချင်း ၃ယောက်က အိမ်ကိုလာခေါ်ပြီး ဟန်နာ့အမေကို
စိတ်ချပါ ဘာညာ နှုတ်ကတိ အထပ်ထပ်ပေးပြီး ၄ယောက်သား ထွက်လာပါတယ်။ ချိန်းတဲ့ နေရာရောက်
တော့ ဟန်နာတို့ ထက် တက်ကြွတဲ့ စုံထောက်ကြီးတွေက စကိတ်တွေ၊ စက်ဘီးတွေ ကိုယ်စီ
ကျောင်းက ဟန်နာတို့ အခန်းထဲကို သေချာ အကဲခတ်ကြည့်ကြပါတယ်။ ည ၇နာရီ ကျော်ဆိုပေမယ့်
ဘေးမှာရှိတဲ့ block တွေအောက်က ခုံလေးတွေမှာ စကားစမြည်းပြောတဲ့ အဘိုးကြီးတွေ၊ ဟိုဘက် food
court က အသံတွေနဲ့ စည်ကားနေပါသေးတယ်။ ကြည့်နေကြတုန်းမှာပဲ တစ်ယောက်က '' ဟယ်..ဟိုမှာ
မီးလင်းသွားတယ် '' လို့ ထအော်တော့ အားလုံးရဲ့ ခေါင်းတွေက ဆက်ကနဲ့ ဆိုသလို သူညွှန်ပြတဲ့ နေရာ
ရောက်သွားကြတယ် ။ဟန်နာတော့ ဘာမှမမြင်ရပါဘူး။ ပြီးတော့မှ ရေနစ်သူ ၀ါးကူထိုး စကားပုံနဲ့ ပဲ
နှိုင်းရမလား မသိဘူး။ ဘေးက တစ်ယောက်ကလည်း ''အေး ငါလည်းမြင်တယ်''လို့ အော်တော့
တစ်ယောက် တစ်ပေါက်နဲ့ သူတို့ လည်းမြင်ကြောင်း ထောက်ခံကြပါလေရော။ ဟန်နာ့ သူငယ်ချင်း ၃
ယောက်ပါ ခေါင်းညိတ်လာတော့ ဟန်နာလည်း ဘာပြောနိုင်တော့မှာလည်း၊ ''အင်း ငါလည်း
တွေ့ လိုက်တယ်''ပေါ့။  (အမှန်တော့ ဘာမှ မမြင်ရကြောင်းပါ ) ထိုင်စကားပြောနေတဲ့ အဖိုးတွေကလည်း
ဟန်နာတို့ အဖွဲ့ ကို မသိမသာ ကြည့်နေကြလေတော့ ဟန်နာလည်း ကြာကြာမနေ ချင်တော့ ဘူး။ သူ
တို့ ကတော့ စုံစမ်းလို့ ကောင်းတုန်း။ အဲ့အဖြစ်ကို မြင်တော့ ဟန်နာ တို့ အသက် ၁၀ နှစ်အရွယ် ရန်ကုန်
ကျောင်းမှာ ကြုံခဲ့တာကို သတိရတယ်။ အဲ့လိုဘဲ မိန်းကလေးတွေ ၂ယောက် တတွဲ အိမ်သာသွားရင်
ယောကျားလေးတွေ အိမ်သာဘက်မှာ ခေါင်းပြတ်ကြီး မြင်တယ်၊ ကျောပေါက်ကြီးမြင်တယ်၊ ကုလားမကြီး
မြင်တယ် စသဖြင့် အတည်ပေါက်နဲ့ ပေါ ခဲ့ကြလေ့ရှိတယ်။ အဲ့လိုတစ်ယောက်ယောက် က မြင်ပြီဆို
ကျန်တဲ့လူအားလုံးက စာအမြန်ကူးရေးပြီး နှစ်ယောက်စီ အိမ်သာနား သွားသွားချောင်းကြတာလည်း
ခဏခဏ။ ခုလည်း အဲ့ဒီ့ အဖြစ်တွေနဲ့ ဘာထူးလဲ။ မရှိမှန်းသိရက်နဲ့ စုံထောက်ကျော်ကြီးတွေ လုပ်နေ
ကြတာပဲလေ.. :P ၇နာရီခွဲတော့ အမေ ဖုန်းဆက်လာပြီ ။ ခုချက်ချင်း ပြန်လာတော့လို့ မပြောပေမယ့် သမီး
ပြန်မလာသေးဘူးလား လို့ အမေက ပြောလိုက်ရင်ပဲ အဲ့ဒါက ခုချက်ချင်း ပြန်လာတော့ ဆိုတဲ့ သဘောပဲ
