Friday, September 24, 2010
နှိုးစက်လေး
 မနက် ၅ နာရီခွဲ ဒေါင်ကနဲနေတာနဲ့ နှိုးစက်သံက နားမခံသာ အောင် မြည်လာတတ်
တယ်။ အရင်တုန်းကတော့ alarm သံလေးကို သဘောကျလွန်းလို့ ခဏခဏ ဖွင့်ပြီး
နားထောင်တာ၊ ခုတော့ အဲ့ဒီ့ အကြိုက်ဆုံး tune က ကမ္ဘာပေါ်မှာ ရှိရှိသမျှ အသံပေါင်းစုံ
ထဲမှာ အမုန်းဆုံး အသံဖြစ်နေပြီ။ တကယ်..တကယ်..
ဟန်နာ ညဘက်ကို လုံးဝ ညည့်နက်တဲ့ အထိမအိပ်ဘဲ စာကျက် ဆို ကျက်နိုင်တယ်။ 
မနက်အစောကြီးတော့ လုံးဝမထချင်တာ။ မနက် ဆို တစ်ခါတစ်လေ နှိုးစက် မမြည်ခင် လူက နိုးနှင့်နေပြီ။
ဒါပေမယ့်လေ၊  သိတယ်မဟုတ်လား။ မျက်လုံး တွေ ပြူးကျယ်ပြီး အိပ်ရာထဲမှာ မနေချင်တော့ တဲ့အဆုံးမှ
အိပ်ရာက ထချင်တာ။ အဲ့မ တိုင်ခင် ရသမျှ အချိန်လေးကို ကုတ်ကပ်ပြီး အတင်းအိပ်နေတာ။ အဲ့လိုမျိုး
နိုးနှင့်ပြီဆိုရင် နှိုးစက်သံ မြည် တော့မလား၊ မြည်တော့မလားနဲ့ ။ မြည်ပါပြီ ဆိုရင် မျက်နှာကို ရှုံ့ မဲ့ပြီး
နှိုးစက်ကို ထပိတ် သေးတယ်။ ပြီးရင် နောက် ၃ မိနစ် ၄မိနစ်နဲ့ မရတော့တာကို အတင်း  ပြန် အိပ်နေသေး
တယ်။ အဲ့လိုအိပ်နေရင်းနဲ့ပြန် တောင် အိမ်ပျော်သွားတတ် လို့ အမေ ကိုယ်တိုင် တစ်ခါတစ်လေ
လာနှိုးရတာ မျိုးလည်း ရှိတယ်။ တစ်ခါတစ်လေ နှိုးစက်ကို ရိုက်ခွဲချင် စိတ်လည်း ပေါက်မိတယ်။
အဲ့ဒါတောင် အဲ့ဒီ့ နှိုးစက်ကို မနက် ကျောင်းသွားခါနီး ရင် ကိုယ့်ဘာသာ ထမယ် ဆိုပြီး ၀ယ်ခိုင်းထားတာ။
အမေက သူလာနှိုးပါ့မယ် ဆိုတာကို မရဘူးလေ။ ဖုန်းနဲ့ alarm ပေး ဆိုလည်း မရဘူး။ ကိုယ်ပိုင်နှိုးစက်
ဝယ်ပေးထားတာလေ။ ရခါစက နာရီလေးက ချစ်စရာလေးဆိုပြီး စားပွဲပေါ်တင် ထားတဲ့ နာရီကို တစိမ့်စိမ့်
ကြည့် ပြီး အသံလေးကို နားထောင်လိုက်နဲ့ ဖြစ်ပျက်နေတာ။ တကယ့်တကယ် နှိုးစက် သံကြောင့်
ထရတော့မယ်လည်း ဆိုရောအရင်က ခဏခဏ နားထောင်ခဲ့တဲ့ အသံလေးကိုလည်း ခုချိန်မှာ ဘာနဲ့ မှ
နှိုင်းလို့ မရအောင်ကို မုန်းတီးနေပြီ။ စနေ တနင်္ဂနွေလို့ စောစော မထရဘဲ စိတ်ကြည်နေတဲ့
နေ့ မျိုးဆိုရင်တော့ နှိုးစက်ကို အ၀တ်နဲ့ သေချာ ဖုန်တွေ ဘာတွေသုတ်ပြီး အ ရင်လို တသသနဲ့ ပေါ့။
စောစော ထရတဲ့နေ့ မျိုးဆိုရင်တော့ နှိုးစက်ကို ၀ုန်းဒိုင်းနဲ့ ကွဲသွားလည်း အေးတာပဲ ဆိုတဲ့ စိတ်မျိုး။ ဒီ
နေ့ တော့ စနေနေ့ မို့ လို့ ၉ နာရီမှ အိပ်ရာထပါတယ်။ နှိုးစက်လေး နားတယ်ပေါ့လေ။ ခု ဒီပို့ စ်လေးရေးပြီး
ခဏနေရင် စာကျက် ပါ တော့မယ်။
အားလုံးပဲ ပျော်စရာ weekend လေးဖြစ်ပါစေရှင်...
