Saturday, September 11, 2010
OUR CLASS IS HAUNTED!
   ဟန်နာ Primary 6 လောက်တုန်းကပါ။ ကျောင်းမှာ စာမေးပွဲဖြေပြီးတော့ ၁လ မပိတ်ခင် experiential
week ဆိုတာရှိပါတယ်။ အဲ့ တစ်ပတ်လုံး စာမသင်ဘဲ sandwich တွေ လုပ်စားတယ်၊ အခန်းသန့် ရှင်းရေး
လုပ်ကြတယ်၊ ခရီးတွေ သွားကြတယ်။ ပျော်စရာကြီးပေါ့။း) မှတ်မှတ်ရရ ဟန်နာတို့ 6R က China Town
ကို သွားရပါတယ်။ မနက် ၇ နာရီခွဲက ထွက်သွားပြီးနေ့ လည် ၁၂ နာရီ အတိမှာ ကျောင်းကို ပြန်ရောက်
တယ်။ ပြန်ရောက်တော့ ဆရာမက တစ်တန်းလုံးကို ၁နာရီ Break ပေးပြီး နေ့ လည် ၁နာရီမှာ အခန်းကို
ပြန်လာရမယ်လို့ ဆိုပါတယ်။ အမြဲတမ်း Recess အချိန် နာရီဝက်ပဲရတဲ့ ဟန်နာတို့ အတွက်တော့ ၁နာရီ
break ဆိုတာ တန်ဖိုးရှိလိုက်လေခြင်းပေါ့။ စားဖို့ သောက်ဖို့  ၁နာရီ break ပေးတယ်သာပြောတာပါ၊ 
ဟန်နာတို့ တစ်ခန်းလုံးနီးပါးက လမ်းစဉ်တစ်လျှောက်လုံး ပါးစပ်ကို အနားမပေးခဲ့တဲ့ အတွက်ကြောင့်
ဗိုက်လည်း မဆာကြတော့ဘူး ၊ Canteen မှာလည်း အတန်းထဲက လူတွေ မရှိသလောက်ပဲ။ ဟန်နာ
တို့ သူငယ်ချင်း ၄ယောက် ကိုယ်တိုင်လည်း မဆာတော့လို့ ထုံးစံအတိုင်း Basketball ကွင်းနားကိုလျှောက်
လာ ခဲ့တယ်။ အဲ့မှာက လူစုံတာကိုး။ ဟိုရောက်တော့ ထင်တဲ့အတိုင်း ဟိုနားဒီနားထိုင် အတင်းပြောနေတဲ့
ကျောင်းသူတွေ ၊ အိပ်ထမတင်လုပ်လိုက် Pull up ဆွဲလိုက်လုပ်နေတဲ့ ကျောင်းသွားတွေနဲ့ နေရာ အလွတ်
ကို မရှိဘူး။ ဟိုနားဒီနား မျက်စိ ကစားကြည့်လိုက်တော့ စာသင်တဲ့ block တွေရဲ့ မလှမ်းကမ်းမှာ ဟန်နာ
 တို့ အခန်းကို လက်ညိုးထိုးပြီး ကြည့်လိုက်၊ ခေါင်း တစ်ညိမ့်ညိမ့်လုပ်ပြီး စကားပြောလိုက် လုပ်နေတဲ့
အတန်းထဲက လူတွေကို တွေ့ ရပါတယ်။ နှုတ်သွက်လျှာသွက် ရှိတဲ့ ဘေးက သူငယ်ချင်းတစ်ယောက်က ''
လူစုံပါလား '' လို့ ပြောရင်း သူတို့ နား လျှောက်သွားလို့ ဟန်နာတို့ လည်း သူ့ နောက်က လိုက်သွားမိတယ်။
အဲ့တော့မှ အတန်းထဲက အတန်းခေါင်းဆောင်က '' Jocasta, our classroom is haunted' ဆိုပြီး
မျက်လုံးပြူးမျက်ဆံပြူးနဲ့ ပြောလို ၄ယောက်လုံးလည်း  မျက်လုံး အပြူးသားဖြစ်သွားပါတယ်။ ပြီးတော့မှ
ဘေးက ကောင်လေးက ရှင်းပြပါတယ်။ သူတို့ တွေ အတန်းထဲကို လွယ်အိတ်သွားထားတော့ ဖြူဖြူ အရိပ်
ကြီးတွေ့ တယ်တဲ့။ ကြောက်လို့ ပြန်လှည့်လာပြီး တစ်တန်းလုံးနဲ့ တူတူသွားကြည့်တော့ မရှိတော့ဘူးတဲ့ ။
အဲ့ဒါနဲ့ ပြန်မယ်ဆိုပြီး လှေကားက ဆင်းနေရင်း ၂လွှာရောက်တော့ ဟန်နာတို့ အတန်းရှိတဲ့ ၃လွှာကနေ