မို့ အားလုံးကို နှုတ်ဆက်ပြီး အိမ်ကို အမြန် ဒုန်းစိုင်းခဲ့ပါတယ်။ နောက်နေ့ တွေ မှာ ကျောင်းဆင်းတော့လည်း
အိမ်မပြန်ဘဲ stayback နေကြပြီး စုံစမ်းထောက်လှမ်းခဲ့ကြတာပေါ့။အဲ့လို မရှိတဲ့ သရဲ ကိုအရှိလုပ်ပြီး
စုံစမ်းရင်းနဲ့ ပဲ ၆တန်းစာသင် နှစ်ကုန်ဆုံးပြီး Secondary မှာ ကျောင်းတွေကွဲ၊ အခန်းတွေ ကွဲကုန်တယ်။   
        အဲ့တုန်းက ကိုယ့်သရဲကိုယ်မြင်ပြီး ပေါချာချာနိုင်ခဲ့တဲ့ Primary 6 ကျောင်းသား ကျောင်းသူတွေဟာ
ခုတော့ Secondary 4 ကျောင်းသား ကျောင်းသူကြီးတွေ ဖြစ်နေကြပါပြီ။ ကိုယ့်စာနဲ့ ကိုယ်လုံးလည်
ချာလည်လိုက်နေတဲ့  ကြားက ဖုန်းတွေ ၊ facebook တွေ၊ ဂျီမေးလ်တွေက တစ်ဆင့် အဆက် အသွယ်
တွေရပြီးအားတဲ့ရက်လေးတွေ ရွေးကာ တွေ့ ဖြစ်ခဲ့ကြတယ်။  တွေ့ တိုင်း အဲ့တုန်းက ရူးခဲ့ကြတာလေးတွေကို
ပြန်ပြောမိရင်ပဲ ငါအဲ့တုန်းက နင်တို့ ကို ဘာမြင်တယ်တွေ ဘာတွေ ရွှီးခဲ့ကြောင်း  ၀န်ခံကြရင်း တစ်ချိန်က
အမှတ်တရတွေကို သတိရပြီး ရယ်ခဲ့ကြပါတယ်။ ခုချိန်မှာ အဲ့လို အမှတ်တရလေးတွေကို သတိရနေတာ
ဟန်နာတစ် ယောက်တည်း မဟုတ်ဘဲ သူတို့ အားလုံးရဲ့ရင်ထဲမှာလည်း တစ်ချိန်က Xinghua Primary
School လို့ ခေါ်တဲ့ ကျောင်း၊ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းတွေ နဲ့ ဟိုအရင်အချိန်
က အမှတ်တရတွေကို ပြန်တွေးမိတိုင်း ပြုံးနေကြမှာ အသေအချာပါပဲ။
ခင်မင်လေးစားစွာဖြင့်
Thursday, August 19, 2010
စက္ကူကြယ်
    အခန်းထဲဝင်လိုက်တာနဲ့  တစ်ခန်းလုံး ရစရာမရှိအောင်ကို ရှုပ်ပွနေလို့  အခန်းရှင်းဦးမှပဲ ဆိုပြီး
ရှင်းဖြစ်တယ်။ ရှင်းနေရင်း စာကြည့်စားပွဲအောက်မှာ အိတ်တစ်အိတ်ကျနေတာတွေ့ လို့ ဘာများလဲဆိုပြီး
ဖွင့်ကြည့်လိုက်တာ၊ အထဲမှာက စက္ကူကြယ်လေးတွေ ထည့်ထားတဲ့ ပုလင်းလေးပဲ။ အိမ်တွေပြောင်းတော့
ထည့်မိထည့်ရာ အိတ်ထဲထည့်ထားလိုက်တာ မေ့နေတာတောင် ကြာပြီ။ ပုလင်းလေးကိုတွေ့ တော့ အခန်း
တောင် ဆက်မရှင်းဖြစ်တော့ဘဲ အဲ့ပုလင်းလေးထဲက ကြယ်လေးတွေကို ကြည့်နေမိတယ်။ ကြယ်ပုလင်း
လေး ရဲ့ နောက်မှ အမှတ်ရစရာလေးတွေက အများကြီးပဲလေ...။
   ဟန်နာ စက္ကူကြယ်လေးတွေ ခေါက်ရတာ သဘောကျတယ်။ စိတ်ညစ်နေတုန်း အဲ့ကြယ်လေးတွေ ခေါက်
