ဝယ်ဖို့ ကျောင်းဆင်းဆင်းချင်းPopular Book Shop ကို ရောက်တယ်။ အဲ့ကအထွက် တည့်တည့်မှာ
စိတ်ပျက်စရာ မြင်ကွင်းတစ်ခု တွေ့ လိုက်ရတယ်။ တရုတ်မကြီးတစ်ယောက်၊ ခန့် မှန်းခြေ အသက် ၃၅/၄၀
လောက်ရှိမယ်။ မက်တပ်ရပ် ခါးထောက်ပြီး ဖုန်းပြောနေတယ်။ သူ့ ဘာသာရိုးရိုးပြောနေတာ မ
ဟုတ်ဘူးနော်။ သူ့ ခြေထောက်အောက်မှာ အသက် အစိတ်လောက်ရှိမယ့် အမတစ်ယောက်၊ အဲ့မိန်းမကြီးရဲ့
ဖိနပ်ကြိုးကို စည်းပေးနေလေရဲ့။ အဲ့မိန်းမကြီးက ရယ်ရယ်မောမော ဖုန်းပြောလို့ ၊ အဲ့အမကတော့
မျက်နှာငယ်လေးနဲ့ စည်းပေးနေရှာတယ်။ ရှက်လည်းရှက်နေမှာ။ အဲ့အဖြစ်ကိုတွေ့ တော့
တော်တော်တရားကျဖို့ ကောင်းတဲ့ မိန်းမကြီးပဲလို့ တွေးမိတယ်။ ဖိနပ်ကြိုးတပ်ပြီးတော့ အဲ့အမ
ပြန်ကုန်းထတာတောင် မစောင့်ဘူး။ လမ်းလျှောက်ထွက်သွားလေရဲ့။ သူ့ စကတ် ဖားလားဖားလား ကြီးက
အဲ့အမ ပါးနဲ့ တောင် ရိုက်မိတော့မယ့်အတိုင်း။ လမ်းတစ်ဝက်လောက်ရောက်တော့ တစ်ချက်လှည့်ကြည့်ပြီး
'' Faster la'' လို့ အော်သွားတယ်။ တစ်လွှာလုံးမှာရှိတဲ့ လူနီးပါး လှည့်ကြည့်ကြတယ်။ သူတို့ လည်း ဟန်နာ
တွေးတဲ့အတိုင်းတွေးရင် တွေးနေကြမှာ။ သူတို့ ထွက်သွားတော့ ဟန်နာလည်း ကိုယ့်လမ်းကိုယ်
ဆက်သွားပါတယ်။ စိတ်ထဲမှာတော့ ခုနေတာပေါ့။ လူချင်းမစာမနာ ဒီလိုလုပ်ခိုင်းတာကို ဘယ်လိုမှ
စဉ်းစားမရဘူး။
၂လွှာရောက်တော့ ဟန်နာ ၀ယ်နေကြဆိုင်လေးမှာ အကျီ င်္အသစ်လေးတွေ ရောက်နေတာတွေ့ 
လို့ သွားငမ်း..အဲလေ...သွားကြည့် :P မလို့ ဆိုင်ထဲဝင်သွားတယ်။ ဟန်နာဝင်သွားပြီး သိပ်မကြာပါဘူး၊
ခုနက မိန်းမကြီးတို့ လည်း ဆိုင်ထဲဝင်လာကြတယ်။ စိတ်ကိုညစ်သွားတာပဲ။ သူ့ မျက်နှာမြင်ရင် အကုသိုလ်
များလွန်းလို့ ပါ။ အဲ့မိန်းမကြီး အရောင်းစာရေးမလေးကို ဒုက္ခပေးနေတုန်း ခုနက အမ ဟန်နာ့
နားလာရပ်တယ်၊ ဘေးက အကျီ င်္ ပန်းဆီရောင်လေးကို သေသေချာချာ ကြည့်နေတာ အကြာကြီးပဲ။
လိုချင်လို့ ထင်တယ်။ ဟန်နာ ဆိုင်ထဲက ထွက်မလို့ လုပ်လိုက်တုန်း အဲ့ အမ ပါးစပ်က လွှတ်ခနဲ
ရေရွတ်လိုက်တဲ့ စကားတစ်ခွန်းကြောင့် ရပ်လိုက်မိတယ်။ အံ့သြသလို လန့် လည်းလန့် သွားတယ်။
သူပြောလိုက်တာက '' ဈေးကြီးလိုက်တာ'' တဲ့ ။ဟင်...ဒါဆိုသူက မြန်မာလား။ အနောက်ပြန်ဆုတ်ပြီး