မီးတွေ ဖျက်ကနဲ  လင်းလာ သတဲ့။ အဲ့ဒါကိုကြားတော့ ဟန်နာလည်း ကြက်သီး ထသွားမိတာအမှန်။ အဲ့ဒါနဲ့ 
ကြာတယ်ဟာ..ငါတို့ နဲ့ နောက်တစ်ခေါက် တက်ကြည့်မယ်ဆိုပြီး တစ်တန်း လုံးတက်သွားတော့ အတန်း
ခေါင်းဆောင်အဟောင်းက သူ စမ်းသပ်ချင်လို့ ခဲဖျက်ကို ခုံပေါ်မှာတင်ထားတာ..အခု နေရာရွေ့ နေပြီ ဆိုပြီး
ကြောက်လန့် တကြားပြောပါတယ်။ အဲ့လိုနဲ့ အချိန်ကြာကြီးထိ တက်လိုက်ဆင်းလိုက် နဲ့ ဆွေးနွေးနေလိုက်
 ကြတာ၊ ကိုယ့်ကိုယ်ကိုယ် စုံထောက်လိုလို ဘာလိုလိုတောင် အထင်ကြီးသွားမိတယ်။ :P နောက်ခဏ
ကြာတော့ Ji Hui ဆိုတဲ့ ကောင်မလေးက သရဲက နေ့ ဘက် သိပ်မထွက်ဘူး၊ ညဘက်မှ ထွက်တာဆိုတော့
ညဘက်မှ ငါတို့ လာကြည့်မယ် တဲ့။ ကျန်တဲ့ လူတွေကလည်း အားပေးအားမြှောက်နဲ့  အေး၊ နင်ပြောတာ
 မှန်တယ်ဆိုပြီး ညနေ ၆ နာရီခွဲ ကစား ကွင်းမှာ တွေ့ ဖို့ ချိန်းလိုက်ကြပါရော။ ( ဒီမှာ ည၁၀ နာရီလောက်
မိန်းကလေး တစ်ယောက်တည်း အပြင်ထွက်လည်း လုံခြုံမှု အပြည့်ရှိပါတယ်။း)
   ညနေ ချိန်းထားတဲ့ အချိန်ရောက်တော့ သူငယ်ချင်း ၃ယောက်က အိမ်ကိုလာခေါ်ပြီး ဟန်နာ့အမေကို
စိတ်ချပါ ဘာညာ နှုတ်ကတိ အထပ်ထပ်ပေးပြီး ၄ယောက်သား ထွက်လာပါတယ်။ ချိန်းတဲ့ နေရာရောက်
တော့ ဟန်နာတို့ ထက် တက်ကြွတဲ့ စုံထောက်ကြီးတွေက စကိတ်တွေ၊ စက်ဘီးတွေ ကိုယ်စီ
ကျောင်းက ဟန်နာတို့ အခန်းထဲကို သေချာ အကဲခတ်ကြည့်ကြပါတယ်။ ည ၇နာရီ ကျော်ဆိုပေမယ့်
ဘေးမှာရှိတဲ့ block တွေအောက်က ခုံလေးတွေမှာ စကားစမြည်းပြောတဲ့ အဘိုးကြီးတွေ၊ ဟိုဘက် food
court က အသံတွေနဲ့ စည်ကားနေပါသေးတယ်။ ကြည့်နေကြတုန်းမှာပဲ တစ်ယောက်က '' ဟယ်..ဟိုမှာ
မီးလင်းသွားတယ် '' လို့ ထအော်တော့ အားလုံးရဲ့ ခေါင်းတွေက ဆက်ကနဲ့ ဆိုသလို သူညွှန်ပြတဲ့ နေရာ
ရောက်သွားကြတယ် ။ဟန်နာတော့ ဘာမှမမြင်ရပါဘူး။ ပြီးတော့မှ ရေနစ်သူ ၀ါးကူထိုး စကားပုံနဲ့ ပဲ
နှိုင်းရမလား မသိဘူး။ ဘေးက တစ်ယောက်ကလည်း ''အေး ငါလည်းမြင်တယ်''လို့ အော်တော့
တစ်ယောက် တစ်ပေါက်နဲ့ သူတို့ လည်းမြင်ကြောင်း ထောက်ခံကြပါလေရော။ ဟန်နာ့ သူငယ်ချင်း ၃
ယောက်ပါ ခေါင်းညိတ်လာတော့ ဟန်နာလည်း ဘာပြောနိုင်တော့မှာလည်း၊ ''အင်း ငါလည်း
တွေ့ လိုက်တယ်''ပေါ့။  (အမှန်တော့ ဘာမှ မမြင်ရကြောင်းပါ ) ထိုင်စကားပြောနေတဲ့ အဖိုးတွေကလည်း
ဟန်နာတို့ အဖွဲ့ ကို မသိမသာ ကြည့်နေကြလေတော့ ဟန်နာလည်း ကြာကြာမနေ ချင်တော့ ဘူး။ သူ