နေရင် ဘာမှတော့ ထူးထူးခြားခြား ဖြစ်မသွားပေမယ့် ကြယ်ခေါက်တာထဲကို စိတ်နှစ်ထားတော့ တစ်ခဏ
စိတ်ညစ်စရာတွေ မေ့သွားတာပေါ့။ ကိုယ့်လက်ထဲကနေ ကြယ်ပွင့်လေးတစ်ပွင့် ခုန်ထွက်လာ
သလိုပဲလေ။တစ်ချို့ တွေက သူတို့ ချစ်တဲ့လူတွေ ကိုပေးဖို့ အတွက်ရည်ရွယ်ပြီး ခေါက်တတ်ကြတယ်။
ခေါက်ပြီးရင် ပုလင်းပြည့်တိုင်း ပေးလေ့မရှိကြဘူး။ ဒီပုလင်းထဲမှာတော့ အခု ၅၀၀ ရှိတယ်၊ ၁၀၀၀ ရှိတယ်
စသဖြင့် အရေအတွက်လေးတွေ သတ်မှတ်ပြီး ပေးလေ့ရှိကြတယ်။ ဟန်နာခေါက်တယ် ဆိုတာ
တစ်ယောက်ယောက် ကိုပေးဖို့ အတွက်မဟုတ်ပါဘူး။ကိုယ့်စာကြည့်စားပွဲပေါ်မှာ
ကြယ်ရောင်စုံလေးတွေ ပြည့်နေတဲ့ ပုလင်းလေးကိုတွေ့ ရင် စိတ်ကြည်နူးသလိုလိုဖြစ်မိလို့ ပါ။
    ဒီကြယ်ခေါက်တဲ့ ၀ါသနာ ဘယ်က ၀င်လာလဲသိလား။ ပြောပြရင်တော့ အားလုံး ၀ိုင်းပြောကြမှာ
အသေအချာပဲ။ ဘာလို့ ဆို ဒီကြယ်ခေါက်ချင်တဲ့ စိတ်လေးကလည်း ကိုရီးယားကားတစ်ကားကနေ ရခဲ့
လို့ ပါ။ ဟင်းးးးးးး။ စာရေးဖို့ နာမည်ကျပြန်တော့လည်း ကိုရီးယားကားကရ။ ခု ဒီကြယ်ခေါက်တ
လို့ ထင်ချင်လည်း ထင်ကြပါကုန်။ ဟီး ဟုတ်လည်းဟုတ်တာကို။ :P တော်တော်တော့ ကြာပြီဖြစ်
လို့ ကိုရီးယားကားနာမည်လည်း မမှတ်မိတော့သလို အရင်လို link လည်းမပေးနိုင်တော့ဘူး။ အဲ့တုန်းက
ဟန်နာ အသက် ၁၂ နှစ်ပဲရှိသေးတာလေ။ အဲ့ကားလေးက ကြယ်ခေါက်တာကို ဇာတ်လမ်းရဲ့
တစ်စိတ်တစ်ပိုင်းအဖြစ် ထည့်ရိုက်ထားတာမဟုတ်ဘူးနော်။ တစ်ကားလုံးမှာမှ မင်းသမီး ငယ်ငယ်တုန်းက
ကြယ်ခေါက်နေတဲ့ တစ်ခန်းပဲ ရှားရှားပါးပါး ပါတာ။ ဒါပေမယ့် ဟန်နာနဲ့ ရွယ်တူလောက်ရှိတဲ့
ကောင်မလေးက သူ့ လက်ဖြူဖြူဖွေးဖွေး လေးတွေနဲ့ ကြယ်အပြာရောင်လေး ကို ပြုံးပြုံးလေး
ခေါက်နေတာတွေ့ တော့ ဟန်နာတစ်ယောက်လည်း အားကျပြီး ကြယ်ခေါက်ချင်စိတ်တွေ တစ်ဖွားဖွား
( grandma ဖွားဖွားမဟုတ် :P ) ပေါ်လာတော့တာပေါ့။
      အဲ့ဒါနဲ့ ချက်ချင်းပဲ ဘေးက အဒေါ်တွေကို ကြယ်ခေါက်တတ်လားလိုက်မေးတယ်။ ဒီနေရာမှ ခဏ
ကြောင်နာ အဲလေ..ကြော်ငြာ ၀င်မယ်နော်။ တစ်ခြားမဟုတ်ပါဘူး။ ဟန်နာ့အဒေါ်တွေကို ဟန်နာခေါ်ပုံလေး
ပြောပြချင်လို့ ပါ။ မဟုတ်ရင် ပိုစ့်တစ်ခုလုံး အဒေါ်အကြီး အလတ် အငယ်ဆိုပြီး ရိုက်နေရတော့