'' အမက မြန်မာနိုင်ငံကလား'' လို့ မေးလိုက်တော့ သူက မျက်လုံးအပြူးသားနဲ့ ပြန်ကြည့်တယ်။
''ဟုတ်တယ်..ညီမလေး..'' တဲ့။ ကိုယ့်လူမျိုးချင်းတွေ့ လိုက်ရလို့ ဝမ်းသွားသွားပုံပဲ။အဲ့လိုနဲ့ သူ
နဲ့ စကားခဏလောက် ပြောဖြစ်တယ်။ သူက စောနက မိန်းမကြီးရဲ့ အိမ်မှာ maid လုပ်ကြောင်း၊
စင်္ကာပူရောက်တာ ၁ လကျော်ကျော်ပဲရှိသေးကြောင်း၊ အဲ့မိန်းမကြီးက အလုပ်တွေ အရမ်းခိုင်းကြောင်း၊သူ
အရမ်းပင်ပန်းရကြောင်း၊ အဲ့မိန်းမကြီးရဲ့တူတွေရှိလို့ အိမ်မှာ လွတ်လွတ်လပ်လပ် စိတ်အေးလက်အေး
မနေရကြောင်းတွေ ပြောပြပါတယ်။သူ့ ကိုသ နားသွားမိတယ်။ ကိုယ့်နိုင်ငံမှာ အဆင်မပြေလို့ သူများနိုင်ငံ
လာလုပ်ခါမှ ပိုဒုက္ခရောက်နေရရှာတယ်။ စကားပြောနေတုန်း သူ့ အိမ်ရှင် မိန်းမကြီးရောက်လာပြီး သူ့ ကို
ခေါ်သွားတယ်။ ဟန်နာ့ကိုတော့ အချိုသာဆုံးအပြုံးနဲ့ ပြုံးပြသွားပေမယ့် သူ့ စိတ်က ဘယ်လောက်
လူမဆန်ကြောင်း သိထားတဲ့ ဟန်နာ သူ့ ကို ၀တ်ကျေတန်းကျေပဲ ပြန်ပြုံးပြလိုက်မိပါတယ်။ သူ
တို့ ထွက်သွားတော့ အဲ့အမ ကြည့်နေတဲ့ အကျီင်္လေးကို ကိုင်ကြည့်မိတယ်။ အသားကတော့
သိပ်မကောင်းပါဘူး။ ဟိုနား ဒီနား သွားလောက်ဆိုရင်တော့ တော်တော် အဆင်ပြေမှာ။ ဈေးက $8 တဲ့။
၈ကျပ်ဆိုတာ မနည်းပေမယ့် ဒီလို အကျီင်္မျိုးအနေနဲ့ ဈေးက ၈ကျပ်ဆို အလွန်တန်တယ်လို့ ပြောရမှာပါ။
ဘယ်သူမဆို ကြိုက်ရင်တော့ ချက်ချင်း ၀ယ်လိုက်ကြမှာ အမှန်ပါပဲ။ ဒါပေမယ့်အဲ့ ပိုက်ဆံက
သူ့ အတွက် အလွန် ဈေးကြီးတဲ့ အထဲ ရောက်နေတယ်ဆိုတော့ သူ ရတဲ့ ပိုက်ဆံနဲ့ သူ့ အခြေအနေကို
ခန့် မှန်းလို့ ရပါတယ်။
ဟန်နာ စဉ်းစားကြည့်မိတယ်။.ဘယ်သူ့ ကိုအပြစ်တင်ရမှာလဲ။ ဒီလိုဖြစ်ဖို့ အကြောင်းဖန်လာတဲ့ကံကိုပဲ
အပြစ်တင်ရမှာလား? ကိုယ့်သားသမီး သူများတိုင်းပြည် သွားဖို့ agent ရဲ့လေချိုချိုလေးကိုယုံပြီး
ထည့်လိုက်တဲ့ သူ့ မိဘဆွေမျိုးကိုပဲ အပြစ်တင်ရမှာလား? ငယ်ငယ်တည်းက
ပညာတတ်တစ်ယောက်ဖြစ်အောင် မကြိုးစားခဲ့တဲ့ သူ့ ကိုယ်တိုင်ကိုပဲ အပြစ်တင်ရမှာလား? ဒါမှမဟုတ်
ဘယ်သူ့ ကိုအပြစ်တင်ရမှာလဲ???စဉ်းစားပေးကြပါဦး...
ခင်မင်လေးစားစွာဖြင့်