တို့ ကတော့ စုံစမ်းလို့ ကောင်းတုန်း။ အဲ့အဖြစ်ကို မြင်တော့ ဟန်နာ တို့ အသက် ၁၀ နှစ်အရွယ် ရန်ကုန်
ကျောင်းမှာ ကြုံခဲ့တာကို သတိရတယ်။ အဲ့လိုဘဲ မိန်းကလေးတွေ ၂ယောက် တတွဲ အိမ်သာသွားရင်
ယောကျားလေးတွေ အိမ်သာဘက်မှာ ခေါင်းပြတ်ကြီး မြင်တယ်၊ ကျောပေါက်ကြီးမြင်တယ်၊ ကုလားမကြီး
မြင်တယ် စသဖြင့် အတည်ပေါက်နဲ့ ပေါ ခဲ့ကြလေ့ရှိတယ်။ အဲ့လိုတစ်ယောက်ယောက် က မြင်ပြီဆို
ကျန်တဲ့လူအားလုံးက စာအမြန်ကူးရေးပြီး နှစ်ယောက်စီ အိမ်သာနား သွားသွားချောင်းကြတာလည်း
ခဏခဏ။ ခုလည်း အဲ့ဒီ့ အဖြစ်တွေနဲ့ ဘာထူးလဲ။ မရှိမှန်းသိရက်နဲ့ စုံထောက်ကျော်ကြီးတွေ လုပ်နေ
ကြတာပဲလေ.. :P ၇နာရီခွဲတော့ အမေ ဖုန်းဆက်လာပြီ ။ ခုချက်ချင်း ပြန်လာတော့လို့ မပြောပေမယ့် သမီး
ပြန်မလာသေးဘူးလား လို့ အမေက ပြောလိုက်ရင်ပဲ အဲ့ဒါက ခုချက်ချင်း ပြန်လာတော့ ဆိုတဲ့ သဘောပဲ
မို့ အားလုံးကို နှုတ်ဆက်ပြီး အိမ်ကို အမြန် ဒုန်းစိုင်းခဲ့ပါတယ်။ နောက်နေ့ တွေ မှာ ကျောင်းဆင်းတော့လည်း
အိမ်မပြန်ဘဲ stayback နေကြပြီး စုံစမ်းထောက်လှမ်းခဲ့ကြတာပေါ့။အဲ့လို မရှိတဲ့ သရဲ ကိုအရှိလုပ်ပြီး
စုံစမ်းရင်းနဲ့ ပဲ ၆တန်းစာသင် နှစ်ကုန်ဆုံးပြီး Secondary မှာ ကျောင်းတွေကွဲ၊ အခန်းတွေ ကွဲကုန်တယ်။   
        အဲ့တုန်းက ကိုယ့်သရဲကိုယ်မြင်ပြီး ပေါချာချာနိုင်ခဲ့တဲ့ Primary 6 ကျောင်းသား ကျောင်းသူတွေဟာ
ခုတော့ Secondary 4 ကျောင်းသား ကျောင်းသူကြီးတွေ ဖြစ်နေကြပါပြီ။ ကိုယ့်စာနဲ့ ကိုယ်လုံးလည်
ချာလည်လိုက်နေတဲ့  ကြားက ဖုန်းတွေ ၊ facebook တွေ၊ ဂျီမေးလ်တွေက တစ်ဆင့် အဆက် အသွယ်
တွေရပြီးအားတဲ့ရက်လေးတွေ ရွေးကာ တွေ့ ဖြစ်ခဲ့ကြတယ်။  တွေ့ တိုင်း အဲ့တုန်းက ရူးခဲ့ကြတာလေးတွေကို
ပြန်ပြောမိရင်ပဲ ငါအဲ့တုန်းက နင်တို့ ကို ဘာမြင်တယ်တွေ ဘာတွေ ရွှီးခဲ့ကြောင်း  ၀န်ခံကြရင်း တစ်ချိန်က
အမှတ်တရတွေကို သတိရပြီး ရယ်ခဲ့ကြပါတယ်။ ခုချိန်မှာ အဲ့လို အမှတ်တရလေးတွေကို သတိရနေတာ
ဟန်နာတစ် ယောက်တည်း မဟုတ်ဘဲ သူတို့ အားလုံးရဲ့ရင်ထဲမှာလည်း တစ်ချိန်က Xinghua Primary
School လို့ ခေါ်တဲ့ ကျောင်း၊ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းတွေ နဲ့ ဟိုအရင်အချိန်
က အမှတ်တရတွေကို ပြန်တွေးမိတိုင်း ပြုံးနေကြမှာ အသေအချာပါပဲ။
ခင်မင်လေးစားစွာဖြင့်
2 comments:
နေ့အိပ်မက် said...
ဟဟ... ကိုယ်ငယ်ငယ်ကအကြောင်း ပြန်ဖတ်နေရသလိုပဲ :P
ဟန်နာ said...
ဟုတ်လားအမရေ..ဒါဆိုရင်တော့ ကလေးတိုင်းက ဒီလိုပဲထင်တယ်နော်.. :)