ဟန်နာလည်း လက်ညောင်းလို့ ။ :D အဒေါ်အကြီးဆုံးက ဆရာမမို့ လို့  '' အန်တီဆရာမ '' လို့ ခေါ်တယ်။
အဒေါ်လတ်က '' အန်တီခိုင် '' ၊ အငယ်ဆုံးကတော့ '' အန်တီမွန် '' တဲ့။ ဇာတ်လမ်းပြန်ဆက်ပါပြီ။ 
အန်တီဆရာမက သူတို့ ဆရာ့သင်တန်းတွေဘာတွေတက်ရင် အတန်းထဲက ကလေးတွေကို ပြန်သင
ဖို့ ကြယ်ခေါက်နည်း၊ လှေခေါက်နည်း၊ သေတ္တာခေါက်နည်း၊ ကြိုးကြာခေါက်နည်း အစုံသင်ရတော့
သူခေါက်တတ်တယ်တဲ့။ ဟန်နာလည်း ချက်ချင်းဆို ချက်ချင်း ကိုရီိးယားကားကို အတင်းပိတ်ခိုင်းပြီး
ကြယ်ဘယ်လိုခေါက်လဲ သင်ခိုင်းတော့တာပေါ့။ ကံကောင်းထောက်မစွာ အိမ်မှာ ကြယ်ခေါက်တဲ့
စက္ကူလေးတွေ ရှိနေတယ်။ အန်တီကလည်း မငြိုမငြင် သင်ပေးရှာတယ်။ ဟန်နာသင်နေတော့ ဘေးက
ကျန်တဲ့ အဒေါ်၂ယောက်၊ အကိုနဲ့ မောင်လေးလည်း မနေနိုင်တော့ဘူး ၊ သူတို့ ပါဝင်သင်တယ်။ အဲ့လိုနဲ
တူဝရီး ၆ယောက်တက်ညီလက်ညီ ကြယ်ခေါက်သင်နေကြတာကို အဖိုးက ပက်လက်ကုလားထိုင်ပေါ်ကနေ
ပြုံးပြုံးကြီး ကြည့်နေလေရဲ့။ အဲ့အချိန်မှာတော့ အဖွားမရှိရှာတော့ဘူး။ ခဏကြာတော့ အန်တီခိုင်
နဲ့ အန်တီမွန် ရသွားပြီ။ အကိုက ပုံဆိုးပန်းဆိုးလေး ၃ ခုလောက်ခေါက်ပြီးတော့ သားရသွားပြီဆိုပြီး
မသင်တော့ဘဲ ဟန်နာတို့ ခေါက်တာ ထိုင်ကြည့်နေတယ်။ မောင်လေးကတော့ ကလေးတို့ ထုံးစံအတိုင်း
ခဏကြာတော့ ပျင်းပြီး မသင်တော့ဘူး။ နောက်ဆုံး ဟန်နာတစ်ယောက်ပဲ ကျန်တယ်ပေါ့လေ။ ခေါက်လိုက်
ပျက်သွားလိုက် ၊ ခေါက်လိုက် ပျက်သွားလိုက်နဲ့ ခဏကြာတော့ ဟန်နာလည်း ခေါက်တတ်သွားပြီပေါ့။
ပျော်လိုက်တာဆိုတာ ပြောမနေပါနဲ့ တော့း) ဟန်နာခေါက်တတ်သွားပြီဆိုတော့ ကျန်တဲ့လူတွေက
ကိုရီးယားကား ပြန်ကြည့်နေကြတယ်။ ဟန်နာကတော့ ပြန်မကြည့်နိုင်တော့ဘူး။ ကျန်တဲ့ စက္ကူလေးတွေကို
မကုန်မချင်း ထိုင်ခေါက်နေတာ။ ကြယ်လေး တစ်ခုများ ခေါက်ပြီးသွားရင် ပီတိ ကိုဖြစ်လို့ ။ အဲ့လို
နဲ့ ကြယ်ရောင်စုံလေး နည်းနည်းခေါက်ပြီးသွားတော့ မေမေက အိပ်ဖို့ လာခေါ်တာနဲ့ပြန်လိုက်သွားရတယ်။
အိပ်ရာထဲမှာ အိပ်လို့ ကို မပျော်နိုင်ဘူး။ ကြယ်ခေါက်တတ်သွားပြီဆိုတဲ့ အတွေးနဲ့ ပျော်နေတာလေ။
အိမ်မက်ထဲ ထည့်မမက်ရုံတမယ်ပဲ။
   မနက်ရောက်တော့ ဟန်နာတစ်ယောက် သွားတိုက်မျက်နှာသစ်ပြီး အမေ၀ယ်လာတဲ့ မနက်စာတောင်