ခင်မင်လေးစားစွာဖြင့်
7 comments:
Anonymous said...
အမလည်း အဲ့လိုပဲ....နှိုးစက်သံကို ခုဆို ကြားကို မကြားချင်တော့တာ
Unknown said...
တူတူပဲ...ညီမလေးရေ...အမကတော့ ဖုန်းနဲ့ alarm ပေးထားတာ...ခဏခဏပြောင်းလွန်းတော့ ရှိသမျှအသံကို မုန်းနေပြီ.. :)
ပျော်ရွှင်ပါစေနော်..
noblemoe said...
အမနဲ့တူတယ် ညီမလည်း ညနက်ထိစာကျက်နိုင်တယ် ဒါမဲ့ မနက်မထင်ချင်ဖူးလေ။ ဒါပေမဲ့လည်းထရတာပါပဲ သီချင်းသံနိုးစက်ထားရင် ကိုအာကြီးအသံမုန်းသွားမှာဆိုးလို့ တီးလုံးလေးထားထားတယ် ညီမရဲ့
သာယာချမ်းမြေ့ပါစေရှင်း
မိုး
Anonymous said...
အင်းးးး နာရိကို မထားတော့တာ။ ကောင်းရော ။:P
မုန်းလွန်းလို့ ...ဒါပေမဲ့လည်း...ထရတာပါပဲလေ။
.....ခင်မင်လျှက်...ခင်မာလာအောင်...:)
ပန်းနုနှင်းဆီ said...
မနက်စောစောမထချင်တဲ့အကျင့်က တူနေပြန်ပြီ
အစ်မလဲ ကျောင်းတက်လာတဲ့တစ်လျောက် တစ်ညလုံး စာကျက်ချင်ကျက်မယ်
မနက်တော့ ဘယ်တော့မှ မထဘူး။
နိုးစက်လဲ မပေးဘူး။ ပျင်းတယ်
ချော(အစိမ်းရောင်လွင်ပြင်) said...
ငယ်ငယ်တုန်းက အဖွားက မနက်စောစော စာထကျက်ဖို့ နိုးတိုင်း စိတ်ညစ်ညစ်နဲ့ အသံကျယ်ကြီး စာအော်ကျက်ခဲ့တာတွေ သတိရသွားပြီ။
လူကြီးတွေကတော့ မနက်ခင်း စာကျက်မှ ဦးနှောက်ကြည်တယ် ပြောကြတယ်... ဒါပေမဲ့ မနက်ခင်းက အေးတဲ့ရာသီများဆို ထဖို့ တကယ်ပျင်းတယ်နော်။ တော်သေးတယ် အသက်မြန်မြန်ကြီးသွားလို့ စောစောထပြီး စာမကျက်ရတော့ဘူး. ကောင်းလိုက်တား)
ဟန်နာ said...
@anonymous ဟုတ်လား..အမ ဒါဆိုတူတူပဲပေါ့ :D
@lucky and noblemoe ဟုတ်တယ်နော်..အဲ့ဒါကြောင့် နှိုးစက်သံဆို ကျယ်ပြီးကြည်လင်ရင်ပြီးရော.အထူး တလည် ရွေးမနေတော့ဘူးလေ :)
@khinmarlaraung ဟင်..နာရီမထားတော့ ဘယ်လိုထလဲ..အမရဲ့..
@ ပန်းနုနှင်းဆီ ဟီး အဲ့ဒါကြောင့်ပြောတာ . ည ဘက် ဥည့်နက်တဲ့ထိ စာကျက်တော့ မနက်ကို ဇိမ်နဲ့ အိပ်လို့ ရတယ်..မဟုတ်ရင် လုံးဝကိုထမကျက် ချင်ဘူး
@ ချော( အစိမ်းရောင်လွင်ပြင်) ဟုတ်လား အမရဲ့..စာထမကျက်ရပေမယ့် အလုပ်တော့ ထသွားရတယ်ဟုတ် :)
comment ပေးကြတဲ့ အမများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင် :)