မစားတော့ဘူး  (ဘယ်စားမလဲ..အန်တီတို့ ဝယ်လာတဲ့ မုန့် ဟင်းခါးပဲ အ၀ဆွဲမှာကိုးးးး :P ) ဟိုဘက်အိမ်ကို
ပြေးတော့တာပေါ့။ အဲ့ရောက်တော့ ကြောင်အိမ်ထဲကို လှန်လှောရှာဖွေပြီး ကုန်တော့မယ့်ဆဲဆဲ အိုဗာတင်း
ထည့်ထားတဲ့ ပုလင်းကိုတွေ့ တယ်။ တွေ့ တွေ့ ချင်း ဘိုးဘိုးကို အိုဗာတင်းတွေ အတင်းဖျော်တိုက် ၊
ကုန်တော့မယ် ဆဲဆဲ လက်ကျန်ကို ဟန်နာတစ်ယောက် ဇွန်းနဲ့ ခပ်စားပြီး အပြတ်ရှင်းလိုက်တယ်။
ဒီလောက်ဆို ဟန်နာ ဘာလုပ်ချင်လို့ လဲဆိုတာ အားလုံး သိရောပေါ့း) ပြီးရင် အန်တီ၊ သမီး ဒီပုလင်းခွံ
ယူမယ်နော် ဆိုပြီး ပုလင်းကို ချက်ချင်းရေပြောင်အောင်ဆေးတော့တာ။ မဟုတ်ရင် အိုဗာတင်း
အနံ့ ကြီးတွေ ထွက်နေမှာစိုးလို့ လေ။ ရေပြောင်အောင်၃ခါ ၄ခါလောက် ဆပ်ပြာနဲ့ ပွတ်ဆေးပြီးတော့
လက်ကိုင်ပ၀ါနဲ့ ပုလင်းကို အကျအနသုတ်လိုက်တယ် ။ အန်တီတို့ ကတော့ သီရိ ဘာလုပ်မလို့ တုန်းတဲ့။
စောင့်ကြည့်ပေါ့ လို့ ။ ပုလင်းမှာက အိုဗာတင်းအနံ့ နည်းနည်းကျန်နေသလိုရှိတာနဲ့ အန်တီတို့ ကို
အနံ့ ပျောက် အောင် ဘာလုပ်ရမလဲဆိုတော့ အန်တီခိုင်က နေပူထဲသွားချထားတဲ့။ ပြောတဲ့အတိုင်း
သွားချထားပြီး နာရီဝက်လောက် ကြာအောင်စောင့်လိုက်ရတယ်။ အဲ့နာရီဝက်လုံး ဟန်နာတစ်ယောက်
ဂဏာ မျငိမ္ဘူး။ ခြံထဲ ပြေးကြည့်လိုက်၊ နမ်းကြည့်လိုက်၊ ပြန်လာလိုက်နဲ့ အလုပ်ကို ရှုပ်နေတာ။ ခြံထဲမှာ
ရှိတဲ့ ခွေး၂ကောင်ရန်ကလည်း ကြောက်ရသေးသကိုးးးးး ။အဲ့လိုနဲ့ အနံ့ ကမရှိသလောက်ဖြစ်သွားပြီ။
မသိမသာတော့ ကျန်နေသေးတာပေါ့။ ဟန်နာလည်း မစောင့်နိုင်တော့လို့ အန်တီခိုင့်အခန်းထဲက
မှန်တင်ခုံမှာရှိသမျှ ရေမွှေးတွေကို နမ်းကြည့်ပြီး သဘောကျတဲ့ အနံ့ လည်းတွေ့ ရော၊ ရေမွှေးပုလင်းကြီး ကို
အိမ်ရှေ့ ဆွဲယူလာတာ။ အန်တီက '' ဟဲ့ဟဲ့..ဘာလုပ်မလို့ လဲ..င့ါရေမွှေးတွေတော့ ကုန်ပါပြီတော် '' တဲ့။
ဟန်နာ ကလည်း သူကြိုက်လွန်းလို့ အလှတင်ထားတဲ့ ပုလင်းကိုမှ ဆွဲလာတာကိုးးးး :P '' သမီး အကုန်
မသုံးပါဘူး '' ဆိုပြီး ပုလင်းတစ်ခုလုံးကို ရေမွှေးတွေ ဖြန်းတော့တာပေါ့။ အနံ့ က သင်းနေတာပဲလား ၊မွှန်ထူ
ကုန်ပြီးလားတော့မသိ။ တစ်ပုလင်းလုံး ရေမွှေးအနံ့ တွေ ကြိုင်သွားတာပဲ။ ဒီလောက်ဆိုရပြီ ဆိုပြီး ဗီရို
တံခါးကိုဆွဲဖွင့်၊ အဖွားရှိတုန်းက သုံးခဲ့တဲ့ အပ်ချူပ်တဲ့ဘူးလေး ကို ယူချလာပြီး ဖွင့်လိုက်တော့ ထင်ထားတဲ့
အတိုင်း ဖဲကြိုးရောင်စုံလေး ၅ခု တွေ့ တယ်။ အပြာရောင်ဖဲပြားလေးကို ပုလင်းပေါ်ကပ်ပြီး တိတ် အကြည်
ကို အပေါ်က နေ ပုလင်းတစ်ပတ်ပြည့်အောင် ပတ်လိုက်တယ်။။ ပြီးရင် အဲ့တိတ်ပေါ်မှာ ဆော့ပင်လေးနဲ
'' Paper Wishing Stars '' ဆိုပြီး ရေးတော့မှ ဘေးကလူတွေ သိသွားကြတယ်။ ဒီလောက်ဆိုပြည့်စုံပြီဆိုပြီး
တစ်ပုလင်းလုံး လှည့်ပတ် ကြည့်လိုက်တော့ သေရော..သေရော။ ပုလင်းအဖုံးပေါ်မှာ အိုဗာတင်းဆိုတဲ့
စာသား ကြီးက ရှိနေတာကိုး။ တစ်ခေါင်းလုံးမှာရှိတဲ့ ဥာဏ်နီ ဥာဏ်နက် ဥာဏ်ပြာ ဥာဏ်ဝါ တွေအကုန်
ထုတ်ပြီး စဉ်းစားလိုက်တာ.... ကျောင်းကနေ မုန့် မစားဘဲ ၀ယ်ခဲ့တဲ့ ကပ်ခွာလေးတွေကို သွားသတိရပြီး
အဲ့အဖုံးပေါ် နေရာလွတ် မရှိအောင် ကပ်လိုက်တော့ ဟန်နာ့ ကြယ်ထည့်ဖို့ ပုလင်းလေး တော်တော်
ကြည့်ပျော် ရှုပျော် ဖြစ်သွားပြီ။ အန်တီမွန်က '' သမီးတော်တယ်။ အဲ့လိုမျိုးပဲ ပစ္စည်းတစ်ခုကို ၀ယ်တာထက်
ကိုယ်ကိုယ်တိုင်လုပ်တာက ပိုပြီး အမှတ်တရလည်းဖြစ်တယ်။ ငွေလည်းမကုန်ဘူး။ သမီးသာဆိုင်က
ယ်ရင် ငွေလည်းကုန်သလို သူများတွေမှာလည်း သမီးနဲ့ တူတဲ့ပုံမျိုးရှိနေမှာ၊ ခုလိုလုပ်လိုက်တော့
သမီးမှာပဲ သူများနဲ့ မတူဘဲ ထူးခြားတဲ့ ကိုယ်တိုင်လုပ် ပုလင်းလေးရှိတာပေါ့ ''တဲ့။ ဟန်နာခုထိ မမေ့သေးတဲ့
စကားလေးပါ။ အဲ့တုန်းက ဟန်နာတစ်ယောက် သဘောတွေကျလို့ ပေါ့။ ဟုတ် လို့ ပြောပြီးတာနဲ့ ညက
ခေါက်ခဲ့တဲ့ ကြယ်လေးတွေ ပစ်ထည့်လိုက်ပြီး အိမ်ဘက်ကို ၊ပြေး ၊ အမေ့ဆီကနေ ပိုက်ဆံတောင်းပြီး
ဟန်နာနဲ့ စတိုးဆိုင်ကိုလိုက်ခဲ့ဖို့ အဒေါ်တွေကိုသွား ပူဆာတော့တာ ။ နောက်ဆုံး ဟန်နာ ဂျီကျလွန်းတော့
အန်တီမွန် ကလိုက်ခဲ့ရှာတယ်။ စတိုးဆိုင်ရောက်တော့ ကြယ် ခေါက် တဲ့ စက္ကူလေးတွေ ၀ယ်ပြီး တစ်
နေ့ ခင်းလုံး ထမင်းမေ့ဟင်းမေ့ ခေါက်တော့တာပေါ့။ လက်ဖျား တွေ တောင် နာတယ်။ ပြီးရင် အဲ့
ကြယ်ပုလင်းကို အိမ်ပြန်သယ်မသွားဘူး။ အန်တီတို့ အိမ်မှာပဲ ကြယ်ခေါက်တဲ့ စာရွက်လေးတွေနဲ့ အတူ
ထားထားတာ။ မိုးလင်းလို့ ဟန်နာသွားကြည့်ရင် ကြယ်လေးတွေက များလာတယ်လေ။ ညဘက်
အိပ်မပျော်ရင် အဒေါ်တွေက ခေါက်ထားပေးတာကိုးးး ။
    အဲ့လိုနဲ့ ဟန်နာ့ ကြယ်လေးတွေ၂၅၀ ပြည့်တောမယ့်ဆဲဆဲမှာပုလင်းလေးလည်း ပြည့်သွားသလို
ဟန်နာလည်း ဖေဖေနဲ့ အတူ စင်္ကာပူဆိုတဲ့ နိုင်ငံကို လိုက်သွားရတော့မယ်လေ။ အပြီးပြောင်းတာဖြစ်
လို့ ပစ္စည်းတွေနဲ့  မနိုင်တဲ့ကြားက ဟန်နာ အဲ့ကြယ်ပုလင်းလေးကို ရအောင်ယူလာခဲ့တယ်။ လေယဉ်ကွင်း
မှာ ကျောပိုးအိတ်ကိုလွယ်၊ တစ်ဘက်က မောင်လေးလက်ကိုကိုင် ၊ တစ်ဘက်က ကြယ်ပုလင်းလေးကို
ကိုင်မျက်ရည်တွေဝဲပြီး ဟန်နာတို့ လေယဉ်ပေါ်တက်ခဲ့ကြတာ။ ဒီရောက်တော့ စားကြည့်စားပွဲပေါ် အလှ
ထားထားရတယ်လေ။ ပုလင်းလေးပြည့်သွားလို့ နောက်ထပ်ထည့်လို့ မရတော့တာနဲ့ ပုလင်းအသစ်
တစ်ပုလင်းဝယ်ခဲ့တယ်။ ဟန်နာကိုယ်တိုင် လုပ်ခဲ့တဲ့ ပုလင်းလေးလောက်တော့ အမှတ်တရမဖြစ်ဘူးပေါ့။
နောက်ပိုင်း အိမ်တွေပြောင်းတော့ ကြယ်ပုလင်းလေး ပျောက်သွားခဲ့တာ ကြာလှပြီ။ ဒီနေ့ ပြန်တွေ့ တော့
ပျော်လိုက်တာ။ ပုလင်းလေးကို ဖုန်တွေသုတ်ပြီး စာကြည့်စားပွဲပေါ်မှာအရင်လိုပဲပြန်တင်ထားလိုက်တယ်။
  ခုဆို ဟန်နာတို့ အဒေါ်တွေရော ဟန်နာပါ အသက်တွေ တစ်နှစ်တစ်နှစ် ကြီးသွားပြီ ။ ဒါပေမယ့်
ဒီပုလင်းလေးထဲက ကြယ်လေးတွေနဲ့ ဟန်နာတို့ အမှတ်တရတွေကတော့ ဘယ်တော့မှ ဟောင်းနွမ်း
ပျက်စီးသွား မှာမဟုတ်သလို မေ့လို့ လည်းရမှာ မဟုတ်တဲ့ အရာဝတ္ထုအဖြစ် ကျန်ရှိနေဦးမှာပါ...။
ခင်မင်လေးစားစွာဖြင့်
Sunday, August 15, 2010
ကျေးဇူးပါ...
   ဟန်နာတို့ ငယ်ငယ်တုန်းက နေတဲ့ ခြံထဲမှာ အိမ် ၂ လုံးဆောက်ထားတာ။ တစ်လုံးက တစ်ထပ်တိုက်။ အဲ့
မှာ ဟန်နာ့ အဘိုးအဘွား နဲ့ အဒေါ် သုံးယောက်နေတယ်။ ဒီဘက် ဘေးမှာတော့ ဟန်နာတို့ မိသားစု
ငါးယောက်နေတဲ့ ပျဉ်ထောင်အိမ်လေးပေါ့။ လက်ထပ်ပြီး သီးသန့် အေးအေးဆေးဆေး နေချင်တဲ့ ဖေဖေ
နဲ့ မေမေအတွက် အဖိုးက သူ့ ခြံထဲမှာပဲ ပျဉ်ထောင်အိမ်လေး တစ်လုံး ဆောက်ပေးခဲ့တာတဲ့။
တစ်အိမ်စီနေပေမယ့် ဟန်နာတို့ မောင်နှမတွေက မိုးလင်းတာနဲ့ အဘိုးတို့ ဘက်ကိုပြေးတာ။
 အဒေါ်တွေကလည်း အပျိုကြီးတွေ။ သူတို့ မှာ ချစ်ရမယ့် လင်ယောင်္ကျားနဲ့  သားသမီးတွေ မရှိလေတော့
ဟန်နာတို့မောင်နှမ သုံးယောက် ကိုပဲ အချစ်ပိုခဲ့ကြတာပေါ့။ ဟန်နာတို့ ကအဒေါ်တွေကို
သံယောဇဉ်ရှိသလို အရမ်းလည်းနိုင်တယ်။
            ဟန်နာ အသက် ကိုးနှစ် ဆယ်နှစ် လောက်ရောက်တော့ အဒေါ်တွေရဲ့ အားကိုးရာ အတိုင်ပင်ခံ
ဖြစ်ခဲ့တယ်။ ဆရာမဖြစ်တဲ့ အဒေါ်အကြီးဆုံးက သူ့ ကျောင်းမှာ ကျောင်းသားတွေ
ဘယ်လောက်ဆိုးကြောင်းပြောရင် ဟန်နာက '' အန်တီရယ်...အဲ့လိုမျိုးက တုတ်နဲ့ ဆော်ပလော်တီးပစ်ရ
မှာ'' ဘာညာ စသဖြင့်ပေါ့။  အလှအပ ကြိုက်တဲ့ အဒေါ်လတ်ကျတော့ တစ်မျိုး။ သူ အပြင်သွားမ
လို့ အလှပြင်နေရင် ဟန်နာတို့ က ဘေးမှာရှိနေကြ။ '' ဒီအကျီ င်္နဲ့ ဒီထမီလိုက်တယ်'' ..'' ဒီဟာ ၀တ်ရင်
ဒီနှုတ်ခမ်းနီ လေးဆိုးသွား '' ဆိုပြီး ဒီဇိုင်နာလည်း ၀င်လုပ်ခဲ့သေးတာ။ ကိုယ်အကြံပေးတဲ့ အတိုင်း ၀တ်များ
ဝတ်သွားရင် ဟန်နာတို့ သဘောကိုကျလို့ ။ အဲ့ဒါကြောင့် ဘာလိုလိုနဲ့ အဲ့တုန်းက ဒီဇိုင်နာဖြစ်ချင်တဲ့
စိတ်လေးတောင် ၀င်ခဲ့သေးတယ်။ :P အဒေါ်အငယ်ဆုံးက ရုံးဝန်ထမ်း ၊ တစ်ခါတစ်ခါ သူ့ ရုံးက
စာရင်းဇယားတွေနဲ့ သူခေါင်းစားနေပြီဆိုရင် ဟန်နာတို့ မောင်နှမတွေကလည်း ဟုတ်ဟုတ်မဟုတ်ဟုတ်
ဝင်စားပေးလိုက်တာပဲ။
        အဒေါ်တွေကလည်း ကလေးတွေဆိုပြီး ပေါ့ပေါ့တန်တန် မလုပ်ခဲ့ကြဘူး။ ဟန်နာတို့ ပြောသမျှကို
အလေးအနက်ထား၊ ဒါကမှန်တယ် ဒါကမှားတယ်ဆိုပြီး ဝေဖန်ပိုင်းခြားပေးခဲ့တယ်။ လူကြီးသူမတွေက
တစ်ခုခုမေးရင် သွက်သွက်လက်လက် ဖြေတတ်အောင် သင်ပေးထားတယ်။ ဧည့်သည်လာ
လို့ အဲ့ဧည့်သည်ကို ဟန်နာ့အဖေ သူတို့ မောင်နဲ့ မိတ်မဆက်ပေးရင်သာ ရှိမယ် ။ ဒါပေမယ့် ဟန်နာ
တို့ ကိုတော့ '' ဒါကျွန်မတို့ တူတွေ တူမတွေလေ '' လို့ ပွဲထုတ် မိတ်ဆက်ပေးလေ့ရှိတယ်။
လူတောတိုးရဲအောင်..လူမကြောက်အောင်တဲ့။ ဟန်နာတို့ ခုလို သူများတိုင်းပြည်မှာ
မကြောက်မရွံ့ သွက်သွက်လက်လက် လူတောတိုး၊ လူမကြောက်တတ်တာဟာ အဒေါ်တွေရဲ့ ကျေးဇူးတွေပါ။
သူတို့ လက်အောက်မှာသူတို့ ကလေးသဖွယ် ကြီးပြင်းလာတဲ့ ဟန်နာတို့ မောင်နှမတွေကို သူတို့ 
လိုချင်တဲ့၊ကောင်းတဲ့ ပုံစံသွင်းခဲ့တာပါ။ ဟန်နာ့ဘ၀မှာ ဟန်နာ့မိဘတွေပြီးရင် အဒေါ်တွေက
ကျေးဇူးရှင်တွေ၊ ဟီးရိုးတွေ ပါပဲ ။ဒါကြောင့် ဒီpost လေးနဲ့ အတူ မြန်မာပြည်မှာ ရှိတဲ့ ဟန်နာ့ အဒေါ်တွေကို
ကျေးဇူးတင်ကြောင်း ဂါရ၀ပြုလိုက်ပါတယ်....
ခင်မင်လေးစားစွာဖြင့်